အင်တာနက် အသုံး ပြုရာတွင် ဘေးကင်း လုံခြုံစွာ အသုံးပြုတတ်စေရေး တယ်လီနော မှ ပညာပေးသွားမည်

အင်တာနက် အသုံး ပြုရာတွင် ဘေးကင်း လုံခြုံစွာ အသုံးပြုတတ်စေရေး တယ်လီနော မှ ပညာပေးသွားမည်
January 11, 2017 Asian Fame

2:38 pm
အင်တာနက် အသုံး ပြုရာတွင် ဘေးကင်း လုံခြုံစွာ အသုံးပြုတတ်စေရေး တယ်လီနော မှ ပညာပေးသွားမည်

telenor2(ရန်ကုန်၊ ဇန်နဝါရီ ၁ဝ)

အင်တာနက် အသုံးပြုရာတွင် ရရှိမည့် အခွင့်အလမ်း များနှင့် ဘေးကင်း လုံခြုံစွာ အသုံးပြုတတ် စေရေး အတွက် တယ်လီနောမှ  ပညာပေးမှု များ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

တယ်လီနောမြန်မာ လီမိတက် (တယ်လီနော) အနေနှင့် အင်တာ နက်သုံးစွဲ သူများ အတွက်  အင်တာ နက်ကို လုံခြုံ စိတ်ချရစွာ အသုံးပြု နိုင်စေရန်နှင့် အွန်လိုင်းမှ တစ်ဆင့် ရရှိနိုင်သော အခွင့်အလမ်း များစွာ အားပြည့်ဝစွာ အသုံးချ နိုင်စေရန် ရည်ရွယ်၍ အဆိုပါ အစီ အစဉ်ကို ပြုလုပ်ရန် စီစဉ်ခြင်းဖြစ်ပြီး ပညာ ပေးမှုများ အတွက် လူဦးရေပေါင်း ငါးသောင်းခန့်ကို ယခုနှစ် အတွင်း ပညာပေးမှု များ ပြုလုပ်သွားမည်ဟု တယ်လီနော၏ Head of Business Sustainability ဖြစ်သူ ကိုမင်း သူက ပြောသည်။

”အင်တာနက်က နေ့စဉ်လူနေ ထိုင်မှု ဘဝတွေကို ပြောင်းလဲစေခဲ့ပါတယ်။ တခြားနိုင်ငံတွေ မှာတော့ ဒီလို အပြောင်းအလဲကို ဆယ်စု နှစ် များစွာ ကတည်းက တွေ့ကြုံပြီး ဖြစ်ပေမယ့် မြန်မာ လူဦးရေရဲ့အ များစုကတော့ အင်တာနက် အသုံး ပြုခြင်းက ရလာမယ့် အကျိုး အပြစ် တွေကို သိရှိနိုင်ဖို့ အသစ်အဆန်း ဖြစ်နေပါသေးတယ်။  အင်တာနက် က ရရှိနိုင်မယ့် လူမှုရေးနဲ့ စီးပွား ရေး ဆိုင်ရာ အခွင့် အလမ်းတွေကို အသုံးပြုသူတွေ ကြားမှာ ပိုမိုသိရှိ လာစေဖို့၊ အထူးသဖြင့်တော့ အင် တာနက် အသုံးပြုတာကနေ အန္တ ရာယ် ရနိုင်ခြေ များတဲ့ အသက်အ ရွယ် အုပ်စုတွေကို ပညာပေးဖို့ တယ်လီနောက ဆောင်ရွက်နေပါ တယ်”ဟု ၄င်းက ပြောကြားခဲ့သည်။

တယ်လီနော အနေဖြင့် ဘေး ကင်းသည့် အင်တာနက် အသုံးပြုမှု နှင့်ပက်သက်သော လမ်းညွှန် စာအုပ် ၁၅ဝဝ ကျော်ကို လည်း ဖြန့်ဖြူးပေး ခဲ့သည့် အပြင် ဘေးကင်းသည့် အင်တာနက် အသုံးပြုမှုနှင့် ပက်သက် သော လမ်းညွှန် စာအုပ်များအား http://bit.ly/TelenorSafeInternet မှတစ်ဆင့် ရယူနိုင်ပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*