မွန် ဝန်ကြီးချုပ်နှင့် တနင်္သာရီ လွှတ်တော် အကြီးအကဲ တစ်ဦး တို့၏ နောက်ဆုံး ရလဒ် အဖြေ မကြာမီ ထုတ်ပြန်မည်ဟု ဆို

မွန် ဝန်ကြီးချုပ်နှင့် တနင်္သာရီ လွှတ်တော် အကြီးအကဲ တစ်ဦး တို့၏ နောက်ဆုံး ရလဒ် အဖြေ မကြာမီ ထုတ်ပြန်မည်ဟု ဆို
January 18, 2017 Asian Fame

12:25 pm
မွန် ဝန်ကြီးချုပ်နှင့် တနင်္သာရီ လွှတ်တော် အကြီးအကဲ တစ်ဦး တို့၏ နောက်ဆုံး ရလဒ် အဖြေ မကြာမီ ထုတ်ပြန်မည်ဟု ဆို

(ရန်ကုန်၊ ဇန်နဝါရီ၁၇)

NLD ပါတီက ခေါ်ယူစစ်ဆေး ခဲ့သည့် မွန်ဝန်ကြီးချုပ်နှင့် တနင်္သာ ရီလွှတ်တော် အကြီး အကဲတစ်ဦးတို့ ၏ နောက်ဆုံး ရလဒ်အဖြေကို သက် ဆိုင်ရာက ၁ဝ ရက်အတွင်း တစ်စုံ တစ်ရာထုတ်ပြန်ပေးလိမ့်မည်ဟု NLD ပါတီ၏ ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်း က ပြောသည်။

တိုင်တန်းချက်များ အရ ပါတီ က ပြီးခဲ့သည့် ၂ဝ၁၆ခုနှစ်  နိုဝင် ဘာလ ၂၈ ရက်နေ့က အဆိုပါ တိုင်စာများ မှန်၊ မမှန် စစ်ဆေးရန် လေ့လာ သုံးသပ်ရေး အဖွဲ့တစ်ခုကို  ဦးဥာဏ်ဝင်း၊ အဖွဲ့ဝင် အဖြစ် ဒေါက် တာမျိုးညွန့်နှင့် ဦးကျော်ဟိုး တို့နှင့် ဖွဲ့စည်းပေးခဲ့သည်။

ထိုပုဂ္ဂိုလ်တို့က  မွန်ပြည်နယ် ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသ ကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ တို့ကို ပါတီသို့ ခေါ်ယူစစ်ဆေး ခဲ့ပြီး တွေ့ရှိချက်များကို ပါတီ CEC အဖွဲ့သို့ ဒီဇင်ဘာ ၂၂ ရက်နေ့က တင်ခဲ့သည်ဟု သိရသည်။

ဦးဥာဏ်ဝင်းက ”တစ်ပတ် ဆယ်ရက်လောက် စောင့်ပေးပါ။ အဖြေ ထွက်လာပါလိမ့်မယ်” ဟု ပြောသည်။

ပါတီ၏ ဖွဲ့စည်းပုံ အရ မွန်ဝန် ကြီးချုပ်နှင့် တနင်္သာရီတိုင်း လွှတ် တော် အကြီးအကဲ နှစ်ဦးတို့သည် ပါတီဝင်များ ဖြစ်ကြသော်လည်း လက်ရှိ ထမ်းဆောင်နေသည့် တာ ဝန်တို့မှ ဖြုတ်ချ ရုပ်သိမ်းခြင်းကိုမူ ပြည်ထောင်စု အစိုးရ အဖွဲ့အကြီး အကဲကသာ လုပ်ဆောင်နိုင် သည်။

”ဝန်ကြီးချုပ် ကိစ္စက ခန့်ခြင်း၊ ဖြုတ်ခြင်းဆိုတာ သမ္မတ နဲ့ဆိုင်တာ ကိုး။ အစီရင်ခံစာ ကတော့ အပေါ် တင်လိုက်ပြီ။ နိုင်ငံတော် အတိုင်ပင် ခံရုံးလည်း တင်လိုက်ပြီ။ သူတို့ ဆုံး ဖြတ် လိမ့်မယ်၊ တနင်္သာရီတိုင်းကိစ္စ လည်း ခုန မွန်ပြည်နယ် ဝန်ကြီးချုပ် လိုပဲ။ တနင်္သာရီတိုင်း ကိစ္စကတော့ ဦးဝင်းမြင့်  ဒီညနေသွားလိမ့်မယ်။ သေချာအောင် သွားပြီး မေးလိမ့် မယ်”ဟု ဦးဝင်းထိန်က ပြောသည်။

မွန်ဝန်ကြီးချုပ်သည် ၂ဝ၁၆ ခုနှစ် ဇွန်လက မွန်ပြည်နယ် လွှတ် တော်ကို တစ်စုံတစ်ရာ အသိမပေး ဘဲ စီမံကိန်း ကော်မရှင်တစ်ခု ဖွဲ့ စည်းခဲ့၍  မွန်ပြည်နယ် လွှတ်တော် အထူး အစည်းအဝေး၌  အရေးကြီး အဆို တင်သွင်းကာ မေးမြန်းခြင်း ခံခဲ့ရသည်။

အလားတူ တနင်္သာရီလွှတ် တော်အကြီးအကဲ တို့သည်လည်း လွှတ်တော်ကို အသိမပေးဘဲ တင် ဒါကိစ္စကို စီစဉ်ခဲ့ကြ၍ လွှတ်တော် ကိုယ်စားလှယ်များက ပါတီသို့တိုင် ခဲ့ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်က ယင်းကိစ္စနှင့် ပတ်သက်၍ တစ်စုံ တစ်ရာ မှတ်ချက် မပေးသလို၊ တနင်္သာရီ လွှတ်တော်ဥက္ကဋ္ဌက လည်း ဆုံးဖြတ်ချက် ရလဒ်ကိုစောင့် နေသည်ဟု ဆိုသည်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*