မလေးရှားတွင် တိုက်ခိုက်ခံရ၍ သေဆုံးသွားသော အလုပ်သမားများ အတွက် နစ်နာကြေးများ ရရှိရေး ဆောင်ရွက်နေ

မလေးရှားတွင် တိုက်ခိုက်ခံရ၍ သေဆုံးသွားသော အလုပ်သမားများ အတွက် နစ်နာကြေးများ ရရှိရေး ဆောင်ရွက်နေ
January 12, 2017 Asian Fame

12:22 pm
မလေးရှားတွင် တိုက်ခိုက်ခံရ၍ သေဆုံးသွားသော အလုပ်သမားများ အတွက် နစ်နာကြေးများ ရရှိရေး ဆောင်ရွက်နေ

(ရန်ကုန်၊ ဇန်နဝါရီ ၉)

ဇန်နဝါရီလ ၅ရက်နေ့ ညပိုင်း က မလေးရှားတွင် လူတစ်စု၏ တိုက်ခိုက်ခံ ရမှုကြောင့် သေဆုံး သွားခဲ့သည့် မြန်မာ လုပ်သားများ နှင့် ဒဏ်ရာရ သူများအတွက် နစ် နာကြေးများ ရရှိရန်ဆောင်ရွက် နေကြောင်း သိရသည်။

မလေးရှားနိုင်ငံ စလန်းဂေါ ပြည်နယ် ဆာဒန်းအရပ်ရှိ EL­ECOL SWITHCHGEAR SDN BHD စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာလုပ်သား ၁၅ ဦးသည် အချိန်ပို အလုပ်ဆင်းပြီး အဆောင် သို့အပြန်လမ်းတွင် မျက်နှာဖုံးစွပ် ထားသော လူတစ်စု၏ တိုက်ခိုက် ခံရပြီး  မြန်မာလုပ်သား ၄ ဦး အခင်း ဖြစ်နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကာ ၂ ဦးမှာ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သေဆုံးသွားသူများ အတွက် နစ်နာလျော်ကြေး ရရှိရေး၊ အမှုမှန် ပေါ်ပေါက်ရေး တို့ကို ဆောင် ရွက် နေကြောင်း၊ ဆေးကုသမှု ခံယူနေ သည့် ဆေးရုံသို့လည်း မလေးရှား နိုင်ငံရှိ မြန်မာသံရုံးမှ သံအရာရှိ၊ အလုပ်သမား သံအရာ ရှိတို့သွား ရောက်ကြည့်ရှု၍ မလေးရှား အာဏာပိုင် များနှင့် ပူးပေါင်းကာ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက် နေကြောင်း အလုပ်သမား၊ လူဝင် မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး က ဆိုသည်။

မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အ သင်းချုပ် MOEAF မှ တွဲဖက် အတွင်းရေးမှူး ၂ ဦးကျော်ဇောက ”ဒီ အလုပ် သမားတွေ ကို ပို့တဲ့သက် ဆိုင်ရာ အေဂျင်စီတွေကိုလည်း ဒီ ကိစ္စမှာ ပူးပေါင်းပြီး ဆောင်ရွက်ဖို့၊ ပြီးတော့ မလေးရှားမှာ ရှိတဲ့ အလုပ် ရှင်အေဂျင်စီကို အကြောင်းကြား ပြီး အကူအညီ တောင်းဖို့တွေ ညွှန် ကြားထားပါတယ်” ဟု ပြောသည်။

ELECOL SWITH­CHG­EAR  SDN BHD စက်ရုံတွင် အလုပ် လုပ်နေသော မြန်မာ အလုပ် သမား ၃ဝ အနက် ၁၅ ဦးမှာ တရားဝင် အလုပ်လုပ် ကိုင်နေခြင်း ဖြစ်ပြီး ကျန် ၁၅ ဦးမှာ တရားမဝင် အလုပ်လုပ်ကိုင်နေ သူများဖြစ်သည် ဟု အထက်ပါ ဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည်။

ယခုသေဆုံး၊ ဒဏ်ရာရနှင့် စစ်ဆေး ခံနေရသူ ၁၅ ဦးတွင် တရားဝင်နှင့် တရားမဝင် အလုပ် လုပ်ကိုင်နေ သူများရော ပါနေ ကြောင်း သိရ သည်။

ထို့ပြင် ယင်းမြန်မာ လုပ်သား များ တိုက်ခိုက်ခံရမှု ဖြစ်စဉ်သည် ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့် ဆက်စပ် မှု ရှိ/မရှိ စစ်ဆေးနေကြောင်း အစိုး ရက သတင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူ များကို ဆာဒန်း ဆေးရုံကြီးတွင် ဆက်လက် ဆေးကုသပေးနေ ကြောင်း သိရသည်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*