ဥပဒေ စည်းမျဉ်းများ ပြင်ဆင်ကာ လူထုနှင့် တိုက်ရိုက် ဆက်ဆံသွားမည်ဟု မန်းစည်ပင် ကော်မတီဝင်သစ်ပြော

ဥပဒေ စည်းမျဉ်းများ ပြင်ဆင်ကာ လူထုနှင့် တိုက်ရိုက် ဆက်ဆံသွားမည်ဟု မန်းစည်ပင် ကော်မတီဝင်သစ်ပြော
January 12, 2017 Asian Fame

2:32 pm
ဥပဒေ စည်းမျဉ်းများ ပြင်ဆင်ကာ လူထုနှင့် တိုက်ရိုက် ဆက်ဆံသွားမည်ဟု မန်းစည်ပင် ကော်မတီဝင်သစ်ပြော

Mdy(မန္တလေး၊ ဇန်နဝါရီ ၁ဝ)

မန္တလေးမြို့တော် စည်ပင်သာ ယာရေး ကော်မတီသည် ဥပဒေ စည်းမျဉ်း စည်းကမ်းများ ပြင်ဆင် ခြင်းနှင့် လူထုနှင့် တိုက်ရိုက်ဆက် ဆံနိုင်ရန် လုပ်ဆောင် သွားမည်ဖြစ် ကြောင်း အသစ် ခန့်အပ်ခံရသည့် ကော်မတီဝင် အချို့က ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာ ယာရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်ကျော်ထွန်းက ”လော လောဆယ်ကတော့ မြို့တော် စည် ပင် ဥပဒေ၊ နည်းဥပဒေတွေနဲ့ ဘပူတေ တွေပေါ့။ စည်းမျဉ်းစည်းကမ်း တွေကို ပြန်ပြီးတော့ ခေတ်နဲ့ညီ အောင် ပြင်ဆင်ရေးဆွဲဖို့ မြို့တော် ဝန် က ပြောထားပါတယ်။ နောက် ဒီဥပဒေ နဲ့အညီ စနစ်တကျဖြစ်ဖို့ လည်း မှာထားပါတယ်။ ဘာတွေ ပြင်ဆင်စရာ ရှိသလဲ ဆို တာ က တော့ ဌာနတွေ နဲ့ ပြန်ပြီးတော့ တိုင်ပင်ရပါဦးမယ်” ဟု  ဇန်နဝါရီ ၆ ရက်နေ့က ပေါ်ပြူလာနယူးစ် နှင့်တွေ့ဆုံစဉ် ပြောသည်။

၁၉၇၄ ခုနှစ်က ရေးဆွဲထား ခဲ့သည့် စည်းမျဉ်း ဥပဒေ တချို့ သည် ၂ဝ၁၄ ခုနှစ် ဥပဒေနှင့် အဆင်ပြေမှု မရှိသဖြင့်  အမှန်တ ကယ် လူထု အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်၊ စည်ပင် လုပ်ငန်းစဉ်များနှင့် လိုက်လျော ညီထွေ မှုရှိစေရန် ပြန်လည် ပြင်ဆင် ရေးဆွဲ သင့်ကြောင်း၊ ပြန်လည် ပြင် ဆင်သွားရန်လည်း အစီအစဉ် ရှိ ကြောင်း ၄င်းက ဆိုသည်။

လူထုနှင့် တိုက်ရိုက် ဆက်ဆံမှု အပိုင်းတွင်လည်း နည်းပညာ အား နည်းချက်များ ရှိနေသည့် အတွက် ထိုကိစ္စနှင့် ပတ်သက် ၍ ကော်မတီ ဝင် တစ်ဦးဖြစ်သည့် ဦးရဲမြတ်သူက ”သတင်း အချက်အလက်နဲ့ ပတ်သက်ပြီး နှစ်ပိုင်း လုပ်စရာရှိပါ တယ်။ တစ်ပိုင်းက လုပ်ငန်း လုပ်နေ တာတွေမှာ ပိုပြီးတော့ မြန်ဆန်အောင် နဲ့ ပိုပြီးတော့ စနစ်ကျအောင် လုပ် တဲ့အပိုင်းပါ။ နောက်တစ်ပိုင်းက တော့ ဒီကသတင်း အချက်အလက် တွေကို ဖြန့်ချိတဲ့ ကိစ္စ နဲ့ အပြင်က အသံတွေကို ဒီဘက်က သိအောင် လုပ်တဲ့ ကိစ္စပါ” ဟု ပြောသည်။

ထို့ကြောင့် အွန်လိုင်းတွင်  မန္တလေးမြို့တော် စည်ပင်သာယာ ရေး ကော်မတီ၏  တရားဝင်စာမျက်နှာ တစ်ခု ပြုလုပ်ရန် အစီအစဉ် ရှိ ကြောင်း ၄င်း က ပြောသည်။

အွန်လိုင်းတွင် တရားဝင်စာ မျက်နှာတစ်ခု ဖန်တီးပြီးပါက မြို့ တွင်း အချက်ပြစနစ်၊ ယာဉ်ကြော ကျပ်တည်းမှု ကိစ္စနှင့် လမ်းပန်း ဆက်သွယ်ရေး ကိစ္စများကိုပါ ကိုင် တွယ် ဖြေရှင်း ပေးသွားနိုင်မည်ဖြစ် ပြီး လိုအပ်ချက် အနေနှင့် သတင်း အချက်အလက် စနစ်အတွက်  အာ ရုံခံ ကိရိယာများ လိုအပ်ကြောင်း သိရသည်။

မန္တလေးမြို့၏ လက်ရှိအခြေ အနေသည် ယာဉ်ကြော ကျပ်တည်း မှု အထိုက် အလျောက် ရှိနေပြီး တိုးတက်မှုနှင့်အတူ ယာဉ်ကြော အဆ မတန် ကျပ်လာနိုင်ကြောင်း၊ အထူးသဖြင့် ကားရပ်နားရန် နေရာ ကိစ္စပြဿနာ တက်လာနိုင်ကြောင်း မြို့လူထုက ဝေဖန်သည်။

မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီတွင် တာဝန် ထမ်းဆောင်ကြမည့် အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေး မှူး၊ ရွေး ကောက် တင်မြှောက်ခံ ကော်မတီ ဝင်များနှင့် ခန့်အပ် ကော်မတီဝင် များအား ဇန်နဝါရီ ၆ ရက်တွင် ကတိသစ္စာ ခံယူပွဲပြုလုပ်ပြီး လုပ်ငန်း တာဝန် ချထားပေးခဲ့ရာ ရွေး ကောက်ခံ ကော်မတီဝင် များမှာ ဦးခိုင်မြင့်(ခ) ဦးမောင်မောင်၊ ဦးကျော်ဇေယျ၊ ဦးကျော်ဇော အောင်၊ ဦးဇော်မျိုးလွင်၊ ဦးစော ဟန်၊ ဦးရဲမွန် တို့ဖြစ်ပြီး ခန့်အပ် ကော်မတီဝင် များမှာ  ဦးအောင် ကျော်ထွန်း ၊ ဒေါ်မြင့်မြင့်သန်း၊ ဦးသစ်ဆင်း၊ ဦးကျော်ဆန်းမြင့်နှင့် ဦးရဲမြတ်သူ တို့ ဖြစ်ကြောင်း သိရ သည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*