ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) တွေ့ဆုံ

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) တွေ့ဆုံ
January 18, 2017 Asian Fame

11:50 am
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) တွေ့ဆုံ

Yan Yee Lee(Kyaw Kyaw-af)

လင်းဟိန်း
ရန်ကုန်၊ ဇန်နဝါရီ ၁၇

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့ အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) တွေ့ဆုံရာတွင် မြန်မာ သတင်းလောက၏ အခက်အခဲများကို တင်ပြခဲ့ကြောင်း သိရသည်။

MPC တွဲဖက်အထွေထွေ အတွင်းရေးမှူး ၂ ဦးကျော်စွာမင်းက ”သူက သတင်းသမားတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ယူလာပါတယ်။ မနက်ဖြန်မှာ ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့မယ် ပြောတယ်။ တွေ့တဲ့အခါ တင်ပြနိုင် အောင် ကျွန်တော်တို့က သတင်း သမားတွေရဲ့ ပကတိအခြေအနေတွေကို တင်ပြလိုက်ပါတယ်” ဟု ပြောသည်။ မစ္စ ယန်ဟီးလီက မြန်မာနိုင်ငံသတင်းလွတ်လပ်ခွင့် အခြေအနေ နှင့် လက်ရှိ ကြုံနေရသည့် မှုခင်း အခြေအနေများကို မေးမြန်းပြီး ယင်းအခြေအနေများအပေါ် မြန် မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဆောင်ရွက်ပေးနိုင်သည့် အခြေအနေများကိုလည်း မေးမြန်းခဲ့ကြောင်း MPC ၏ အတွင်းရေးမှူး ဦးသီဟစောက ပြောသည်။

”အဲဒါတွေကို ကျွန်တော်တို့က လည်း လုပ်ထားတဲ့ ဟာတွေကို ပြောလိုက်ပါတယ်။ ဟိုတလောကလုပ်တဲ့ မဏ္ဍိုင်ကြီး လေးရပ်ဆွေးနွေးပွဲက ရတဲ့ရလဒ်တွေကို ပြန် ပြောလိုက်ပါတယ်” ဟု ၎င်းက ပြောသည်။ ပုဒ်မ ၆၆ (ဃ) နှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ အမြင်များကိုလည်း တင်ပြ ခဲ့ကြောင်း ၎င်းကပြောသည်။

”ဒီ ၆၆(ဃ) က အစိုးရသော် လည်းကောင်း၊ အာဏာရှိသူက သော်လည်းကောင်း၊ အင်အားရှိ သူကသော်လည်းကောင်း၊ လက် နက် ကိရိယာတစ်ခုလို သုံးပြီးတော့ မီဒီယာကို နှိပ်ကွပ်တယ်။ ဥပဒေ ပြင်လိုက်ရုံမကဘဲနဲ့ အခြား တရားစီရင်ရေးတို့၊ ရှေ့နေချုပ်ရုံးတို့ သူ တို့ရဲ့ သဘောထားနဲ့ လုပ်ပုံကိုင်ပုံကိုလည်း ပြင်သင့်ပါတယ်။ ဒါကို ကွက်ပြီး ပြင်ရုံနဲ့ ပြီးမယ်လို့ မထင်ဘူး။ ဒီတုတ်မရှိရင်လည်း အခြား တုတ်နဲ့ ရိုက်လို့ရတာပဲ”ဟု ၎င်းက ပြောသည်။ မစ္စယန်ဟီးလီသည် သတင်း မီဒီယာကောင်စီ အဖွဲ့ဝင်များနှင့် ဇန်နဝါရီ ၁၇ ရက်တွင် ရန်ကုန် မြို့၌ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

၎င်းသည် လူ့အခွင့်အရေးဆိုင်ရာများကို လေ့လာရန်အတွက် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၉ ရက် နေ့တွင် ရောက်ရှိလာပြီး ကချင်ပြည်နယ်သို့ သွားရောက်ခဲ့သည်။ ယင်းအပြင် ဇန်နဝါရီ ၁၃ ရက် နေ့တွင် ရန်ကုန်မြို့ရှိ လူ့အခွင့်အရေးကော်မရှင်၊ အင်းစိန်အကျဉ်းထောင်တို့ကို သွားရောက်ခဲ့ကာ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တောနှင့် စစ်တွေအကျဉ်းထောင်တို့သို့လည်း သွားရောက်ခဲ့သည်။ သူသည် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နေပြည်တော်၌ ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် ဖြစ်ပြီး ဇန်နဝါရီလ ၂ဝ ရက်နေ့ တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဟု သိရသည်။ မစ္စယန်ဟီးလီသည် မြန်မာ နိုင်ငံ၏လူ့အခွင့်အရေး အခြေအနေများကိုလာမည့်မတ်လအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစာတင်သွင်းရမည် ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*