လွတ်လပ်ကမ္ဘာ ထာဝရတည် ဒါမြန်မာပြည်

လွတ်လပ်ကမ္ဘာ ထာဝရတည် ဒါမြန်မာပြည်
January 13, 2017 Asian Fame

11:35 am
လွတ်လပ်ကမ္ဘာ ထာဝရတည် ဒါမြန်မာပြည်

(၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့က တစ်နိုင်ငံလုံး တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသ ကြီးတွင် တိုင်းဒေသကြီးအစိုးရက ဦးစီးပြီး ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလ ပန်းခြံအတွင်း၌ ပထမဆုံးအကြိမ်အဖြစ် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ပြုလုပ်ခဲ့သည်။ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသည် NLD အစိုးရသစ် ပထမဆုံး တာဝန်ယူကျင်းပရသည့် အခမ်းအနားဖြစ်ပြီး ယခင်နှစ်များထက် ယခုနှစ် လွတ်လပ်ရေးနေ့သည် တမူထူးခြားမှုရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်ပြောဆိုခဲ့သည်။ ရပ်ကွက်အသီးသီးတွင်လည်း လွတ်လပ်ရေးနေ့ ဂုဏ်ပြု အားကစားပွဲများကို ရိုးရာမပျက် ကျင်းပခဲ့ကြသည်။

ဓာတ်ပုံ – ကျော်ကျော်(AF)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*