ချင်းပြည်နယ် ကန်ပက်လက်တွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း စတင်

ချင်းပြည်နယ် ကန်ပက်လက်တွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း စတင်
January 19, 2017 Asian Fame

4:45 pm
ချင်းပြည်နယ် ကန်ပက်လက်တွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း စတင်

မေဇင်ဝင်း
ရန်ကုန်၊ ဇန်နဝါရီ ၁၃

ချင်းပြည်နယ်၊ ကန်ပက်လက် မြို့ရှိ ဆော်လောင်းကျေးရွာတွင် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (CBT) စတင်လုပ်ဆောင်ပြီ ဖြစ် ကြောင်း ပြည်နယ်အစိုးရ အဖွဲ့ထံ မှ သိရသည်။ ဆော်လောင်းကျေးရွာတွင် (CBT) ဖော်ဆောင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် Forever Top ခရီးသွားလုပ်ငန်းက အဓိကလုပ်ဆောင်ခြင်းဖြစ်ပြီး Action Aid ကလည်းပံ့ပိုးကူညီ ပေးကြောင်း သိရသည်။

ကန်ပက်လက် မြို့နယ်သို့လာ ရောက်လည်ပတ်ကြသော ကမ္ဘာလှည့်ခရီးသည်များ၊ ပြည်တွင်းဧည့်သည်များသည် ပင်လယ်ရေမျက် နှာပြင်အထက် (၁ဝ၅ဝဝ)ပေမြင့် သည့် ခေါနုစုမ်တောင်ကြောတစ် လျှောက် ငှက်မျိုးစိတ်၊ တွားသွား သတ္တဝါမျိုးစိတ်၊ နို့တိုက်သတ္တဝါ၊ လိပ်ပြာ၊ အခွံမာပိုးကောင်၊ အပင် မျိုးစိတ်၊ ရေညှိမျိုးစိတ်၊ သစ်ခွမျိုးစိတ် များစွာတို့ကိုလေ့လာနိုင်သည့်အပြင် ချင်းတိုင်းရင်းသားတို့၏ ဓလေ့ရိုးရာ အစဉ်အလာများကိုလည်း ဆော်လောင်းကျေးရွာတွင် လေ့လာ နိုင်မည်ဖြစ်ကြောင်း သိရသည်။

”ဧည့်သည်တွေ စလက်ခံနေပါပြီ။ CBT ကိုခုမှစလုပ်တာဆိုတော့ ဈေးကွက်ကိုတော့ကျွန်တော်တို့ ခန့်မှန်းလို့မရသေးပါဘူး”ဟု Forever Top ခရီးသွားလုပ်ငန်း မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်စိုးက ပြောသည်။ ဆော်လောင်းကျေးရွာတွင် CBT ဖော်ဆောင်ရန် ယမန်နှစ် မေလကတည်းက စတင်လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ဆန်း ပိုင်းတွင် CBT ဖွင့်ပွဲလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ လာရောက်လည်ပတ်ကြမည့် ဧည့်သည်များအတွက် ဒေသထွက် သစ်၊ ဝါး၊ ဓနိများဖြင့် ဆောက်လုပ် ထားသည့် ၂ ယောက်အိပ်တဲ အိမ် ၆ လုံး စီစဉ်ပေးထားပြီး ဧည့်သည် ၁၂ ဦးတည်းခိုနိုင်မည်ဖြစ်ကြောင်း သိရသည်။

”အိမ်တွေက တောင်ကမ်းပါး ယံမှာဆောက်ထားတယ်၊ မြို့နဲ့ ကလည်း ကားနဲ့ဆို ၁၅မိနစ်လောက်ပဲ မောင်းရတာဆိုတော့ ဧည့်သည် တွေအတွက်လည်း အဆင်ပြေ တယ်။ တိုင်းရင်းသား ဒေသခံတွေ ရဲ့ အစားအစာ၊ ယဉ်ကျေးမှု ဓလေ့ ထုံးစံတွေလည်း လေ့လာနိုင်တာပေါ့” ဟု ချင်းပြည်နယ် စည်ပင်သာ ယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှု ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည် ကချင်ပြည်နယ် အင်းတော်ကြီးအိုင်ဝန်းကျင်ရှိ ကျေးရွာများ၊ ကယားပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ကျေးရွာ ၂ ရွာ၊ ကရင်ပြည်နယ် သံတောင်ကြီး၊ ရှမ်းပြည်နယ် ပအိုဝ်းဒေသရှိ ကျေး ရွာ ၂ ရွာ၊ မကွေးတိုင်းမြိုင်မြို့နယ် ရှိ ကျေးရွာအချို့နှင့် မန္တလေးတိုင်း ရှိ မင်းကွန်းနှင့် ကျောက်မြောင်းကြား ရှိ ကျေးရွာများတွင် လူထုအခြေ ပြု ခရီးသွားလုပ်ငန်းများ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*