အလှမ်းမဝေး စာအုပ်လမ်းလေး လှမ်းလာခဲ့ပါလေး

အလှမ်းမဝေး စာအုပ်လမ်းလေး လှမ်းလာခဲ့ပါလေး
January 12, 2017 Asian Fame

2:34 pm
အလှမ်းမဝေး စာအုပ်လမ်းလေး လှမ်းလာခဲ့ပါလေး

sarpay

ပြီးခဲ့သည့်နှစ်အတွင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ်စက်ရုံဝင်းအတွင်း စာပေပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး လာရောက်အားပေးကြသည့် ပရိသတ်မှာလည်း လွန်စွာများလှသည်ကို တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ ယခုတော့ဖြင့် အဆိုပါနေရာရှိ လမ်းမကြီးထက်တွင် Yangon Book Street အမည်ဖြင့် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း စာအုပ်လမ်းလေးအဖြစ် စတင်ပြုလုပ်လာပြီဖြစ်သည်။ နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးထားသည့်အတွက်ကြောင့် ကျောင်း ပိတ်ရက်၊ ရုံးပိတ်ရက်၊ အားလပ်ချိန်များအတွင်း စာအုပ်အဟောင်း၊ အသစ် နှစ်သက်ရာစာအုပ်ကို များစွာသောစာအုပ်ဆိုင်ခန်းများအကြား ရွေးချယ်ဝယ်ယူနိုင်ပြီဖြစ်သည်။ ထို့ကြောင့် အဆိုပါစာအုပ်တန်းနေရာလေးနှင့်ပတ်သက်၍ စာပေလောကသားများ၏ မျှော်လင့်ချက်များကို မေးမြန်းဖော်ပြပေးလိုက်ပါသည်။

မိချမ်းဝေ(စာရေးဆရာမ)

ဖြစ်သင့်တာပေါ့နော်။ ဆရာမတို့လည်း အားပေးပါတယ်။ ဆရာမတို့လည်း စာအုပ်တွေထွက် နေတဲ့ သူတွေဆို တော့ စာအုပ်တွေ ရဲ့ ဈေးကွက်ကိုလည်း နည်းနည်း သိနေတာပေါ့နော်။ သိနေတဲ့အခါ ကျတော့ စာအုပ်တွေ အရောင်း နည်းနည်းထိုင်းလာတယ်။ အထူး သဖြင့် ရသစာပေပေါ့နော်။ ဒီအချိန် က သုတနဲ့ တက်ကျမ်းဘက်ကို ဖတ်ပြီးတော့ အတတ်ပညာနဲ့ဆိုင်တဲ့ စာအုပ်တွေလောက်ပဲ ရောင်းရတယ်။ မရောင်းရတာကရသပဲ။ လူတွေက ရသကိုမခံစားတော့ဘူး ဆိုလို့ရှိရင် ကိုယ်ချင်းစာတရားတွေ ခေါင်းပါးလာမယ်။ စာနာစိတ်တွေ ကင်းလာမှာပေါ့နော်။ ရသရဲ့ သက်ရောက်မှုဂုဏ်ရည်တွေက နည်းလာတာပေါ့နော်။ အဲ့ဒီလို နည်းလာတဲ့ အချိန်မှာ ဆရာမတို့က စာရေးဆရာတွေအနေနဲ့ စာဖတ် ဝိုင်းတွေဖွဲ့ပြီးတော့ လူထုကြားထဲမှာ ဖတ်ပြတာတွေ လုပ်နေပါတယ်။ နောက်ပြီးတော့ ရသစုန် ဆန်အနေနဲ့လည်း ပွဲတွေကျင်းပ ပြီးတော့ လူထုပါဝင်လာစေတဲ့ နည်းတွေနဲ့ လုပ်နေတယ်။ ဒါက စာရေးဆရာတွေဘက် အခြမ်းက ပါ။ အဲ့ဒီလိုပဲ ထုတ်ဝေသူတွေအ နေနဲ့လည်း တစ်စုံတရာ လှုပ်ရှား မှုပေါ့နော်။ ဘယ်လိုရောင်းရင် လူ တွေစိတ်ဝင်စားမလဲ။ စာအုပ်ဆိုတာ ခလုတ်တိုက်မှ ဝယ်တာလေ။ အဲ့ဒီလို လမ်းစုံလမ်းခွတွေမှာ ခလုတ်တိုက်ပြီးတော့ ရောင်းမယ် ဆိုရင်ပိုပြီးတော့ ရောင်းရပါမယ်။ လူထုကြားထဲမှာ စာအုပ်တွေ ပိုပြီး တော့ပျံ့နှံ့ပါမယ်။ ဆရာမတို့က ကြိုဆိုပါတယ်။

ကိုစန်းမွန်အောင်(ငါတို့စာပေ)

ဒါက အင်မတန် ကောင်းတဲ့ အစီအစဉ်ပါပဲ။ စာအုပ်တွေကို လူတွေနဲ့ ပြန်ပြီးတော့ နီးစပ်လာ အောင် လုပ်တာဖြစ်တဲ့အတွက် နည်းလမ်းပေါင်းစုံနဲ့ လုပ်လာတာ ဖြစ်တယ်။ အစ်ကိုတို့ ဒီဘက်ခေတ် က စာအုပ်တွေဝယ်ဖို့ဆိုပြီးတော့ စာအုပ်ဆိုင်ကနေ အခန့်သား စောင့်ရမယ့်ခေတ် မဟုတ်တော့ဘူး။ စာအုပ်တွေက လူတွေဆီ လူ တွေရှိရာ လူတွေနဲ့နီးစပ်ရာကို သွားရမယ့်ခေတ် ဖြစ်တယ်။ ဒီအ တွက်လည်း နည်းလမ်းပေါင်းစုံနဲ့ လုပ်ကြတာပေါ့နော်။ ပြန်ကြားရေး ဝန်ကြီးနဲ့ မြန်မာနိုင်ငံစာပေ ထုတ် ဝေသူနှင့် ဖြန့်ချိသူအသင်းတို့ရဲ့ ကြိုးစားမှုပေါ့နော်။ အဲ့ဒီလိုပဲ အ ခြား ပုဂ္ဂလိက အဖွဲ့အစည်းတွေက လည်း သူတို့နည်းလမ်းတွေနဲ့ သူတို့ကြိုးစားကြပါတယ်။ အဲဒီလိုပဲ အားလုံးတက်ညီလက်ညီကြိုးစား ကြရင် အစ်ကိုတို့လိုချင်တဲ့ ပန်း တိုင်ကိုရောက်မှာပါ။ စာပေဆိုတာ တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်ပဲလေ။ အင်မတန်ကောင်းတဲ့ အစီ အစဉ်ပါပဲ။ ကျွန်တော်တို့ ‘ငါတို့ စာပေ’ ကလည်း အခြေအနေ အကြောင်းကြောင်းကြောင့် အဲ့ဒီမှာ ဝင်ပြီးတော့ ပါဝင်နိုင်ခြင်းမရှိသေးဘူးပေါ့နော်။ ဒါပေမယ့် ဒီအစီ အစဉ်ကို အစ်ကိုကတော့ ကြိုဆိုပါတယ်။

သန်းမြင့်အောင် (စာရေးဆရာမ)

အဲ့ဒါက အင်မတန်ကို လုပ် သင့်ပါတယ်။ ပြန်ကြားရေးဝန်ကြီးကလည်း အဲ့ဒီအပေါ်မှာ တော် တော်အာရုံထားပါတယ်။ နောက် တစ်ခါ စာအုပ်စာပေကလူတွေနဲ့ ကိုနီးစပ်ရပါမယ်။ ပြောရမယ်ဆို ရင် ကျောင်းသားလူငယ်တွေ အားလုံးနဲ့ကို နီးစပ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့အတွက်ဆိုရင် အဓိက က စာအုပ်စာပေဖြစ်တယ်။ ယဉ် ကျေးမှုရော၊ ဓလေ့ထုံးစံရော အတွေးအခေါ်ရော၊ ဥာဏ်ပညာ ရော ဆင်ခြင်တရားရော၊ ဓမ္မ အဓမ္မကို ဆုံးဖြတ်နိုင်တာဟာ ဒီ စာအုပ်စာပေကနေ ရတာလေ။ ဒါကြောင့် နိုင်ငံအတွက်လိုအပ် ချက်တစ်ခု ဖြစ်တယ်။ ရန်ကုန်မြို့တင် မဟုတ်ဘဲနဲ့ဆက်စပ်တိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်တွေတိုင်း မှာ ဒါမျိုးက လိုကို လိုအပ်ပါတယ်။ ဒါမျိုး အကုန်လုံးမှာရှိသွားရင် အင်မတန်ကောင်းပါတယ်။ အဲ့ဒီ တော့ ပြည်သူလူထုကိုလည်း ပြော ချင်ပါတယ်။ ဒီစာအုပ်တန်းလေး ရှိလာပြီဆိုတော့ စနေ၊ တနင်္ဂနွေ မိမိအားလပ်ချိန်လေးမှာ စာအုပ် တန်းလေးကို ခြေဦးလှည့်ပြီးတော့ ကိုယ်သုံးမယ့်စွဲမယ့်အထဲက စာအုပ် တစ်အုပ်ကိုဝယ်လိုက်ခြင်းက အကျိုးရှိပါတယ်။ ဥပမာ – စား သောက်ဆိုင်တစ်ဆိုင်သွားမယ် ဆိုရင် စားလိုက်ပြီးပြီဆိုရင် အဲ့ဒီ အနှစ်သာရက နောက်ရက်တွေဆို ကုန်သွားမှာပါပဲ။ စာပေအာဟာ ရဟာ ကိုယ်နဲ့တကွ ကိုယ့်ရဲ့သားစဉ် မြေးဆက်အထိ ဖွံ့ဖြိုးသွားနိုင် တယ်။ အဲ့ဒါကြောင့် စနေ၊ တနင်္ဂ နွေ အားလပ်ချိန်လေးမှာ စာအုပ် တန်းလေးဆီ ကိုယ့်ရဲ့အသုံးအစွဲ ထဲကနေ နည်းနည်းခြိုးခြံပြီးတော့ စာအုပ်လေးတွေ ဝယ်ပြီးတော့ ကိုယ်ပိုင်စာကြည့်တိုက်လေးလိုထားကြပါလို့ တိုက်တွန်းချင်တယ်။ နောက်တစ်ခါ စာအုပ်ထုတ်ဝေသူ တွေအနေနဲ့လည်း အမြတ်အစွန်း ကို အဓိကထားပြီး လုပ်လိမ့်မယ် မဟုတ်ဘူးလို့ အစ်မယုံကြည်တယ်။ ပြည်သူတွေ အသိပညာပြန့်ပွားရေး အတွက်စေတနာထည့်ပြီး လုပ် တယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒီ တော့ ကိုယ်မဖတ်နိုင်သည့်တိုင် ကိုယ့်အိမ်က သားသမီးတွေဖတ် ကြဖို့ဖန်တီးပေးကြပါလို့ တိုက် တွန်းချင်ပါတယ်။

မောင်မောင်အောင်
(ကာတွန်းဆရာ)

စနေ၊ တနင်္ဂနွေ စာအုပ်ဈေးပွဲ တော်လေးပေါ့နော်။ အဲ့ဒါလေးကို ဆိုင်ခန်းလေးတွေနဲ့ ရောင်းကြ တယ်။ အဓိက ရည်ရွယ်ချက်က တော့ လူတွေအနေနဲ့ စာအုပ်တွေ ကို လွယ်လင့်တကူ ဝယ်နိုင်ဖို့ပေါ့ နော်။ နောက်တစ်ခုက စာပေထုတ် ဝေသူတွေကလည်း အဟောင်းရှိတဲ့ သူတွေရော၊ အသစ်ထုတ်တဲ့သူ တွေရော ရှိနေတဲ့စာအုပ်လေးတွေ ကို ရောင်းချခွင့်ရတာပေါ့။ အဲ့ဒီ တော့ နောက်ထပ်အသစ်တွေ ထုတ်ဖို့အတွက်လည်း ငွေပြန်ပေါ် တာပေါ့။ စာအုပ်ဈေးပွဲတော်လုပ် ရင် လူတွေကလာကြဝယ်ကြတယ်။ အဓိကကတော့ စာဖတ်သူတွေအတွက် တစ်နေရာတည်းမှာ ရသမျိုးစုံပေး နိုင်တဲ့စာအုပ်တွေကို အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်းမှာဝယ်လို့ရတဲ့ နေရာလေးရှိတော့ စာဖတ်သူတွေ အတွက်လည်း ပိုပြီးတော့ အဆင် ပြေသွားတော့ ကောင်းတာပေါ့ နော်။ ဒါက စာပေတန်ဖိုးထားတဲ့ သူတွေအတွက် ကောင်းပါတယ်။ ကလေးရှိတဲ့မိဘတွေဆိုရင်လည်း ကလေးတွေအတွက် ဗဟုသုတဖြစ် မယ့်စာအုပ်တွေကိုဝယ်နိုင်ဖို့အတွက်
စာအုပ်ဈေးတန်းလေးကိုသွားကြဖို့ ဖိတ်ခေါ်ပါတယ်။

အိမ်စည်စိုးစံ စုစည်းတင်ပြသည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*