ပြည်ပဧည့် သွားလာခွင့် ကန့်သတ် နယ်မြေများ ပြန်လည် စိစစ် ခွင့်ပြုပေးရန် ရှိဟု ပြည်ထောင်စု ဝန်ကြီးဆို

ပြည်ပဧည့် သွားလာခွင့် ကန့်သတ် နယ်မြေများ ပြန်လည် စိစစ် ခွင့်ပြုပေးရန် ရှိဟု ပြည်ထောင်စု ဝန်ကြီးဆို
January 19, 2017 Asian Fame

4:07 pm
ပြည်ပဧည့် သွားလာခွင့် ကန့်သတ် နယ်မြေများ ပြန်လည် စိစစ် ခွင့်ပြုပေးရန် ရှိဟု ပြည်ထောင်စု ဝန်ကြီးဆို

လင်းဟိန်း
ရန်ကုန်၊ ဇန်နဝါရီ ၁၃

ပြည်ပဧည့်များအား သွားလာခွင့် ကန့်သတ်ထားသည့်နယ်မြေများကို ပြန်လည်စိစစ်ကာခွင့်ပြုသွားမည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဦးကျော်ဝင်းက ပြောကြားခဲ့ကြောင်းသိရသည်။

ဇန်နဝါရီ ၁၃ ရက်တွင် ပြုလုပ်ခဲ့သည့် ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ ဆုံပွဲတွင် ကန့်သတ်နယ်မြေများအား ပြန်လည်ခွင့်ပြု ပေးရန် ခရီးသွားလုပ်ငန်းရှင်များက တင်ပြခဲ့ရာ ဝန် ကြီးက အထက်ပါအတိုင်း ပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာက ပြောသည်။

”အရင်ကဆိုရင် Package (ခရီးသွားလုပ်ငန်း များနှင့် ချိတ်ဆက်လာရောက်ခြင်း) အစီအစဉ်အနေ နဲ့ လုပ်လို့ရှိရင် ခွင့်ပြုချက်တောင်းခံပြီးတော့ ခရီးစဉ် ဆောင်ရွက်လို့ရတဲ့ အနေအထားရှိခဲ့ပါတယ်။ နောက် ပိုင်း ဒီဇင်ဘာလလယ်လောက်ကျတော့ ခရီးစဉ် ခွင့် ပြုမိန့်တင်တာကိုတောင် မတင်ပါနဲ့တော့ဆိုပြီး အမိန့် ထုတ်လိုက်တယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျွန် တော်တို့ ဒုသမ္မတနဲ့တွေ့တဲ့ပွဲမှာ တင်ပြပါတယ်။ အဲဒီတော့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ပြီးခဲ့တဲ့ သုံးလေးရက်က အစည်းအဝေးတစ်ခု နေပြည် တော်မှာ လုပ်ပါတယ်တဲ့။ အဲဒီလိုလုပ်တဲ့အခါမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်တွေကလည်း ဒေသအသီးသီးမှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ဆိုလို့ရှိရင် ဒီလိုမျိုး အတားအဆီး လုပ်ထားတဲ့၊ ခွင့်ပြုမိန့်တွေကို လျှောက်ထားခွင့် မပြုဘူးဆိုတဲ့ဟာမျိုး နောက်တစ်ခါ ခရီးစဉ်ဆောင်ရွက်ခွင့်မပေးဘူး ဆို လို့ ရှိရင်တော့ ဒေသဖွံ့ဖြိုးရေးအတွက် အခက်အခဲတွေရှိပါတယ်။ ဒါကြောင့် ပြန်လည်စိစစ်ပြီး ခွင့်ပြုပေးဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်” ဟု ၎င်းက ပြောသည်။

ပြည်ထဲရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)တို့က လုံခြုံရေးအရ ကန့်သတ်လိုက် သော နယ်မြေများစာရင်းကို ၂ဝ၁၆ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကန့်သတ်နယ်မြေများစာရင်းတွင် ကချင်ပြည်နယ်တွင် ပူတာအို၊ မချမ်းဘော၊ မန်စီ၊ မိုးမောက်၊ ဝိုင်းမော်၊ ဆွမ်ပရာဘွမ်၊ ဖားကန့်၊ ချီဖွေ၊ နောင်မွန်း၊ ဆော့လော် စသည့်မြို့နယ်များ၊ ကယားပြည်နယ်တွင် ဒီမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဖားဆောင်း၊ ဘော်လခဲ၊ မယ်စဲ့မြို့နယ်၊ ကရင်ပြည်နယ်တွင် ကော့ကရိတ်၊ ကျုံ ဒိုး၊ လှိုင်းဘွဲ့၊ သံတောင်ကြီး၊ ဘုရားသုံးဆူ၊ ဖာပွန်မြို့ နယ်များပါဝင်သည်။ ယင်းအပြင် တိုက်ပွဲများဖြစ်ပွားနေ သော ရှမ်းပြည်နယ်အတွင်းမှ မြို့နယ်များ၊ ရခိုင်ပြည် နယ်အတွင်းမှ ဒုက္ခသည်စခန်းများ၊ တနင်္သာရီတိုင်း ဒေသကြီးမှ မြို့နယ်များလည်း ပါဝင်ကြောင်းသိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*