ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာမြို့ဟောင်းအတွင်း ဆင်စီး၍ လေ့လာနိုင်ပြီ

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာမြို့ဟောင်းအတွင်း ဆင်စီး၍ လေ့လာနိုင်ပြီ
January 19, 2017 Asian Fame

4:39 pm
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာမြို့ဟောင်းအတွင်း ဆင်စီး၍ လေ့လာနိုင်ပြီ

mayzin

ဝေရှိုင်းကျော်
ရန်ကုန်၊ ဇန်နဝါရီ ၁၃

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်းသို့လာရောက်သော ပြည်တွင်းပြည်ပ ဧည့်များဆင်စီး၍ မြို့တွင်းလှည့် လည်လေ့လာနိုင်ရန် ယခုနှစ်ဆန်း ပိုင်းမှ စတင် လုပ်ဆောင်ပေးနေကြောင်း သိရသည်။ ထိုသို့ လှည့်လည်လေ့လာနိုင် ရန် ခရီးတိုသုံးခုနှင့် ခရီးရှည်တစ် ခုစီစဉ်ထားပြီး ခရီးသွားများ ရှေး ဟောင်းအမွေအနှစ်များကို လေ့ လာထိန်းသိမ်းတတ်စေရန်နှင့် ပြည် တွင်း ဝင်ငွေတိုးပွားစေရန် ရည် ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြည်ဆင်စခန်းမှ လက်ထောက်မန်နေဂျာ ဦးအောင်နိုင်စိုးကပြောသည်။

ခရီးစဉ်များအနေဖြင့် သရေခေတ္တရာပြတိုက်မှ ဆင်ဖြူကန်၊ ဆင်ချီတိုင်ဘုရား၊ နန်းဦးစေတီ၊ နန်းမြို့ရိုး၊ နန်းတော်ရာသို့လည်း ကောင်း၊ ပြတိုက်မှ ဆင်ဖြူကန်၊ ဘုရားထောင်ဘုရား၊ ထူပါရုံ ကျောက်ချပ်ရုံသို့ လည်းကောင်း၊ ရဟန္တာကန်၊ ရဟန္တာဂူဘုရား၊ ဘော ဘောကြီးဘုရား၊ ဘဲဘဲဂူဘုရား၊ လေးမျက်နှာဘုရား၊ ရဟန္တာကန် စသည်တို့ကို ခရီးတိုအဖြစ်လေ့ လာနိုင်မည်ဖြစ်ပြီး ခရီးရှည်တွင် ပြတိုက်မှ နန်းတော်မြို့ရိုး၊ နန်း တော်ရာ၊ ကန်ဖျားကန်၊ ဆင်ကျုံး၊ သောင်းပြည့်ကုန်း၊ ကြာကန်ပေါက်၊ ဘဲဘဲဂူဘုရား၊ ဘောဘောကြီးစေ တီ၊ ရဟန္တာကန် စသည်တို့ကို လေ့ လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆင်များဖြင့် လှည့်လည်ရာတွင် ကားလမ်း၊ လှည်းလမ်းနှင့် ဆိုင်ကယ်လမ်းများ မပေါက်သေး သောနေရာများကိုပါ လှည့်လည် လေ့လာနိုင်ရန် စီစဉ်ထားကြောင်း၊ဆင်များဖြင့် လှည့်လည် လေ့လာ နိုင်ရေးအတွက် ပြည်မြို့ရှေးဟောင်း သုတေသနအမျိုးသားပြတိုက်ဦး စီးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

”ဆင်တစ်ကောင်ကို လူနှစ်ဦး စီတင်ပြီးသွားမှာဖြစ်ပါတယ်။ ပြည်ပ ဧည့်များအတွက်ကတော့ နှစ် ယောက်ပဲ စီးနိုင်မှာဖြစ်ပါတယ်။ပြည်တွင်း ဧည့်သည်အနေနဲ့ လူ ကောင်သေးရင်တော့ သုံးယောက် လောက်ခေါ်မှာဖြစ်ပါတယ်။ တချို့ က ကလေးတွေပါတော့ သုံးယောက် ဖြစ်သွားနိုင်ပါတယ်။ သတ်မှတ် ထားတာကတော့ နှစ်ယောက်သတ် မှတ်ထားပါတယ်” ဟု ၎င်းကပြော သည်။ အဆိုပါ ခရီးစဉ်များကို လေ့လာ လည်ပတ်ကြည့်ရှုရာ၌ ခရီးတိုအတွက် ပြည်တွင်းခရီးသွား တစ်ဦးလျှင် ၅ဝဝဝ ကျပ်၊ ပြည်ပဧည့် တစ်ဦးလျှင် ၂ဝဝဝဝ ကျပ်နှင့် ခရီး ရှည်အတွက် ပြည်တွင်းဧည့်သည် တစ်ဦးလျှင် ၂ဝဝဝဝ ကျပ်နှင့် ပြည်ပဧည့်တစ်ဦးလျှင် ၅ဝဝဝဝ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်းမြို့များကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသများအဖြစ် ၂ဝ၁၄ ခုနှစ် ဇွန်လအတွင်းက ကာ တာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပ သော ယူနက်စကိုအဖွဲ့၏ နှစ်ပတ် လည်ညီလာခံတွင် အဖွဲ့ဝင်နိုင်ငံများက အတည်ပြုသတ်မှတ်ပေးခဲ့ ခြင်းဖြစ်သည်။
သရေခေတ္တရာ မြို့ဟောင်းတွင် ဆင်စီး၍လေ့လာလိုသူပြည်တွင်းပြည်ပဧည့်များသည် ဖုန်း – ဝ၉ ၄၂၃၆၇၈၃၃၁ သို့ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*