ရွှေလင်ဗန်း စက်မှုဇုန်ရှိ စက်ရုံအချို့၏အဝင်ဂိတ်များရှေ့တွင်တဲများဆောက်၍ ပိတ်ဆို့ပြီး ကရုဏာကြေး တောင်းမှုများ ရှိနေ

ရွှေလင်ဗန်း စက်မှုဇုန်ရှိ စက်ရုံအချို့၏အဝင်ဂိတ်များရှေ့တွင်တဲများဆောက်၍ ပိတ်ဆို့ပြီး ကရုဏာကြေး တောင်းမှုများ ရှိနေ
January 18, 2017 Asian Fame

12:07 pm
ရွှေလင်ဗန်း စက်မှုဇုန်ရှိ စက်ရုံအချို့၏အဝင်ဂိတ်များရှေ့တွင်တဲများဆောက်၍ ပိတ်ဆို့ပြီး ကရုဏာကြေး တောင်းမှုများ ရှိနေ

မှူးအိမ်ဇော်
ရန်ကုန်၊ ဇန်နဝါရီ ၁၇

ရွှေလင်ဗန်းစက်မှုဇုန် အတွင်း ရှိ စက်ရုံအချို့ရှေ့တွင် အဝင်လမ်းများကို တဲဆောက်ပိတ်ဆို့၍ ငွေ ကြေးတောင်းခံမှုများကြောင့် စက် ရုံအချို့ လုပ်ငန်းရပ်ဆိုင်းကာ ကြီး မားသည့်စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကြောင်း ဇုန်လုပ်ငန်းရှင်များထံမှ သိရသည်။

အဆိုပါ ပိတ်ဆို့သူများသည် စက်မှုဇုန်မြေကွက်အမှတ် (၄၂၆+ ၄၂၇+၄၂၈+၄၂၉)နှင့် (၈၅) တို့၏စက်ရုံအဝင်အထွက် ဂိတ်ဝများ တွင် ပိတ်ဆို့ထားခြင်းဖြစ်ပြီး မြေ ကွက်များသည် ၎င်းတို့၏လယ်ယာ မြေများဖြစ်သည်ဟုဆိုကာ ကရုဏာကြေး ကျပ်သိန်း ၂ဝဝ စီတောင်းခံမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ဇုန် ကော်မတီအနေဖြင့် အမြန်ဆုံးဖယ် ရှားပေးရေး ညွှန်ကြားချက်ထုတ် ပြန်ပြီးသော်လည်း ဂိတ်ဝများအား ဆက်လက်ပိတ်ဆို့ထားသောကြောင့် လုပ်ငန်းများအခက်အခဲ ကြုံနေရ ခြင်းဖြစ်သည်။ အဆိုပါပိတ်ဆို့ခံ စက်ရုံမြေများသည် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနမှ ရောင်းချသော တရားဝင်ငွေသွင်း ဝယ်ယူထားသော စက်ရုံမြေများဖြစ်ပြီး သိမ်းယူထားသော မြေများမဟုတ်ကြောင်း ဇုန် စီမံခန့်ခွဲရေးကော်မတီမှသိရပြီး ထိုသို့ တောင်းခံမှုများနှင့်ပတ်သက် ၍ ထိရောက်စွာကိုင်တွယ်စေလို ကြောင်း ပြောသည်။

”အခု ဒီကိစ္စကို ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ရဲက အာမခံပေးထားပါတယ်။ သူတို့က နေမြဲနှောင့်ယှက်မြဲပါ။ အခု ဘာမှဆက် လုပ်လို့မရပါဘူး။ အလုပ်တွေ အား လုံး ရပ်ထားရပါတယ်။ သူတို့က ကရုဏာကြေးပေးပါ ပြောပါတယ်။ ဒီကိစ္စဟာ ကျူးကျော်လည်းမဟုတ် ပါဘူး။ စက်မှုဇုန်ထဲမှာ ဒီလို တရား ဥပဒေမဲ့လုပ်ရပ်တွေ အမှုတွေ အများကြီးနဲ့ စိန်ခေါ်မှုတွေ အများကြီးပါ။ ဒီလိုပိတ်ဆို့မှုတွေကြောင့် လုပ်ငန်းတွေ ရပ်ဆိုင်းပြီး စက်ယန္တ ရားကြီးတွေ ငှားရမ်းစရိတ်တွေ နေ့စဉ်ပေးချေနေရတဲ့ လုပ်ငန်းရှင် တွေ ဒုက္ခရောက်နေပါတယ်။ လုံခြုံ ရေးအဖွဲ့ ငှားရမ်းပြီးလုပ်ကိုင်ဖို့ အ ကြံပြုတော့လည်း လုံခြုံရေးအဖွဲ့တာဝန်ယူလို့ မရလောက်အောင် အုပ်စုဖွဲ့ ခြိမ်းခြောက်ရန်ပြုနေလို့ မည်သူမှ မဝင်ရဲ မထွက်ရဲ ဖြစ်နေပါတယ်”ဟု ရွှေလင်ဗန်းစက်မှုဇုန် စီမံခန့် ခွဲရေးကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောသည်။

စက်မှုဇုန် စီမံခန့်ခွဲရေးကော် မတီအနေဖြင့် ပိတ်ဆို့သူများအား အမှန်တကယ်နစ်နာမှုရှိပါက သက် သေအထောက်အထားများနှင့်တ ကွ တင်ပြရန်နှင့် သက်ဆိုင်ရာ တရားဝင်လမ်းကြောင်းမှ တရား ဝင်တောင်းခံရန် ညှိနှိုင်းပေးခဲ့သော်လည်း ပိတ်ဆို့ထားမြဲသာဖြစ်ကြောင်း သိရသည်။ပိတ်ဆို့သူ တစ်ဦးဖြစ်သည့် ဒေါ်စန်းသောင်းကမူ ၎င်းတို့အနေ ဖြင့် ကရုဏာကြေးကျပ်သိန်း ၂ဝဝ ရရှိမှသာ ပိတ်ဆို့မှုအား ဖျက်သိမ်း ပေးမည်ဟုပြောဆိုခဲ့ပြီး ၎င်းတို့အနေဖြင့် စာရွက်စာတမ်းအထောက် အထားများမရှိကြောင်း သတင်း မီဒီယာများအား ဖြေကြားထား သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပိတ်ဆို့ခံ စက်ရုံပိုင်ရှင်တစ်ဦးဖြစ်သည့် ဦးထွန်းထွန်းနိုင်ကမူ ”ဒီလို ပိတ်ဆို့မှုတွေဟာ စက်ရုံတွေ လည် ပတ်နေတာကို နစ်နာစေပါတယ်။ သူတို့တောင်းဆိုတဲ့ ပိုက်ဆံ ကျွန် တော်တို့က ပေးလိုက်ရင်တောင် သူတို့နောက်တစ်နေရာ သွားလုပ် ဦးမှာပဲ။ ပြီးတော့ ပေးစရာလည်း မလိုဘူးလေ။ ဒီစက်မှုမြေတွေဟာ အစိုးရရဲ့စီမံကိန်းမြေထဲက တရားဝင် ဂရန်ထွက်ပြီးသားလေ” ဟု ပြောသည်။ ပိတ်ဆို့မှုများတွင် မြေကွက် အမှတ် (၄၂၆+ ၄၂၇+၄၂၈+၄၂၉) ရှိ စက်ရုံကိုပိတ်ဆို့ခံထားရသည်မှာ တစ်လကျော်ခန့်ကြာမြင့်နေပြီး မြေကွက်အမှတ် (၈၅) ရှိ စက်ရုံကို ပိတ်ဆို့ခံထားရသည်မှာ ၅ ရက်ခန့်ရှိနေကာ လုပ်ငန်းများ ရပ် ဆိုင်းထားရကြောင်းနှင့် အဆိုပါ စက်ရုံ အလုပ်သမားများကလည်း ဆန္ဒထုတ်ဖော်မှုများ ရှိနေကြောင်း ဇုန်တာဝန်ရှိသူများထံမှ သိရသည်။ထိုကဲ့သို့ ပိတ်ဆို့မှုများနှင့် ပတ်သက်၍ အစိုးရနှင့် တာဝန်ရှိ သူများ ဖြေရှင်းပေးနိုင်ခြင်းမရှိပါ က စက်ရုံလုပ်ငန်းများ ရပ်ဆိုင်းမှု ဖြစ်ပေါ်နိုင်ပြီး ရင်းနှီးမြှုပ်နှံလိုသူ များကို ထိခိုက်နစ်နာမှုများဖြစ်ပေါ် စေနိုင်ကြောင်း စက်မှုလုပ်ငန်းရှင်များက သုံးသပ်နေကြသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*