ရှမ်းမြောက် တိုက်ပွဲများကြောင့် မန္တလေးသို့လာရောက် စစ်ရှောင်သူ တစ်ရာကျော်ရှိလာ

ရှမ်းမြောက် တိုက်ပွဲများကြောင့် မန္တလေးသို့လာရောက် စစ်ရှောင်သူ တစ်ရာကျော်ရှိလာ
January 18, 2017 Asian Fame

3:36 pm
ရှမ်းမြောက် တိုက်ပွဲများကြောင့် မန္တလေးသို့လာရောက် စစ်ရှောင်သူ တစ်ရာကျော်ရှိလာ

(မိုးကုတ်၊ ဇန်နဝါရီ ၁၇)

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ အနီးအနား ကျေးရွာများတွင် တိုက်ပွဲများ ဖြစ်ပွားနေ သဖြင့် မန္တလေးမြို့သို့ ထွက်ပြေး လာကြသော စစ်ဘေးရှောင်ပြည်သူ  တစ် ရာကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

နှစ်ဖက် ပစ်ခတ်မှုများကြောင့် ထွက် ပြေးတိမ်းရှောင် သူများသည် မန္တလေးမြို့သို့ ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းမှ စတင်  ရောက် ရှိလာခြင်းဖြစ်ပြီး ၄င်းတို့ကို မန္တလေး မြို့ မဟာမြတ်မုနိ ဘုရားကြီး မြောက်ဘက် မုခ်အနီး မြင်းဝန် မင်းကြီးကျောက်တိုက် ဇယန်းကြီးကျောင်း၌ မြို့ခံ ပရဟိတအဖွဲ့ အစည်းများက ကူညီစောင့်ရှောက်ထားခြင်း ဖြစ်ကြောင်း၊ ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်း အထိ စာရင်းအရ စစ်ရှောင်ပြည်သူ  ၁၁၄ ယောက် ရှိနေပြီဖြစ်ကြောင်း သိရသည်။

”ဒီနေ့မနက် အယောက် ၂ဝ ထပ် ရောက်လာတယ်။ တချို့လည်း ပြန်သွား ကြတယ်။ လောလောဆယ်တော့ ကျောင်း မှာပဲ ကူညီ စောင့်ရှောက် ထားပါတယ်၊။ ဆန်ရိက္ခာ ကတော့ ပြည့်စုံသလောက် ရှိနေ ပါပြီ”ဟု သုခရိပ်မြုံ လူငယ် ဖွံ့ဖြိုးရေး ပရ ဟိတ ဂေဟာ ဒုဥက္ကဋ္ဌ ဦးစန်းယုက ပေါ်ပြူ လာ နယူးစ်သို့ ပြောသည်။

စစ်ပြေးရှောင် ပြည်သူ အများစုသည် နမ့်ဆန်မြို့နယ် ဇယန်းကြီး ကျေးရွာ၊  ဇယန်းအောက် ကျေးရွာ၊ ပန်လောကျေးရွာ၊  ရွာလယ်ကျေးရွာ၊ ရွာထပ်ကျေးရွာ၊ ပိန်း လုံးကျေးရွာ၊ ရွာအောက်ကျေးရွာ၊ မြသ ပိတ်ကျေးရွာ တို့မှဖြစ်ကြောင်း သိရပြီး ၄င်း တို့နေအိမ်ပေါ် အထိ လက်နက်ကြီးများ ကျရောက် လာသဖြင့် ထွက်ပြေး တိမ်းရှောင် လာရခြင်း ဖြစ်ကြောင်း ဇယန်းကြီး ကျေးရွာ မှ ဒေါ်မြင့်မြင့်ခိုင် က ပြောသည်။

”မြန်မာတပ်နဲ့ ပလောင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ပစ်ကြခတ်ကြတာလို့ သိရပါတယ်။ တချို့နေရာတွေ မှာ လက် နက်ကြီးတွေ ကျတယ်။ မနေရဲတော့လို့ ထွက် ပြေးလာတာပါ။ တချို့လည်း ရွာတွေမှာပဲ ကျန်နေခဲ့ပါတယ်။ ကျွန်မတို့ ကတော့ ရရာ ကားတွေနဲ့ ထွက်ပြေးလာတာပါ”ဟု ၄င်း ကဆိုသည်။

မန္တလေးရောက် စစ်ရှောင်ပြည်သူများ အား အဆိုပါကျောင်း အတွင်း ကျန်းမာရေး စစ်ဆေးပေးခြင်း ၊ ဆေးကုသခြင်းများ ပါ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရပြီး လှူဒါန်းလို သူများသည် သုခရိပ်မြုံ လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ဖုန်း- ဝ၉၉၁ဝ ဝ၇၈ဝ၆ ၊ ဝ၉၂၅၉ဝဝ၃၆၁၁ သို့ဆက်သွယ် လှူဒါန်းနိုင်သလို မြင်းဝန်မင်းကြီးကျောင်းတိုက် ဇယန်းကြီးကျောင်းတိုက် ဆရာတော်ထံသို့လည်း ကိုယ်တိုင် ကိုယ်ကျ သွား ရောက် လှူဒါန်းနိုင်ကြောင်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*