ဆေးခန်းထိုင်ပေးမည့်ဆရာဝန်အင်အားနှင့် အလှူရှင်လျော့နည်းလာမှုကြောင့် ရောင်ခြည်သစ်ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း ကျန်းမာရေးအသိပညာပေးပွဲ ပြုလုပ်မည်

ဆေးခန်းထိုင်ပေးမည့်ဆရာဝန်အင်အားနှင့် အလှူရှင်လျော့နည်းလာမှုကြောင့် ရောင်ခြည်သစ်ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း ကျန်းမာရေးအသိပညာပေးပွဲ ပြုလုပ်မည်
January 11, 2017 Asian Fame

11:36 am
ဆေးခန်းထိုင်ပေးမည့်ဆရာဝန်အင်အားနှင့် အလှူရှင်လျော့နည်းလာမှုကြောင့် ရောင်ခြည်သစ်ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း ကျန်းမာရေးအသိပညာပေးပွဲ ပြုလုပ်မည်

အိမ်စည်
ရန်ကုန်၊ ဇန်နဝါရီ ၆

ချို့တဲ့ နွမ်းပါးသော သူများအား ကျန်းမာရေး အထောက်အပံ့ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားသည့် ရောင်ခြည်သစ် ကုသိုလ်ဖြစ် အခမဲ့ ဆေးခန်းတွင် ယခုနှစ်အတွင်း၌ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကို အဓိကထားလုပ်ဆောင်သွားမည်ဖြစ်သည်။

”ပြည်သူ့ ကျန်းမာရေးနဲ့ ပတ်သက် ပြီးတော့ အသိပညာပေးပွဲလေးတွေပဲ ဖြစ်ဖြစ် လုပ်သွားပါမယ်။ ဥပမာပြောရရင် ဆီးချိုရောဂါနဲ့ ပတ်သက်တာပေါ့နော်။ လေထု ညစ်ညမ်းတာတို့၊ စားသောက် နေထိုင်မှုတွေကို သတိပြု ဆင်ခြင်နိုင်ဖို့ အဲ့ဒါမျိုးလေးတွေကိုပါ စဉ်းစားထားပါ တယ်။ သေချာတော့ မစီစဉ်ရသေးပါဘူး” ဟု အဆိုပါ ဆေးခန်း တာဝန်ခံ ဒေါက် တာကျော်စွာဦးက ပြောသည်။

၂ဝ၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ သည့် အဆိုပါဆေးခန်းသည် ဆေးခန်း ထိုင်ပေးမည့် ဆရာဝန် အင်အားနှင့် အလှူရှင် လျော့နည်းလာမှုများကြောင့် ယင်းသို့ စီစဉ်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ ”အရင်ကတော့ ဆေးဆိုရင်လည်း ၂ ပတ်စာ ဆေးပေးနိုင်ရာကနေ အခုဆို တစ်ပတ်စာပဲဆေးပေး နိုင်တော့ တယ်။ အလှူငွေရရှိမှု အင်အားနည်းတာလည်း ပါတယ်။ အလှူရှင်တွေကလည်း တစ်ချိန် လုံးဆိုတော့ ပန်းလာပြီ။ တကယ်လို့ အလှူငွေ အင်အား တောင့်လာရင်တော့ ပြန်ပြီး အပြည့်ပေးသွားမှာပါ” ဟု ၎င်းက ထပ်လောင်းပြောသည်။

လက်ရှိတွင် အဆိုပါ ဆေးခန်း၌ အထွေထွေရောဂါ ဝေဒနာရှင်များကို ကုသပေးလျက်ရှိပြီး ပုံမှန်အားဖြင့် ဆရာ ဝန်တစ်ဦးသော်လည်းကောင်း၊ နှစ်ဦးသော် လည်းကောင်းဖြင့် နေ့စဉ်လာရောက် ပြသသည့် ဝေဒနာရှင်များအား ကုသပေးလျက်ရှိပြီး ဆရာဝန်အင်အားမှာ စုစု ပေါင်း ၆ ဦးခန့် ရှိသည်ဟု ဒေါက်တာ ကျော်စွာဦးက ပြောသည်။ ”သူငယ်ချင်း အထူးကုဆရာဝန်တွေကလည်း နယ်တွေကို ရောက်ကုန်ပြီ။ လူငယ်ဆရာဝန်လေးတွေကလည်း အလုပ် တွေ ဝင်ကုန်ကြတဲ့အခါကျတော့ ဆရာဝန် အင်အားလည်း နည်းလာလို့ အသိပညာ ပေးတာကို အဓိကလုပ်ဆောင်သွားမှာပါ။ ဆေးခန်းကိုတော့ မဖျက်ပါဘူး။ နောက်ထပ် အင်အားပြည့်လာရင် ထပ်တိုးပြီး လုပ်ဆောင်ပေးသွားမှာပါ” ဟု ၎င်းက ထပ်လောင်းပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*