အချိန်တစ်ခု ပေးပြီးရင် နိုင်ငံခြားမှာ လိုမျိုး ကားပေါ်ကို အေးအေးဆေးဆေး တက်စီးနိုင်မယ့် အခြေအနေ ရောက်မယ်လို့ ယုံကြည်တယ်

အချိန်တစ်ခု ပေးပြီးရင် နိုင်ငံခြားမှာ လိုမျိုး ကားပေါ်ကို အေးအေးဆေးဆေး တက်စီးနိုင်မယ့် အခြေအနေ ရောက်မယ်လို့ ယုံကြည်တယ်
January 18, 2017 Asian Fame

3:37 pm
အချိန်တစ်ခု ပေးပြီးရင် နိုင်ငံခြားမှာ လိုမျိုး ကားပေါ်ကို အေးအေးဆေးဆေး တက်စီးနိုင်မယ့် အခြေအနေ ရောက်မယ်လို့ ယုံကြည်တယ်

perspectiveဇန်နဝါရီလ ၁၆ ရက်မှစ၍ ရန်ကုန်မြို့တွင် သယ်ယူပို့ဆောင်ရေး စနစ်သစ် စတင် ကျင့်သုံးပြီဖြစ်သည်။ စစချင်းရက်မှာ ပင် ကားများ ကျပ်လွန်းခြင်း၊ ယာဉ်ကြော ပိတ်ဆို့မှုကြောင့် အချိန်ကြန့်ကြာခြင်း စသည့်အသံများ ကြားနေရသည်။ ထို့ကြောင့် ရန်ကုန်အများပိုင် ဘတ်စ် ကားစနစ်နှင့် ပတ်သက်၍ ရုပ်ရှင် နယ်ပယ်မှ လူအချို့၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

စိုင်းအောင်တင့်

ဦးစိုင်းတို့က ဘတ်စ်ကားလည်း စီးနေတော့ ဘတ်စ်ကား အပြောင်း အလဲဖြစ်တဲ့အခါမှာ အခက်အခဲ တော့ တွေ့တာပေါ့။ ဒီမှာက အခြေ ခံ လူတန်းစား များတယ်လေ။ ကား မလုံလောက်တာ တို့လည်း ဖြစ်လာ တယ်။ ဒီနေ့ဆို ကားဂိတ်တိုင်း ကားဂိတ်တိုင်းမှာ လူတွေပုံနေတာ ပဲ၊ ကားပေါ်မှာလည်း လူတွေကျပ် နေတာပဲ။ အလုပ်ကတော့ လူတိုင်း သွားရတာကိုး။ သုံးလေးရက်က တော့ သည်းခံကြပါလို့ ပြောချင် တယ်။ ဦးစိုင်းလည်း သည်းခံနေပါ တယ်။ ဒါက နောင်လာမယ့် မျိုးဆက်တွေ အတွက်ပဲ။ အစဆို တော့တချို့ကကား အပြောင်း အလဲ ဖြစ်တော့ ဘာစီးလို့ စီးရမှန်းမသိကြ ဘူး။ မေးပါ၊ မေးလို့မှားတာ မရှိဘူး။ လုပ်အားပေးတွေလည်း ထားပေး တယ်။ အခု ပရဟိတ လုပ်တဲ့ လူတွေ ကလည်း သူတို့ကိုယ်တိုင် စာရွက်ကြည့်ပြီးတော့ ပြောပြနေပါ တယ်။ ဒါ အပြောင်းအလဲ တစ်ခုမှာ ကြုံတွေ့ရတဲ့ မဆိုစလောက် အခက် အခဲလေးပါ။ ဒီလို အပြောင်းအလဲ တွေ မတွေ့တာကြာလှပြီ။ ဆိုဆဲ အပြစ်တင် တာတွေ က ပြဿနာ ကို ဖြေရှင်းတာ မဟုတ်ဘူး။ လုပ်တဲ့ သူတွေမှာလည်း မလုံလောက်မှု ကြားကနေ လုပ်နေကြတယ်။ ဒီစနစ်ကို အခုမှ မပြောင်း လဲရင် ခေတ်တွေ ဘယ်လိုပဲ ပြောင်းလဲ တိုးတက်လာလာ ကြန့်ကြာခဲ့မှာပဲ။ ကောင်းတဲ့ဘက် ကို ဦးတည်တာ ဖြစ်တဲ့အတွက် သည်းခံ ကြပါ။ စိုင်း အောင်တင့်လည်း သည်းခံပါတယ်။

ဦးစန်းလွင်

ကျွန်တော်တို့က ဘတ်စ်ကား ကို ကိုယ်ပိုင်ကား လို စီးနေကြတဲ့ သူတွေပါ။  ဒီ ဘတ်စ် မရှိရင် လိုရာ ခရီးကို လမ်းလျှောက်ရမှာပဲ။  Taxi  ချည်းပဲ လည်း မစီးနိုင်ဘူး။ အခု ပြောင်းတော့မယ် ပြောက တည်းက လိုက်စုံစမ်းတယ်။ ကား မှတ်တိုင်တွေမှာ လိုက်ကပ်ပေးတဲ့ စာကို သေချာဖတ်ထားတယ်။ မစီး ခင်ကတည်းက လေ့လာ ထားတော့ အခုအဆင်ပြေတယ်။ တောင်ဥက္က လာပကနေ သန်လျင် သွားမယ်ဆို ကားက ၂ ဆင့်စီးရတယ်။ ပိုက်ဆံ လည်း တစ်ရာ နှစ်ရာပဲ ပိုကုန်တယ် အများကြီး ပိုမကုန်ပါဘူး။ ဒါကို မပြောင်းလဲဘဲ ဆက်ထားရင် မလိုအပ်တဲ့ ပြဿနာတွေ ထပ်ဖြစ် လာမှာ။ အခု စပါယ်ယာတွေ ကိစ္စ လည်း တဖြည်းဖြည်း လျော့နည်း သွားမှာပါ။ ကျွန်တော်တို့လည်း ဘတ်စ်စီးတဲ့ ပြည်သူတွေပဲ ဆို တော့ အခက်အခဲတွေ နားလည်ပါ တယ်။ ဒီတစ်ပတ် ဆယ်ရက်လောက် ကတော့ အရင်ကထက် ကြိုထွက်ပါ။ နောက်တော့ အဆင်ပြေသွားမှာ ပါ။ ကျွန်တာ် ကတော့ ကြိုဆိုတယ်။

ဒေါင်းဝေ

ဒီလို အပြောင်းအလဲ တစ်ခုကို လုပ်ကို လုပ်ရမယ်လို့ ဖြစ်လာပြီဖြစ် တဲ့ အတွက် လုပ်သင့်တာကို လုပ် တာပါ။ နိုင်ငံတကာလို ဖြစ်ချင်ပေ မယ့် ချက်ချင်း မဖြစ်နိုင်သလို မဖြစ် နိုင်ဘူးလည်း မရှိဘူး။ အဲဒီ အတွက်ကြောင့် တဖြည်းဖြည်းနဲ့ အဆင်ပြေသွားမှာပါ။ ကျွန်တော် တို့လည်း ပါဝင် ကူညီပေးဖို့ အဆင် သင့်ပါပဲ။

အခု လတ်တလော ကတော့ အခက်အခဲတွေ ကြုံနေတော့ အပြစ်တင်တာတွေ ရှိမှာပါ။ အတူ လက်တွဲပြီး လုပ်ဆောင်မယ် ဆိုရင် ကျွန်တော် တို့မျှော်လင့်တဲ့ စည်း ကမ်းရှိတဲ့ နိုင်ငံ တစ်နိုင်ငံကို ရရှိ မှာပါ။  အားလုံးက ပူးပေါင်းပါဝင် မယ်ဆို ပိုပြီး တိုးတက်မြန်မယ်။ ငြင်းခုံ အပြစ်တင် အချိန်ကုန်မယ့် အစား ဝိုင်းဝန်းကူညီ လုပ်ဆောင် သင့်ပါတယ်။ အားလုံးက တက်ညီ လက်ညီနဲ့ ကိုယ့်အသိ စိတ်ဓာတ် ကိုယ်စီ နဲ့လုပ်မယ်ဆို အဆင်ပြေ သွားမှာပါ။

ဆုမြတ်နိုးဦး

ဘတ်စ်ကားတွေ အပြောင်း အလဲတွေလုပ်တာ အခက်အခဲ တစ်ခု မဟုတ် တစ်ခုကတော့ လူ တိုင်းကြုံကြမှာပဲ။ နောက်ပိုင်း ဒီ အခက်အခဲ တွေ တဖြည်းဖြည်း တော့ ပြောင်းလဲသွားမှာပါ။ ဒါက ကောင်းတဲ့ လမ်းစဉ် တစ်ခုကို သွား မှာဆိုတော့ အချိန် တစ်ခုကို သည်း ခံကြပါ။ အဲဒီအချိန်တစ်ခုကို သည်းခံနိုင်ရင် နောက်ပိုင်း ကောင်း လာမှာပါ။ အဲဒီအတွက် ကားမှတ် တိုင်တွေမှာ ဒီကားလိုင်း အသစ် ပြေးဆွဲတာ နဲ့ ပတ်သက်ပြီး ပြည်သူ တွေကို ကူညီဖို့ ပရဟိတ မှာပါဝင် ဖို့ရှိတယ်။ ဒီအပြောင်းအလဲကို ညီမကတော့ လုံးဝ လက်ခံတယ်။ ဘတ်စ် ကားတွေက ကျော်တက်ခွ တက်တာတွေ၊ စပါယ်ယာတွေ ရိုင်းတာတွေ အမြဲကြားနေရတဲ့ ပြဿနာတွေ နည်း သွား မယ်။ အဓိက ကတော့ ဒီစနစ်တစ်ခု ကို ပြောင်း လဲဖို့ ပြည်သူတွေ ဘက်ကလည်း သည်းခံရမယ်။ အချိန် တစ်ခုပေး ပြီးရင် နိုင် ငံခြား မှာ လိုမျိုး ကားပေါ် ကို အေးအေးဆေးဆေး တက်စီး နိုင်မယ့် အခြေအနေ ရောက်မယ်လို့ ယုံကြည်တယ်။ အဲဒီလို ဖြစ်ဖို့ စည်း လုံး ညီညွတ်မှုက အရေးကြီးတယ်။

ထူးထူးစုစည်းတင်ပြသည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*