ရန်ကုန်မြို့က အရင်ကသစ်တောကနေ အခု ကွန်ကရစ်တော ဖြစ်လာတယ်။ အဲဒီလိုမဟုတ်ဘဲ ပြန်ပြီးစိမ်းလန်းအောင် အလှဆင်တာတွေ လုပ်ပေးတဲ့သဘောပါ

ရန်ကုန်မြို့က အရင်ကသစ်တောကနေ အခု ကွန်ကရစ်တော ဖြစ်လာတယ်။ အဲဒီလိုမဟုတ်ဘဲ ပြန်ပြီးစိမ်းလန်းအောင် အလှဆင်တာတွေ လုပ်ပေးတဲ့သဘောပါ
January 18, 2017 Asian Fame

3:22 pm
ရန်ကုန်မြို့က အရင်ကသစ်တောကနေ အခု ကွန်ကရစ်တော ဖြစ်လာတယ်။ အဲဒီလိုမဟုတ်ဘဲ ပြန်ပြီးစိမ်းလန်းအောင် အလှဆင်တာတွေ လုပ်ပေးတဲ့သဘောပါ

alex

ပြင်သစ်ယဉ်ကျေးမှုဌာန၊ ခုံးတံတားအသွင်ပြောင်းပုံဖော်ရေးစီမံကိန်းမန်နေဂျာ ကိုအဲလက်စ်အောင်ခန့် နှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် မြေနီကုန်းခုံးကျော်တံတားအောက်တွင် ပန်းခြံငယ်ပြုလုပ် အလှဆင်ခြင်းကို ပြင်သစ်ယဉ်ကျေးမှုဌာနက ယမန်နှစ် နှစ်ကုန်ပိုင်း တွင် စတင်လုပ်ဆောင်ပေးခဲ့သည်။ ပြင်သစ်-မြန်မာ ချစ်ကြည်ရေး ၅၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထိုသို့ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး အခြားခုံးကျော်တံတားအောက် များတွင် ဆက်လက်လုပ်ဆောင်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ပြင်သစ်ယဉ်ကျေးမှုဌာန ခုံးတံတားအသွင်ပြောင်းပုံဖော်ရေး စီမံကိန်းမန်နေဂျာ ကိုအဲလက်စ် အောင်ခန့်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

အများပြည်သူ အပန်းဖြေဖို့ အလှဆင်ပေးတဲ့အခါမှာ မြေနီကုန်းခုံးကျော်တံတားကို အရင်ဆုံးရွေးချယ်ဖြစ်တဲ့အကြောင်းရင်းကို ပြောပြပေးပါရှင့်။

ပြင်သစ်-မြန်မာ ချစ်ကြည်ရေး ၅၅ နှစ်ပြည့် အထိမ်းအမှတ်အနေ နဲ့ လုပ်တာဖြစ်တယ်။ မြေနီကုန်း ခုံးကျော်တံတားက လက်ရှိပြင်သစ် ယဉ်ကျေးမှုဌာနနဲ့ အစိုးရဌာန အလယ်တည့်တည့်မှာရှိတာဖြစ်တယ်။ ပြီးတော့ ခုံးတံတားဆိုတာက နှစ်ဦးနှစ်ဖက်ကို ဆက်သွယ် ပေးတယ်လို့ အဓိပ္ပာယ်ရတော့အဲဒါ ကိုလုပ်လိုက်တာပါ။ နောက်တစ်ခု က နာဂစ်မုန်တိုင်းမှာ သစ်ပင်တွေ လဲတယ်။ အဲဒီနောက် ကွန်ကရစ် ဖြစ်သွားတယ်။ အရင်က စိမ်းလန်းသာယာခဲ့တဲ့ ရန်ကုန်မြို့၊ အရင်က သစ်တောကနေ အခုကွန်ကရစ် တောဖြစ်လာတယ်။ အဲဒီလိုမဟုတ်ဘဲ ပြန်ပြီး စိမ်းလန်းအောင်အလှဆင်တာတွေလုပ်ပေးတဲ့ သဘောပါ။

အများပြည်သူအတွက်ရည်ရွယ် ပြီးတော့ ခုံးတံတားတွေကို အလှ ဆင်တဲ့အခါ အစ်ကိုတို့အနေနဲ့ ပြည်သူတွေဆီကဘာတွေပြန်မျှော်လင့်ထားပါသလဲ။

ဒီခုံးတံတားတွေကို အများပြည်သူ အပန်းဖြေနိုင်ရန်အတွက် လုပ်ဆောင်တာက ‘မင်္ဂလာပါ’ က နေ ပေါက်ဖွားလာတဲ့အနုပညာတစ်ခုပါ။ လူတွေကိုအသိပညာတစ်ခု ဖော်ထုတ်ရတဲ့အကြောင်း အရင်းပါ။ လူတွေအားလုံးအတွက် လုပ်ပေးတယ်။ ဒီရန်ကုန်မြို့ သာယာလှပရေးအတွက် ထိန်းသိမ်း ရေးသာမက၊ သာယာရေး၊ မြို့ တော်ကြီးတိုးတက်ဖို့ အောက်ခြေ လူတန်းစားကအစ၊ လမ်းသွားလမ်းလာတွေ၊ အနေအထိုင်များ တဲ့နေရာမှာ လုပ်ပေးဖို့ဒီနေရာကို ရွေးတာပါ။ အခုကျွန်တော်လုပ် တဲ့ အခါမှာ ဒီအသိစိတ်ဓာတ်ကို ထပ်မွေးပြီးတော့ ရှေ့ရေးမှာ ဒီနေ ရာကိုထိန်းသိမ်းမယ့်လူ၊ စောင့် ရှောက်မယ့်လူက လှလှပပ နဲ့သာသာယာယာနဲ့ ထပ်မြင်ချင်စိတ် တွေဖြစ်ဖို့ ထပ်ဖော်ထုတ်ရတာပေါ့။ ကျွန်တော်လည်းမြေနီကုန်းသား တစ်ယောက်ပါ။ ဒီခုံးတံတားကိုပြန် ပြီးပြုပြင်ရေးနဲ့ သာယာရေးလုပ်ခွင့် ရတာကျေးဇူးတင်တယ်။ ရှေ့ဆက် ကျန်ရှိတဲ့ခုံးတံတားများကိုလည်း အများပြည်သူ အသုံးပြုနိုင်အောင် အကျိုးဖြစ်စေမယ့်လုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်လုပ်ဆောင် သွားမှာပါ။

ဒီခုံးကျော်တံတားအပြင် အခြား နေရာတွေမှာရော အနုပညာအလှ ဆင်တာနဲ့ပတ်သက်ပြီး လုပ်ဖို့ရှိ ပါသလား။

”၈မိုင်၊ လှည်းတန်း၊ ကမ္ဘာအေး၊ တာမွေ၊ ရွှေဂုံတိုင် အဲဒီတံတားငါး ခုကို ရန်ကုန်မြို့မှာ ကားတွေ တအားများလာပြီးတော့ လူတွေမှာ နေစရာမရှိဘူး။ ကား ကျပ်တာ တွေကို ဒီခုံးကျော်တံတားတွေကို ဆောက်ပြီး ကားကျပ်တာကို ဖြေရှင်းတယ်။ ဒါကအရင်အစိုးရက ကြိုးစားခဲ့တယ်။ အခု အဲဒါ ဖြေရှင်းလား မဖြေရှင်းလား လူတိုင်း သိပါတယ်။ အဲဒါကြောင့် အခုရှိနေတဲ့ ခုံးတံတား ရှိပြီးသားနေရာတွေ ပြန်ပြီး အသုံးချနိုင်အောင် လုပ် ပေးချင်တယ်။ ဒီလို အများပြည်သူပိုင်နေရာလည်းဖြစ်တယ် မြို့တွင်း လည်းဖြစ်တယ်။ လမ်းသွားလမ်း လာလည်း များတယ်။ အဲဒါကြောင့် အများအတွက် သုံးနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖော်ထုတ်ပေးတာပါ။ လုပ်ရမယ်ဆိုရင်ရန်ကုန်မြို့ မှာ လုပ်စရာတွေက အများကြီးပါ။ ကမ်းနားလမ်းမှာလည်းတစ်ခုလုပ် ဖို့ရှိပါတယ်။ အဲဒါကတော့ ကျွန်တော်ကိုင်တာမဟုတ်ဘူး။ ဒါပေ မယ့် ပြင်သစ်ယဉ်ကျေးမှုကနေပဲ ကူညီလုပ်ဆောင်ပေးဖို့ရှိပါတယ်။

အလှဆင်ပြီး ခုံးတံတား ထိန်းသိမ်းရေးအတွက်ကျတော့ ပြင်သစ်ကပဲ ဆက်ထိန်းသိမ်းမှာလား၊ ရန်ကုန် မြို့တော်စည်ပင်ကို ပြန်လွှဲပြောင်း ပေးမှာလားရှင့်။

ကျွန်တော်တို့ ပြင်သစ်ယဉ် ကျေးမှုဌာနအနေနဲ့ ရန်ကုန်မြို့ကို ကူပေးထောက်ပံ့တဲ့အနေနဲ့ ထောက်ပံကြေးတွေ သုံးပေးပြီးလုပ်ပေးတာပါ။ ဒီလိုဆက်ထိန်းသိမ်းရမှာက YCDC ရဲ့တာဝန်ပဲရှိပါတယ်။ သူတို့လက်ထဲကိုအပ်မှာပါ။ သူတို့မြို့လည်း ဖြစ်တဲ့အတွက် အောက်ခြေထိန်းသိမ်းရေးကအစ သန့်ရှင်းရေးအဆုံး အကုန်လုံး YCDC ကလုပ်ဖို့ ကျွန်တော်တို့နဲ့ ညှိနှိုင်းထားပါတယ်။ ကျွန်တော် တို့နဲ့ပူးပေါင်းပြီးလုပ်စေချင်ပါတယ်။ YCDC ကို ဒီမြို့တော်ကြီးတစ်ခုလုံး သာယာရေးကအစ၊ ထိန်းသိမ်း ရေးသာမကပြုပြင်ရေးအဆုံး အဲဒီ အဆင့်ထိ ပုံဖော်ကြိုးစားပေးသွားမှာပါ။ အဲဒီမှာ လုံခြုံရေးကင်မရာကတော့ ဘဏ်ကလည်းရှိတယ်၊ မီးပွင့်က CCTV လည်းရှိတော့ အဆင်ပြေတယ်။ အခုလူတွေ အတွက်တော့ တပ်ဖို့ရှိတယ်။ ကင်မရာတစ်မျိုးတည်းမကပဲ စောင့်ရှောက်ထိန်းသိမ်းရေး၊ အမှိုက်မပစ်ဖို့၊ ကွမ်းတံတွေး မထွေးဖို့၊ အမှိုက်ကိုသေချာ စွန့်ပစ်ဖို့ ဒါတွေ လုပ်ဆောင်သွားမယ်။ အဲဒါတွေ က အားလုံးကဝိုင်းဝန်းကူမယ်လို့ ယုံကြည်ပါတယ်။ အခုတောင် မကြည့်ရက်လို့ဆိုပြီး လာရှင်းပေး တဲ့ လူငယ်အဖွဲ့တွေရှိတယ် ကြိုဆို တယ်။ ဒီကနေကျေးဇူးတင်တယ်။ အမှိုက်တစ်စမကောက်ရင်နေ အမှိုက်တစ်စ မပစ်ရင်တောင်တော်ပါပြီ။ မပစ်ဖို့လည်း တိုက်တွန်းပါတယ်။

ဒုတိယအလှဆင်မယ့်တံတားကိုရော ရွေးချယ်ဆုံးဖြတ်ပြီးပါပြီလား။

အခုလောလောဆယ်ကျန်တဲ့ ခုံးတံတားငါးခုကို ကျွန်တော်တို့ တိုင်ပင်ပြီး ရွေးချယ်သွားမှာပါ။ မြန်မာဗိသုကာအဖွဲ့နဲ့ ပူးပေါင်းပြီး တော့ မေးမြန်းပါတယ်။ ရန်ကုန် တိုင်းဒေသကြီးအစိုးရနဲ့လည်း တိုင်ပင်ပါတယ်။ ဘယ်ခုံးတံတားလုပ်ရင်အဆင်ပြေမလဲ၊ ဘယ်ခုံးတံတားလုပ်ရင် သင့်တော်မလဲ။ လူတွေဘယ်ဟာ သုံးလို့ရမလဲ အ ရင်မေးကြည့်ပါတယ်။ စဉ်းစား ထားတဲ့အထဲမှာ ခုတော့ ဆုံးဖြတ် ချက်တော့ မချရသေးဘူး။ လှည်း တန်း ခုံးတံတားကိုစပြီး ဆက်လုပ် ရင် ပိုအဆင်ပြေမလား စဉ်းစားတဲ့ အထဲမှာပါတယ်။ ဘာဖြစ်လို့လဲဆို တော့ မြေနီကုန်းတံတားဆို ရင်လူ သွားလူလာများတယ်။ လှည်းတန်းဆိုရင်လည်း လူသွားလူလာများ တယ်။ ကျောင်းလည်းရှိတော့ ကျောင်းသူ ကျောင်းသားတွေ အ ပန်းဖြေ အနားယူလို့ရအောင် နေ ရာတစ်နေရာပေးတဲ့အနေနဲ့ဖြစ်အောင် စဉ်းစားနေပါတယ်။

လှည်တန်းမှာ လုပ်မယ်ဆိုရင် အခု စကိတ်ကစားနေတဲ့ လူငယ်တွေအ တွက်ရော အစ်ကိုတို့ဘယ်လိုစီစဉ် ပေးသွားမှာပါလဲ။

ကျွန်တော့်ကို လာဆက်သွယ် ပါတယ်။ ကျွန်တော်တို့မြေနီကုန်းလုပ်တုန်းက ရပ်ကွက်နေဒေသခံ တွေကို မေးပါတယ်။ ဘယ်လိုလို ချင်လဲ၊ ဘယ်လို သင့်တော်လဲမေး ပါတယ်။ ရပ်ကွက်အလိုက် သူတို့ ကြိုက်တာ စဉ်းစားပါတယ်။ လှည်း တန်းမှာဆို ဒီစကိတ်စီးတာတော် တော်ကိုနာမည်ရှိပါတယ်။ ရန်ကုန် မှာကြည့်လိုက်တော့ လူငယ်တွေ အားကစားလုပ်စရာနေရာ နည်း ပါတယ်။ အဲဒီက လူငယ်တွေလာပြီး တော့ ကျွန်တော်တို့နဲ့ အတူတူဝိုင်း လုပ်ချင်တယ်။ သူတို့ဆန္ဒ ကိုတင် ပြတော့ ကြိုဆိုတယ်။ ကျွန်တော်တို့ လုပ်ဖြစ်တယ်ဆိုရင် သူတို့အတွက် နေရာ တစ်နေရာကို ပြန်ပေးဖို့ရှိ ပါတယ်။

ဒီဆောက်လုပ်တဲ့အခါမှာ ကုန်ကျစရိတ်ကို ပြင်သစ်ယဉ်ကျေးမှုဌာန ကနေအားလုံး စိုက်ထုတ်လုပ် ဆောင်ပေးတာလားရှင့်။

စပွန်ဆာ ကူညီပေးတဲ့ကုမ္ပဏီ လေးခုရှိပါတယ်။ အခြားစပွန်ဆာ တွေလည်း အများကြီးရှိပါသေးတယ်။ နာမည်နဲ့ဖော်ပြရင်အများ ကြီးပါခင်ဗျား။ ဘတ်ဂျက်ကမြေနီ ကုန်း ခုံးကျော်တံတားတစ်ခုလုံးကို ဒေါ်လာတစ်သိန်းရှစ်သောင်း လှူ ထားတာရှိတယ်။ တစ်သိန်းတစ် သောင်းကတော့ ပြင်သစ်အစိုးရ ကိုယ်တိုင်က ရန်ကုန်မြို့ဖွံ့ဖြိုးရေး သက်သက်အတွက်ပဲ ထောက်ပံ့ကြေး လှူဒါန်းငွေရှိပါတယ်။ ကျန်တဲ့ ၇ သောင်းကတော့ ရန်ကုန်မှာရှိတဲ့ စီးပွားရေး ကုမ္ပဏီတွေဆီကအလှူ ခံထားပါတယ်။ အခု ဒီငွေတွေကို အားလုံးသုံးဖို့ ရည်ရွယ်ချက်မရှိပါဘူး။ တစ်ဝက်တောင်မသုံးရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီတံတားတွေ အတွက်မဟုတ်ဘဲ အခြားဖွံ့ဖြိုး ရေးနေရာတွေမှာ သုံးဖို့ရှိလို့ပါ။

ဒီပန်းခြံငယ်ကို ဘယ်နှနှစ်လောက် အာမခံပါသလဲ။

ကုမ္ပဏီတွေက ဘယ်လောက် အာမခံမလဲဆိုတော့ တစ်နှစ်အာ မခံကြတယ်။ တိုင်းဒေသကြီး အစိုး ရကိုပြောပါတယ်။ ဒီတစ်နှစ်အ တွင်း သန့်ရှင်းရေး၊ ထိန်းသိမ်းရေး များကို YCDC ကလုပ်ဖို့တိုက်တွန်း ပါတယ်။ ဖွင့်ပွဲလုပ်ပြီးရင်လူတွေ စသုံးတော့မယ်။ အဲဒါဆို ညစ်ပတ် တော့မယ်။ သန့်ရှင်းရေးလုပ်ရ တော့မယ့် တာဝန်တစ်ခုရှိလာမယ်။ တစ်နှစ်အတွင်းကတော့ ပျက်စီး တာ ဘာညာတော့ အာမခံတယ်။ တစ်နှစ်ကျော်ရင်တော့ အာမခံ မရှိတော့တဲ့အတွက် YCDC က တာဝန်ယူ ထိန်းသိမ်းရတော့မယ့် တာဝန်ရှိတယ်။ ဒီခုံးကျော်တံတား ဆောက်တဲ့အခါမှာ ရေရှည်ဘယ် လောက်ခံမလဲ စဉ်းစားထားပါတယ်။ လူတွေစည်းကမ်းနဲ့ သုံးမယ် ဆိုရင် ပျက်စီးမယ်ဆိုတာက အရမ်း နည်းပါတယ်။

ဒီခုံးကျော် တံတားအောက်မှာ အသေးစားလုပ်ငန်းထည့်ပေးမယ် ဆိုတာကိုရော ဘယ်လိုပုံဖော်သွား မှာပါလဲရှင့်။

အသေးစားလုပ်ငန်းထည့်ပေးမယ်ဆိုတာက အနုစိတ်ဖြစ်သွားပြီ။ ဆိုင်ခန်းလေးတွေထားပေးရင် ဒီရပ်ကွက်က လူတွေအဆင်ပြေ မယ်။ လာရောက်အပန်းဖြေတဲ့လူ လည်းအဆင်ပြေမယ်။ ဒါပေမယ့် ရောင်းသူရော၊ စားသူရော စည်းကမ်းတွေရှိရမယ်။ ရတဲ့ကောက်ခံ ကြေးတွေကိုလည်း ဒီနေရာလည် ပတ်ဖို့ပြန်ထည့်မှာပါ။ ရာသီ အလိုက်ပြောင်းတဲ့ဆိုင်ပဲထည့်မယ် လို့စိတ်ကူးထားတယ်။ အအေးတစ်ခုတည်းမဟုတ်ဘဲ နွေ၊ မိုး၊ ဆောင်း စတဲ့ ရာသီဥတုအလိုက် သင့်တော်မယ့် အစားအသောက် မျိုးရောင်းဖို့ စိတ်ကူးထားတယ်။

ပန်းခြံဖွင့်ပွဲကိုရော ဘယ်တော့ လောက်လုပ်ပါမလဲရှင့်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီလ ၂၅ရက်မှာမိတ်ဆက် ပွဲလုပ်ပါ့မယ်။ နောက်ကျန်သေး တယ်။ တံတားငါးခုနဲ့ပတ်သက်ပြီး ရန်ကုန်ဗိသုကာကကျောင်းသား တွေ သူတို့ဖြစ်စေချင်တဲ့ဟာတွေ ကိုလုပ်ပေးထားတာရှိတယ်။ အဲဒီ တံတားငါးခုနဲ့ ပတ်သက်ပြီးဖွင့်ပွဲ မှာ ဦးဖြိုးမင်းသိန်းက စကားပြော ပါမယ်။

ထူးထူး တွေ့ဆုံမေးမြန်းသည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*