ပြိုင်ပွဲစီစဉ်သူ ဒေါ်လှနုထွန်း နှင့် တွေ့ဆုံ မေးမြန်းခြင်း

ပြိုင်ပွဲစီစဉ်သူ ဒေါ်လှနုထွန်း နှင့် တွေ့ဆုံ မေးမြန်းခြင်း
January 12, 2017 Asian Fame

4:26 pm
ပြိုင်ပွဲစီစဉ်သူ ဒေါ်လှနုထွန်း နှင့် တွေ့ဆုံ မေးမြန်းခြင်း

Htoo-Htoo2သားသမီး မွေးထားသည့် အိမ်ထောင်သည် အမျိုးသမီးများ၊ ဘဝကို တစ်ယောက်တည်း ရုန်းကန် ရင်ဆိုင်နေ သည့် Mrs Elegant များအတွက် Mrs Elegant ပြိုင်ပွဲကို ဇန်နဝါရီလ အတွင်း ပြုလုပ်ခဲ့သည်။ ပုံမှန်အားဖြင့် အိမ်ထောင်သည်များ အတွက်ပြုလုပ်သော Miss ပြိုင်ပွဲသည် မြန်မာနိုင်ငံတွင် များစွာမတွင်ကျယ် သေးသလို Single Mother  များအတွက် ပြုလုပ်သော ပြိုင်ပွဲမှာလည်း ရှားရှားပါးပါး ပင်ဖြစ်သည်။ ထို့ကြောင့် Mrs Elegant ပြိုင်ပွဲပြုလုပ်ရသည့် အကြောင်းရင်း များနှင့် ပတ်သက်၍ ပြိုင်ပွဲစီစဉ်သူ ဒေါ်လှနုထွန်း ကို တွေ့ဆုံမေးမြန်းခဲ့ ပါသည်။ ဒေါ်လှနုထွန်းသည် Mrs International Myanmar 2015၊ Mrs Universe Myanmar 2016 နှင့် Founder of Mrs Elegant ဖြစ်ပါသည်။

Mrs Elegant  ပြိုင်ပွဲကို အစ်မ စတင် စီစဉ်ဖြစ်ခဲ့ပုံကို သိပါရစေ။

လှနုတို့ အိမ်ထောင်သည်တွေ ကိုလည်း Oramin F  က စင်တင် ပေးခဲ့လို့ စင်မြင့်ပေါ် တက်ဖူးခဲ့သ လိုမျိုးပဲ လှနုကဲ့သို့ အခြား သူများ တွေကိုလည်း လုပ်ပေးချင်လာ တယ်။ အဲဒီ စင်ပေါ်ကနေ တစ်ဆင့် ကိုယ့် လိုအပ်ချက်ကို သိလာရတဲ့ အတွက် ကိုယ် တိုးတက်ဖို့ လေ့လာ ဖြစ်လာပါတယ်။ ပိုမို ယုံကြည်မှု ရှိ လာစေပါတယ်။ လှနု Oramin F  ပိုင်ရှင်များကို ကြောက်စိတ်နဲ့ မကြည့်ရဲခဲ့လို့ အခုထိ သေချာမမြင် ဖူးပါဘူး။ ပြိုင်ပွဲမှာ ချော်မလဲအောင် ပဲ ဂရုစိုက် နေခဲ့ပါတယ်။ အလွှာ မတူတဲ့သူများဆီ သွားနှုတ်ဆက် ဖို့ဆိုတာ လှနု ကြောက်မိပါတယ်။ အခုလည်း Happy World  စင်မြင့် ထက်မှာ သီချင်းအသံတွေ မီးတွေ ကြားမှာ လမ်းလျှောက်ဖူးစေချင် ပါတယ်။ အားငယ်နေသူ အတွေ့ အကြုံ မရှိသူကိုလည်း အားပေးပြီး သတ္တိရှိလာဖို့ တွန်းတင်ပေးချင် ပါတယ်။ စိတ်လှုပ်ရှားလို့ စကား တုန်နေတဲ့သူ၊ ဘဝအကြောင်း ပြောရင်း ငိုချလိုက်တဲ့ သူတွေရှိ လည်း လက်ခုပ်တီး အားပေးချင် ပါတယ်။ ကြောက်ရင် လူတော မတိုးဘူး၊ တခြားသူက တစ်မျိုး မြင်မယ် ဆိုတာ သိစေချင်ပါတယ်။ ရဲလွန်းရင်လည်း စည်းဘောင် ကျော်မိတတ်ပြီး၊ အများငြိုငြင် စရာ ဖြစ်နိုင်ပါ တယ်။ ဒါကြောင့်ဒီ Mrs Elegant  ကို လုပ်လိုက်တာပါ။

ဒီပြိုင်ပွဲမှာ အိမ်ထောင်ရှိ အမျိုး သမီးနဲ့ Single Mother အဖြစ်ရပ် တည်နေတဲ့ အမျိုးသမီး ဆိုပြီး နှစ် ပိုင်းခွဲပြီး လုပ်ဖြစ်ခဲ့ ပုံလေးလည်း သိပါ ရစေ။

ဒီပွဲကို မနှစ်က စလုပ်ဖြစ်တယ်။  အဲဒီတုန်းက ၉ ယောက်ပဲ လာပြိုင် တယ်။ ဒီနှစ်မှာတော့ အယောက် သုံးရာကျော် ဖောင်လာတင်ပါ တယ်။ အဲဒီမှာ အိမ်ထောင်ဖက်ရှိ တဲ့သူနဲ့ Single Mother  ဆိုပြီး ၂ ခု တွေ့ရတယ်။ အိမ်ထောက်ဖက် ရှိတဲ့ အမျိုးသမီးတွေ ကျတော့ ဒီ Single Mother  တွေနဲ့ရောမပြိုင် ချင်ကြဘူး။ ဒါကြောင့်လှနုတို့ ခွဲလိုက် တာပါ။ အိမ်ထောင်ဖက် ရှိတဲ့ အမျိုး သမီးတွေမှာတောင် လှနုတို့ အသက် အရွယ်အလိုက် ခွဲပြီးတော့လုပ်ပေး ပါတယ်။ တချို့ဆို အသက် ၄ဝကျော် ၅ဝ ကျော်တွေလည်း ပါတယ်။

Single Mother တွေနဲ့ မပြိုင်ချင် ဘူးလို့ပြောကြတဲ့ အပေါ် အစ်မ ဘယ်လိုမြင်ပါသလဲ။

ဒီလိုတွေ ရှိလို့ တချို့က မပြိုင် တော့ဘဲ နုတ်ထွက် သွားတာလည်း ရှိတယ်။ တချို့ကလည်း သရဖူကို ဘယ်လောက်နဲ့ ဝယ်ရမှာလဲလို့ တိုက်ရိုက်သော် လည်းကောင်း၊ တစ် ဆင့်သော် လည်းကောင်း ဆက် သွယ်မေးမြန်းတာ လည်း ရှိတယ်။ လှနု မျှော်လင့် ယုံကြည် ပါတယ်။ ဒီပွဲကနေ မိန်းမသား အချင်းချင်း ကူညီရိုင်းပင်းရမယ် ဆိုတဲ့ သတင်း ပေးမှုတစ်ခု၊ စာနာ နားလည်ဖေးမ ကူညီမှုတစ်ခု အမျိုးသမီးတွေ ဆီ စီးဆင်းသွားမယ်လို့ ယုံကြည်ပါ တယ်။ ဒါကိုပြချင်လို့ ဒီ Single Mother တွေကို ပွဲသီးသန့်လုပ်ပေး လိုက်တာပါ။  ဒီ အမျိုးသမီးတွေကို ဂုဏ်ပြုချင်စိတ် တစ်ခုတည်းနဲ့ Single Mother ဆိုပြီးတော့ လှနု လုပ်လိုက်တယ်။ ဆုပေးရင်တော့ Single Mother လို့ပေးမှာပါ။ ဘဝ ပေး ကံကြောင့်ဖြစ်လာတဲ့ သူတို့ ဘဝကို နှိမ်စရာ မလိုဘူး။ တချို့ဆို မုဒိမ်း ကျင့်ခံရပြီး ကိုယ့်ယောက်ျား တောင် ကိုယ်မသိလိုက်ရတာတွေ ရှိတယ်။ တချို့က ငယ်ငယ်ရွယ်ရွယ် ရည်းစားနဲ့ မှားပြီးတော့ ယောက်ျား လေးက တာဝန်မယူလို့။ တချို့ က သေသေချာချာ လက်ထပ်ပြီးမှ ကွဲ သွားတာ၊ သေဆုံး သွားတာ အဲဒီလို လူတွေ အမျိုးမျိုး ရှိတယ်။ အဲဒီလို အမျိုးသမီးတွေက ရလာတဲ့ ကိုယ်ဝန် ကို မဖျက်ချဘဲ ကိုယ့်သားသမီး ကို သတ္တိရှိရှိ မွေးဖွားရဲတဲ့ သတ္တိကို လေးစားဂုဏ်ပြု ထိုက်တယ်ဆိုတာ ကိုအားလုံးကို ပြချင် တယ်။

အခု လာပြီးတော့ လျှောက်တဲ့ Single  Mother  တွေထဲမှာ အသက်ဘယ် လောက်က အများဆုံး ဖြစ်ပါသလဲ။

၁၉ နှစ်က အများဆုံးပါပဲ။ ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျ တယ်။ ကိုယ်ဝန်ရှိတဲ့ အချိန်မှာပဲ ယောက်ျားက ဖောက်ပြန်တယ်။ တချို့က ကိုယ်ဝန် ရှိလာတော့ ယောက်ျားက လုံးဝပြန်မလာတော့ တာတွေလည်း ရှိတယ်။ ဒီမိခင်တွေ ရဲ့ သိမ်ငယ်စိတ်ကို လှနုတို့က မြှင့် တင်ပေး တာပါ။ Single Mother လို့ပြောလိုက်ရင် လူတွေက အလို လိုနေရင်း အထင်အမြင်သေးကြ တယ်။ ဒီလို Single mother ဆို ပိုဆိုးတယ်။ လွယ်တယ် ဘာညာ ထင်ကြတယ်။ လှောင်ပြောင်တဲ့ သူတွေကမှ တကယ်ကို ရွံစရာ ကောင်းတာ။ ယောက်ျားတစ် ယောက် မယူရဲတဲ့ တာဝန်ကိုသူတို့ သတ္တိရှိရှိနဲ့ ယူတယ်။ ဒါကို နှိမ်စရာ တစ်ခုလို့ မမြင်စေချင်ဘူး။ ဒီလို ငယ်ငယ်ရွယ်ရွယ် နဲ့ သူတို့ဘဝ ကို ချောင် တစ်ခုထဲမှာ မပိတ်ထားစေ ချင်လို့ လမ်းဖွင့်ပေးလိုက်တာပါ။

အစ်မတို့ ဒီလိုလုပ်တဲ့ အခါမှာ တချို့က စပွန်ဆာ ရှာပေးတယ်လို့ ဝေဖန်ကြတယ်နော်။ ဒီဝေဖန်မှုနဲ့ ပတ်သက်ပြီး အစ်မ ဘယ် လို တုံ့ ပြန် ချင်ပါသလဲ။

လှနု စပွန်ဆာ ရှာပေးတယ်လို့ ဝေဖန်ကြတယ်။ အဲဒီစကား အ ပေါ် လှနုပြောချင်တာက ဒီ  Single Mother  အမျိုးသမီးတွေရဲ့ ဘဝ ကို မြှင့်တင်ပေးဖို့ သိမ်ငယ်စိတ်တွေ ကို ပပျောက်စေဖို့ နဲ့ ပညာပေး ဗဟုသုတလုပ်ပေးဖို့ လုပ်တာပါ။ လှနုဒီလို လုပ်လိုက်တဲ့ အချိန် မှာ နေ့ရက်လပေါင်း များစွာက သိုဝှက် ထားတဲ့ သူတို့စိတ်ထဲက ခံစားမှုတွေ ပြောပြလာတယ်။ သူတို့ ဒီလိုပြော ပြလိုက်တဲ့ အခါမှာ လှနု တို့က လည်း သူတို့နဲ့ စကားပြန်ပြောမယ်။ သူတို့ကိုယ် သူတို့လည်း ယုံကြည်မှု ရှိလာမယ်။ သူတို့ ဘာကြောင့်ဒီလို ဖြစ်တာလဲ သူတို့ပြော တယ်။ အဖြေ ရှာကြတယ်။ ဖြစ်ပြီးသား လူတွေကို အပြင်ကို တွန်းထုတ်ဖို့ မဟုတ်ဘဲ လူ့လောကမှာ သတ္တိရှိရှိနဲ့ သူတို့ ရင်သွေးတွေ ကို ပြုစုပျိုးထောင်တာ ရှက်စရာ မလိုဘူး ဆိုတာ သူတို့သိ လာတယ်။ တချို့က တူ၊ တူမလို့ ပြောရာ ကနေ ကျွန်မသား၊ ကျွန်မ သမီး ပါလို့ ပြောရဲလာတယ်။ သူတို့ တွေက စပွန်ဆာ ရှာဖို့လာတာ မဟုတ်သလို လှနု တို့လည်း စပွန်ဆာ ရှာပေးတဲ့ လူတွေမဟုတ်ဘူး။ တကယ့် လူ့လောကမှာ ဘယ်သူမှ မလုပ်နိုင် မလုပ်ရဲတဲ့ အလုပ်ကို ဒီအမျိုးသမီးတွေက လုပ်တယ်ဆို တာပြချင်လို့ပါ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*