ဖျက်သိမ်းလိုက်သော မထသမှ ဝန်ထမ်းအားလုံးကို အလုပ်ပြန်ပေးမည်

ဖျက်သိမ်းလိုက်သော မထသမှ ဝန်ထမ်းအားလုံးကို အလုပ်ပြန်ပေးမည်
January 18, 2017 Asian Fame

12:29 pm
ဖျက်သိမ်းလိုက်သော မထသမှ ဝန်ထမ်းအားလုံးကို အလုပ်ပြန်ပေးမည်

mahta

ဖြိုးထက်အောင်

ရန်ကုန်၊ ဇန်နဝါရီ ၁၆

မထသ ဝန်ထမ်းအားလုံးကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) သို့ ခေါ်ယူသွားမည် ဖြစ်သော်လည်း လက်ရှိရရှိထားသော ရာထူးအဆင့်အတိုင်းပြန်လည်ပေးအပ်မည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

”စနစ် ပြောင်းသွားပါပြီ။ ယခင် မထသတုန်းက လုပ်ခဲ့တုန်းက စာရင်း သွင်းတယ်တို့ ဘာတို့က ဒီ (YRTA) မှာ လုပ်စရာမလိုတော့ပါ ဘူး။ အော်ပရေတာအဖွဲ့က သူတို့ ဘာသာလုပ်ပါလိမ့်မယ်။ ဒါပေ မယ့် ကျွန်တော်တို့ ဒီမှာလုပ်မယ့်လုပ်ငန်းတွေအတွက်တော့ လူအင် အားအများကြီးလိုပါတယ်” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောသည်။ ဇန်နဝါရီ ၁၆ ရက်နေ့က ရန်ကုန်မြို့ရှိ မထသရုံးတွင် ရန် ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ YBS (Yangon Bus Service) စနစ်စတင်ပြောင်း လဲပြေးဆွဲသည့် အထိမ်းအမှတ် ဖွင့်ပွဲပြုလုပ်ခဲ့ရာ မထသရှိဝန်ထမ်းများက ၎င်းတို့၏ရှေ့ဆက်အလုပ်အကိုင်အ ခြေအနေနှင့်ပတ်သက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကို မေးမြန်းခဲ့ကြသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ မှစ၍ ယခင် မော်တော်ယာဉ်လိုင်း ပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီကိုဖျက်သိမ်း၍ YRTA က ပြောင်းလဲတာဝန်ယူလိုက် ပြီးနောက် မထသရှိဝန်ထမ်းများကို YRTA သို့ ခေါ်ယူသွားရန် စီစဉ်ထားခြင်းဖြစ်ပြီး အကယ်၍ အများပိုင်ကုမ္ပဏီများသို့ ပြောင်းရွှေ့လုပ်ကိုင်လိုပါကလည်းလုပ်ကိုင်နိုင်ကြောင်း၊ YRTA သို့ခေါ်ယူသွားမည် ဖြစ်သော်လည်း လုပ်ခလစာတိုးပေးရန် အစီအစဉ်မရှိကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

မထသ (ဗဟို) မှ လုပ်သက် ၂၂ နှစ်ရှိ ဌာနစုမှူးဒေါ်အေးအေးစန်းက ” YRTA ကို ပြန်လျှောက်ခိုင်းတယ်။ ပြန်လျှောက်တော့ရော သူတို့က လက်ခံပေးမှာလား၊ ဘယ်လိုပြန်ခန့်ပေးမှာလဲ။ လက်ရှိ ဝန်ထမ်းအားလုံးကို ဒီရာထူးတွေနဲ့ပဲ ပြန်ခန့်ပေးမှာလား ကျွန်မတို့ သိချင်ပါတယ်။ သင့်တင့် တဲ့ လစာတစ်ခုနဲ့ အလုပ်တစ်ခုဝန်ထမ်း တွေပြန်ရချင်ပါတယ်” ဟု ပြောသည်။ လက်ရှိတွင် မထသ (ဗဟို)နှင့်ရုံးခွဲများ၌ လုပ်ကိုင်နေသော ဝန်ထမ်း ၇ဝဝ နီးပါးရှိနေကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*