ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ၂ ဦးကို အရေးယူပေးရန် ပြည်ခိုင်ဖြိုးပါတီတင်ပြ

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ၂ ဦးကို အရေးယူပေးရန် ပြည်ခိုင်ဖြိုးပါတီတင်ပြ
January 18, 2017 Asian Fame

12:01 pm
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ၂ ဦးကို အရေးယူပေးရန် ပြည်ခိုင်ဖြိုးပါတီတင်ပြ

စိုင်းလမင်း
နေပြည်တော် ၊ ဇန်နဝါရီ ၁၇

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ၂ ဦးကို အရေးယူပေးရန် အခြေခံဥပဒေဆိုင်ရာခုံရုံးကို တင်ပြထားကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးပိုက်ထွေးက ပြောသည်။

”ဘာလို့ အခုလိုတင်ရတာလဲဆိုတော့ ခုံရုံးအဖွဲ့ဝင်တိုင်းက သတ်မှတ်ချက် အရည်အချင်းတွေဆိုတာ ရှိရတယ်လေ။ သတ်မှတ်ချက်အရည်အသွေးတွေ မပြည့်စုံလို့ တင်ပြထားတာပါ” ဟု ၎င်းက ပြောသည်။ ဇန်နဝါရီလ ၁၇ ရက်နေ့က နေပြည်တော်ရှိ ပြည်ခိုင်ဖြိုး ရုံးချုပ်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးပိုက်ထွေးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ခုံရုံးမှစစ်ဆေးမှုများပြုလုပ်နေပြီးအဖွဲ့ ဝင် ၂ ဦးအား အဆိုပါခုံရုံးမှ ဖြုတ်ခြင်း မဖြုတ်ခြင်းကို မကြာမီ ပြုလုပ်မည်ဟု ကြားသိရကြောင်း ၎င်းက ပြောသည်။

သို့သော်လည်း တိုင်ကြားထားသော ခုံရုံးအဖွဲ့ဝင်၂ ဦး၏ အမည်ကိုမူ ဦးပိုက်ထွေးက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။ ထို့အပြင် ပြည်ခိုင်ဖြိုးပါတီသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကိုလည်း လွှတ်တော်တွင် တင်ပြထားကြောင်း ၎င်းကပြောသည်။ ”ကျွန်တော်တို့ပါတီအနေနဲ့ ကျွန်တော်တို့အစိုးရအဖွဲ့ ဖြစ်ကတည်းကလည်း ဒီဥပဒေကိုတင်ဖို့ လုပ်ခဲ့တယ်။ မအောင် မြင်ခဲ့ဘူး” ဟု ၎င်းက ပြောသည်။ ဇန်နဝါရီလ ၃ဝ ရက်နေ့တွင် ပြန်လည်စတင်တော့မည့် လွှတ်တော်အစည်းအဝေးများတွင် အဆိုပါဥပဒေကို တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*