ပြင်သစ် ယဉ်ကျေးမှု ဌာနမှ မှတ်တမ်းတင် ဓာတ်ပုံပညာ အခမဲ့ အဆင့်မြင့် သင်တန်း ဖွင့်လှစ်

ပြင်သစ် ယဉ်ကျေးမှု ဌာနမှ မှတ်တမ်းတင် ဓာတ်ပုံပညာ အခမဲ့ အဆင့်မြင့် သင်တန်း ဖွင့်လှစ်
January 11, 2017 Asian Fame

3:07 pm
ပြင်သစ် ယဉ်ကျေးမှု ဌာနမှ မှတ်တမ်းတင် ဓာတ်ပုံပညာ အခမဲ့ အဆင့်မြင့် သင်တန်း ဖွင့်လှစ်

(ရန်ကုန်၊ ဇန်နဝါရီ ၁ဝ)

ရန်ကုန် ဓာတ်ပုံ ပွဲတော်၏ အစီ အစဉ် တစ်ရပ် အနေဖြင့် ပြင်သစ် ယဉ်ကျေးမှု ဌာနမှ မှတ်တမ်းတင် ဓာတ်ပုံပညာ အခမဲ့ အဆင့်မြင့် သင်တန်း ဖွင့်လှစ်မည် ဖြစ်သော ကြောင့် စိတ်ပါဝင်စား သူများတက် ရောက်နိုင်ရန် ဖိတ်ခေါ်ထားသည်။

ယင်းသင်တန်းသည် နဝမ အကြိမ် ရန်ကုန် ဓာတ်ပုံပွဲတော်၏ အစီအစဉ် တစ်ရပ် အနေဖြင့် မီဒီ ယာ လုပ်ငန်းကို လေ့လာချင်သူများ (သို့မဟုတ်) လုပ်ကိုင်နေသူများ အတွက် အထူးရည်ရွယ် ရေးဆွဲထား သော အချိန်ပြည့် သင်တန်းဖြစ် သည်။

သင်ကြားပေးမည့် ဆရာများ မှာ ပြင်သစ် ဓာတ်ပုံဆရာ  Christophe Loviny၊ မြန်မာ ဓာတ်ပုံ ဆရာများ ဖြစ် ကြသော ပြေကျော် မြင့်နှင့် မေကိုနိုင် တို့မှ ကူညီသင် ကြားပေးပါမည်။

သင်တန်း ကာလမှာ ဇန်နဝါရီ ၁၅ ရက်မှ ၂၂ ရက် အထိဖြစ်ပြီး စိတ်ပါဝင်စား သူများအနေဖြင့် ဇန် နဝါရီ ၁၃ ရက် နောက်ဆုံး ထား လျှောက် ထား ရမည်ဖြစ်သည်။

သင်တန်းသား ရွေးချယ်မှုများ ကို ဇန်နဝါရီလ ၁၄ ရက်တွင်ပြုလုပ် မည်ဖြစ်ပြီး ဓာတ်ပုံ အက်ဆေးရိုက် ကူးမှု၌ စိတ်အား ထက်သန်ခြင်း၊ စိတ်ကူး စိတ်သန်းကောင်းမွန်ခြင်း တို့အပေါ်တွင် မူတည်၍ ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်း ပုံစံမှာ အင်တာနက် (သို့မဟုတ်) ဂျာနယ် များတွင် ပုံနှိပ် ဖော်ပြနိုင်သည့် Photo-Essay  ခေါ် ဇာတ်ကြောင်းပြော ဓာတ်ပုံ ဇာတ်လမ်း များကို ဆရာများ၏ အကူအညီဖြင့် ကိုယ်တိုင်ဖန်တီး ရိုက်ကူးရမည်ဖြစ်ပြီး နမူနာ ကြည့်ရှု လိုပါက http://www.yangon photo.com/photo-stories/ တွင် ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ် သည်။

သင်တန်းသားများမှ ဖန်တီးရ ရှိလာသော အကောင်းဆုံး ဓာတ်ပုံ အက်ဆေး များကို မတ်လ ၁၁ ရက်တွင် ကျင်းပမည့် နဝမအကြိမ် ရန်ကုန် ဓာတ်ပုံ ပွဲတော်တွင် ပြသ သွားမည်ဖြစ်ပြီး နိုင်ငံတကာ ဓာတ် ပုံလောကမှ အထင်ကရ ပုဂ္ဂိုလ်များ ကြီးမားသော အကဲဖြတ် အဖွဲ့မှ ဆုံး ဖြတ်ကာ Canon EOS ကင်မရာ များနှင့် ဥရောပ ဓာတ်ပုံပညာသင် ခရီးစဉ်များ အပါအဝင် ဆုများကို ချီးမြှင့် သွားမည်ဖြစ် ပါသည်။ သင် တန်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ သိရှိလိုပါက www.yangonphoto.com တွင် လည်းကောင်း၊  www.facebook. com/yangonpho tofestival တွင် လည်းကောင်း ကိုပြေကျော်မြင့်၊ pyaykyawmyint @ gmail.com၊ ဝ၉၅ဝ၁၉၂၃၉ သို့လည်းကောင်း ဆက်သွယ်နိုင်ပါ သည်။

ES

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*