မလေးရှားရောက် မြန်မာများတိုက်ခိုက်ခံရမှု သံယယရှိသူစာရင်းတွင် မြန်မာနိုင်ငံသားအချို့ပါနေ

မလေးရှားရောက် မြန်မာများတိုက်ခိုက်ခံရမှု သံယယရှိသူစာရင်းတွင် မြန်မာနိုင်ငံသားအချို့ပါနေ
January 18, 2017 Asian Fame

2:17 pm
မလေးရှားရောက် မြန်မာများတိုက်ခိုက်ခံရမှု သံယယရှိသူစာရင်းတွင် မြန်မာနိုင်ငံသားအချို့ပါနေ

ရဲလွင်
ရန်ကုန်၊ ဇန်နဝါရီ ၁၆

မလေးရှားတွင်မြန်မာလုပ်သားများ အုပ်စုဖွဲ့တိုက်ခိုက်သတ်ဖြတ်ခံရသောအမှုမှ သံသယရှိသူ ၁၅ ဦးကိုဖမ်းဆီးထားပြီး ထိုထဲတွင် မြန်မာနိုင်ငံသားအချို့ပါ ပါဝင်နေ သည်ဟု The Sun Daily သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်းက မလေးရှားနိုင်ငံ စလန်းဂေါ ပြည်နယ်ဆာဒန်းအရပ်ရှိ ELECOL SWITHCHGEAR SDN BHD စက်ရုံတွင်လုပ်ကိုင်နေသော မြန်မာ လုပ်သား ၁၅ ဦး အချိန်ပိုအလုပ်ဆင်းပြီး အဆောင်သို့အပြန်လမ်းတွင်ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ တိုက်ခိုက်ခံရမှုမှ သံသယရှိသူ ၁၅ ဦး ကို ဖမ်းဆီးထားပြီး လူသတ်မှုပုဒ်မ ၃ဝ၂ နှင့်ရမန်ယူကာစုံစမ်းစစ်ဆေး လျက်ရှိသည်ဟုဇန်နဝါရီ ၁၃ ရက် နေ့ထုတ် The Sun Daily သတင်းစာတွင် ဖော်ပြထားသည်။

သံသယရှိသူများသည်အသက် ၁၉ နှစ်မှ ၅ဝ ကြားဖြစ်ပြီး မြန်မာ နိုင်ငံသားများနှင့် မလေးရှားနိုင်ငံသားများပါဝင်နေကြောင်း စလန်းဂေါပြည်နယ် ရာဇဝတ်မှုစုံစမ်းစစ် ဆေးရေးဌာန၏ အကြီးအကဲဖြစ်သူ SAC Fadzil Ahmat ကပြော ကြားခဲ့သည်ဟု ဖော်ပြထားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အလုပ်သမား၊ လူဝန်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှရွှေ့ပြောင်းလုပ်သားရေး ရာဌာနညွှန်ကြားရေးမှူးဦးသိန်းဝင်းကို ပေါ်ပြူလာနယူးစ်ကဆက်သွယ်မေးမြန်းခဲ့ရာ ”ကျွန်တော်တို့ လည်း သတင်းတွေတွေ့နေရတယ်။ နောက်ဆုံးအခြေအနေကတော့ သံရုံးဘက်က တက်မလာသေးဘူး။ ဒီအမှုနဲ့ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာသံရုံးကနေ အမှုမှန်ပေါ်ပေါက်အောင် လိုက်လုပ်နေပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိ ယင်းဖြစ်စဉ်မှ တိုက် ခိုက်ခံရသူ မြန်မာအလုပ်သမားတစ်ဦးမှာ ဆေးရုံမှဆင်း၍ မူလအလုပ်တွင် ဆက်လက်လုပ်ကိုင် နေပြီဖြစ်ကြောင်းအလုပ်သမား ဝန်ကြီးဌာနမှ သိရသည်။ ဇန်နဝါရီလ ၅ရက်နေ့ဖြစ်စဉ်တွင် တိုက်ခိုက်ခံရသော မြန်မာလုပ်သား ၁၅ဦးအနက် ၄ဦးမှာ အခင်းဖြစ်နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီးတစ်ဦးမှာဆေးရုံအရောက်တွင် သေ ဆုံးခဲ့ခြင်းဖြစ်သည်။ ယင်းအတွက် အဆိုပါလုပ်သားများ၏ လုံခြုံရေးအခြေအနေနှင့်ပတ်သက်၍ မလေးရှား အာဏာပိုင်အဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှသိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*