ဒေါ်အောင်ဆန်းစုကြည် ကို အကယ်ဒမီပေးပွဲ တက်ရောက် ချီးမြှင့်ရန် ဖိတ်ကြားမည်

ဒေါ်အောင်ဆန်းစုကြည် ကို အကယ်ဒမီပေးပွဲ တက်ရောက် ချီးမြှင့်ရန် ဖိတ်ကြားမည်
January 18, 2017 Asian Fame

3:11 pm
ဒေါ်အောင်ဆန်းစုကြည် ကို အကယ်ဒမီပေးပွဲ တက်ရောက် ချီးမြှင့်ရန် ဖိတ်ကြားမည်

4_9(ရန်ကုန်၊ ဇန်နဝါရီ ၁၆)

၂ဝ၁၆ ခုနှစ် အတွက် ပြုလုပ် မည့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲ တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို အထူး ဖိတ်ကြား သွားမည်ဟု သိရသည်။

”အမေစုက အလုပ်များတဲ့ နိုင်ငံ့ခေါင်းဆောင် တစ်ယောက် ဆိုတော့ သူတက်ရောက်နိုင်မယ် လို့ ကျွန်တော် တပ်အပ် မပြောနိုင် ပေမယ့် သူ့ကို ရိုသေလေးစားမှု တစ်ခုတည်း နဲ့ ကြိုတင်ပြီးတော့ ဖိတ်ကြားသွားမှာပါ”ဟု မြန်မာ နိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း က ပြောသည်။

ယခင်နှစ်က ကျင်းပခဲ့သည့် အကယ်ဒမီ ထူးချွန်ဆုပေးပွဲ တွင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက် ရောက်နိုင် ခဲ့ခြင်း မရှိသော်လည်း သဝဏ်လွှာ ပေးပို့ခဲ့ပြီး NLD နာ ယက သူရဦးတင်ဦး တက်ရောက် ချီးမြှင့်ခဲ့သည်။

”အမေစု တက်ရောက်ခဲ့ရင် တော့ ကျွန်တော်တို့ လောကသား တွေအတွက် တကယ့်ကို ဂုဏ်ယူ စရာပါ။ ဒါပေမယ့် အခု သူ လုပ် ဆောင်နေရတဲ့ တိုင်းပြည်အရေး ကိစ္စတွေက ကျွန်တော်တို့ အသိ ဆုံးပါ” ဟု ဦးလူမင်းက ပြော သည်။

၂ဝ၁၆ ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ၂ဝ၁၇ ခုနှစ် မတ်လတွင် ကျင်းပမည် ဖြစ်ပြီး ကျင်းပမည့် နေ့ရက်နှင့် နေရာကို ဇန်နဝါရီ နောက်ဆုံးပတ် တွင် အတည်ပြု သွားမည်ဟု သိရ သည်။

”ရက်စွဲကတော့ မတ်လ ၁၈ ရက်နေ့ (သို့မဟုတ်) ၁၉ ရက်နေ့ မှာ ကျင်းပမယ်။ နေရာကိုတော့ အစည်းအဝေး ပြန် ထိုင် ပြီးတော့ ရွေး ချယ်ပြီးရင် လိုအပ်တာတွေ စတင် ပြင်ဆင်တော့မယ်” ဟု ၄င်းက ပြောသည်။

ယခင်နှစ် များတွင် တစ်နှစ် အတွင်း အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကားမှာ ၁၇ ကား၊ ၁၈ ကားခန့်သာ ရှိပြီး ယခုနှစ်တွင် အကယ်ဒမီ စာရင်းဝင် ရုပ်ရှင် ဇာတ်ကားမှာ စံချိန်တင်သွား ကြောင်း သိရသည်။ လက်ရှိ အကယ်ဒမီ စာရင်းဝင်ထားသော ရုပ်ရှင် ဇာတ်ကား ၂၈ ကားအား အကယ်ဒမီ အကဲဖြတ် စိစစ်ရေး အဖွဲ့ဝင်များမှ စိစစ် အကဲဖြတ် နေပြီဖြစ်ကြောင်း သိရသည်။

”စိစစ် အကဲဖြတ်တာက တော့ ဒီလ ၁၁ ရက်နေ့ဆို အား လုံးပြီးပြီ။ အထူးဆု ပါဝင်မယ်၊ မပါဝင်ဘူးကတော့ အကဲဖြတ်ဒိုင် တွေပဲ ဆုံးဖြတ် ထားတာပါ။ သူတို့ရွေးချယ်မှုပါ” ဟု ၄င်းက ပြောသည်။

၂ဝ၁၆ ခုနှစ် အကယ်ဒမီ ထူး ချွန် ဆုပေးပွဲ နဲ့ပတ်သက်၍  ယခင် နှစ်ကဲ့သို့ မဟုတ်ဘဲ ဝေဖန်မှု နည်းနိုင်သမျှ နည်းအောင် ပြင်ဆင် ထားကြောင်း ၄င်းကပြောသည်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*