ရော်ဘာဈေး အတက်ဘက် ဦးတည်

ရော်ဘာဈေး အတက်ဘက် ဦးတည်
January 12, 2017 Asian Fame

5:25 pm
ရော်ဘာဈေး အတက်ဘက် ဦးတည်

Rubbur(ရန်ကုန်၊ ဇန်နဝါရီ ၉)

သုံးနှစ်ခန့် ကျဆင်းခဲ့သော ရော် ဘာပေါက်ဈေး များသည် ယခုလပိုင်း အတွင်း အနည်းငယ် ပြန်လည် မြင့် တက်လာကြောင်း မွန်ပြည် နယ် အ တွင်းရှိ ရော်ဘာ လုပ်ငန်းရှင်များ ထံမှ သိရသည်။

လက်ရှိ အချိန်တွင် ပြည်ပမှ ရော်ဘာ ဝယ်လိုအား ကောင်းမွန်လျက် ရှိပြီး ရော်ဘာဈေးနှုန်း မှာလည်း ပြန် လည်မြင့်တက်လျက် ရှိကာ  RSS 3 တစ် ပေါင်လျှင် ၁ဝ၇၅ ကျပ်ဝန်းကျင် ရှိ၍ ယခင်ပေါက်ဈေးဖြစ်သော ၈ဝဝ ကျော်မှ တဖြည်းဖြည်း မြင့်တက်လာ ခဲ့ခြင်း ဖြစ်သည်။

”ရော်ဘာ အထွက် များတဲ့အချိန် နဲ့ ဝယ်လိုအားများတဲ့ အချိန် ပြန်ကိုက် တော့ နည်းနည်းတော်သေးတာပေါ့။ ဒီဘက်တွေမှာက သုံးလေးနှစ် ဆက်တိုက် ရော်ဘာဈေးကျခဲ့တော့ ရော်ဘာလုပ် တဲ့သူတွေတောင် ဆက်မလုပ်ကြတာ တွေရှိခဲ့တယ်”ဟု မွန်ပြည်နယ်မှ ရော် ဘာခြံပိုင်ရှင် တစ်ဦးဖြစ်သူ ကိုသီဟက ပြောသည်။

ဒီဇင်ဘာတစ်လလုံးတွင် အမေရိ ကန်ဒေါ်လာ ၂၉ ဒသမ ၈၉၂ သန်းဖိုး ရှိ ရော်ဘာ အဆင့်စုံ ၂ဝ၇၁၄ တန် ကျော်ကို ပြည်ပသို့ တင်ပို့ခဲ့ပြီး အနီးစပ် ဆုံး နိုဝင်ဘာလတွင် ၇၆၈၆ တန်ကျော် တင်ပို့ခဲ့သောကြောင့်  ဒီဇင်ဘာလတွင်  ၁၃ဝ၂၈ တန်ပိုမို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှု နှင့် ကုန်သွယ်ရေး စခန်းများမှ ဒီဇင် ဘာလ ရော်ဘာ တင်ပို့မှုမှာ အမေရိ ကန်ဒေါ်လာ ၃၄ ဒသမ ၁၃၉ သန်းဖိုး နှင့် တန်ချိန် ၂၃၈၂၇ တန် တင်ပို့နိုင်ခဲ့ ပြီး ယခုတစ်ပတ် နိုင်ငံတကာရော်ဘာ ပေါက်ဈေး အနည်းငယ် အကျရှိသော် လည်း ပြည်ပ ပို့မည့် မြန်မာ့ရော်ဘာဈေး ကို မပြောင်းလဲဘဲ ယခင် တစ်ပတ်ဈေး အတိုင်းထား ရှိဦးမည်ဖြစ်ကြောင်း မြန် မာနိုင်ငံ ရော် ဘာ စိုက်ပျိုး ထုတ်လုပ်သူ များ အသင်းက ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ရော် ဘာ အရည်အသွေးပိုင်းတွင် လိုအပ် ချက်များ ရှိနေဆဲ ဖြစ်ပြီး ရော်ဘာ အရည်အသွေး ပိုမို ကောင်းမွန်လာမည်ဆို ပါက ဈေးနှုန်း ရရှိမှု ပိုမိုကောင်းမွန်လာ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက် ပျိုး ထုတ်လုပ်သူများ အသင်းမှ သိရသည်။

ရော်ဘာ ကဏ္ဍသည် အမျိုးသား ပို့ ကုန်ဦးစားပေး ကဏ္ဍများထဲတွင် ပါ ဝင်ပြီး မြန်မာနိုင်ငံမှ ရော်ဘာများကို ဂျပန်၊ မလေးရှား၊ တရုတ်နိုင်ငံ များသို့ အဓိကတင်ပို့ လျက်ရှိသည်။ ပြည်ပသို့ နှစ်စဉ် ရော်ဘာ တန်ချိန် ရှစ်သောင်း ကျော် တင်ပို့လျက်ရှိသည်။

HEZ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*