ကောင်းသော အပြောင်းအလဲကို အဆိုးမမြင် အပြစ်မတင်ကြစေလို

ကောင်းသော အပြောင်းအလဲကို အဆိုးမမြင် အပြစ်မတင်ကြစေလို
January 11, 2017 Asian Fame

10:55 am
ကောင်းသော အပြောင်းအလဲကို အဆိုးမမြင် အပြစ်မတင်ကြစေလို

pc-copy

Popular Choice  ဆိုသည်က ပေါ်ပြူလာနယူးစ်၏ ရွေးချယ်မှုဟူသည်ထက် တစ်ပတ်အတွင်းဖြစ်ခဲ့သော ထူးခြားမှုများအနက်  အမျာြး ပည် သူ စာဖတ်သူတို့အတွက် အရေးပါသော၊ အများပြည်သူအပေါ် အသက်ရောက်ဆုံး ဖြစ်စေသော အကောင်းအဆိုး တစ်စုံတစ်ရာကို လုပ်ဆောင်ခဲ့သော လူပုဂ္ဂိုလ်ဖြစ်စေ၊ အဖြစ်အပျက်တစ်ခုခုကိုဖြစ်စေ၊ တီထွင်ဆန်းသစ်မှု သို့မဟုတ် လူသုံးကုန်ပစ္စည်းတစ်ခုခုကိုဖြစ်ေ စ ပေါ်ပြူလာအဖြစ်ဆုံးဟု ယူဆသည့်အကြောင်းကို ရွေးချယ်တင်ဆက်ခြင်းဖြစ်ပါသည်။  

    တစ်ပတ်အတွင်း ဖြစ်ပွားခဲ့သည်တို့မှ ကောက်နုတ်တင်ဆက်ခြင်းဖြစ်ရာ စာဖတ်သူတို့၏ အကြိုက်နှင့် ကွဲလွဲကောင်း ကွဲလွဲနိုင်သော် လည်း ထိုကွဲလွဲမှုသည်ပင်  မတူညီသော အမြင်များကို သုံးသပ်နိုင်သည်ဖြစ်၍ အသိဥာဏ်နှင့် ရှုထောင့်များသုံးသပ်နိုင်မှု ပိုမိုကျယ်ပြန့် လာစေရန်လည်း ရည်ရွယ်ပါသည်။  အထူးသဖြင့်မူ ပေါ်ပြူလာနယူးစ်၏ စာဖတ်ပရိသတ်တို့အတွက် ရင်းနှီးရ သောအချိန်နှင့် ငွေကြေး အကျိုးမဲ့ မဖြစ်စေဘဲ တစ်ပတ်အတွင်း ထူးခြားမှုတို့ကို သိမ်းဆည်းမှတ်တမ်းပြုနိုင်ရန် ဖော်ပြခြင်းဖြစ်ပါသည်။

”အတိုးမခံချင်ရင် နောက်ကို လျှောက်”
”ဘေးနားကပ်စီး။ လူလို ပြော လူလို သိပါ”
”…ကိုကတ္တရာလမ်းနဲ့ ပွတ် ဆွဲပစ်လိုက်မယ်…”
”မင်းတို့အမေ့လင်ပိုင်တဲ့ ကားများ အောက်မေ့နေလား”
”xခွက်ကွမ်းစားသွားချင်နေ သလား”
”……….. xxxxxx……….”

အစရှိသည်တို့ကား လာမည့် ရက်ပိုင်းအတွင်းမှာပင် ရန်ကုန်မြို့ အတွင်း ဆိတ်သုဉ်း ပျောက်ကွယ် သွားတော့မည့် စကားသံများပင်   ဖြစ်သည်။

အဆိုပါ စကားသံများက ရန် ကုန်မြို့နေ၊ ခရီးသည်တင် ဘတ်စ် ကား မှီခိုအားထား လှုပ်ရှားနေရ သည့် ပြည်သူလူထုအတွက် နိစ္စ ဓူဝ နှစ်ပေါင်းအလီလီ၊ လပေါင်း အလီလီ၊ ရက်ပေါင်းအလီလီ ကြား နာခဲ့ရသည့် စကားလုံးများဆိုလျှင် မှားအံ့မထင်။

လာမည့် ဇန်နဝါရီ ၁၅ ရက် နေ့ည နောက်ဆုံးထား၍ ရန်ကုန် မြို့တွင်း လက်ရှိပြေးဆွဲနေသော ခရီးသည်တင် မော်တော်ယာဉ် လိုင်းအားလုံး(စုစုပေါင်း ၃ဝဝ) ခန့် ကို အပြီးသတ် ရပ်နားလိုက်တော့ မည်ဖြစ်သည်။ ယင်းနှင့်အတူလက် ရှိ အသက်ဝင်နေသော မော်ေ တာ် ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီး ကြပ်မှုကော်မတီ(မထသ)အဖွဲ့ကြီး ကိုပါ အပြီးသတ် ဖျက်သိမ်းလိုက် မည်ဟု ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းက သတင်းစာရှင်းလင်းပွဲပြု လုပ် ပြောကြားထားခြင်းဖြစ်သည်။

မော်တော်ယာဉ်မောင်းများ နှင့် စပယ်ယာများက ခရီးသည်များ အပေါ် ရိုင်းပြစော်ကားမှု၊ သက် ဆိုင်ရာက ချမှတ်ထားသော စည်း ကမ်းများကို နည်းလမ်းပေါင်းစုံဖြင့် ချိုးဖောက်မှု၊ မထသ ဝန်ထမ်းများ ၏စည်းကမ်းဖောက်ဖျက်မှု၊ လာဘ် ပေးလာဘ်ယူမှုများကြောင့် မထသ အဖွဲ့သည် ဝေဖန်ခံရမှုပေါင်း များ စွာဖြင့် နာမည်ဆိုးဖြင့် ကျော်ကြား နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ခရီးသည်များ အနေဖြင့် လည်း မချစ်သော်လည်း အောင့်ကာနမ်း ၍ နေ့စဉ် ခရီးစဉ်များအတွက် အဆိုပါ ယာဉ်လိုင်းများ၏ အဆူ အငေါက်ခံကာ ကားစောင့်စီးရ သည့် ဒုက္ခဝဋ်ဆင်းရဲမှ ကင်းလွတ် တော့မည် ဖြစ်သည်။

လက်ရှိ ပြေးဆွဲနေသော ခရီး သည်တင်ဘတ်စ်ကားများအားလုံး ကို ၁၅ ရက်နေ့ ညနောက်ဆုံး ထားပိတ်သိမ်းပြီးလျှင် ၁၆ ရက်နေ့ မနက်၌ ယာဉ်လိုင်း (ထပ်တိုး ၂ လိုင်း) စုစုပေါင်း ၆ဝ ပါဝင်သော အများပြည်သူ ပို့ဆောင်ရေး ယာဉ် လိုင်းများဖြင့် အစားထိုးပြေးဆွဲမည်   ဖြစ်သည်။ ယင်းအတွက်ယာဉ်လုပ် သားများကို တစ်လလျှင် အခြေခံ လစာ ကျပ် ၃ သိန်း၊ ခေါက်ကြေး တစ်ခေါက်လျှင် ၂ဝဝဝ ကျပ်ဖြင့် တစ်နေ့လျှင် ၄ ခေါက်နှုန်း ၈ဝဝဝ ကျပ်ရရှိမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်စပယ်ယာ (ယာဉ် နောက်လိုက်)များကို ခေါ်ဝေါ် သေးခြင်းမရှိဘဲ နောက်ပိုင်းလိုအပ် မှသာ ခေါ်ဝေါ်သွားမည်ဖြစ်ကြောင်း လက်ရှိမထသ (ဌာနခွဲမှူး) ဦးအေး သောင်းက ဆိုထားသည်။

မည်သို့ပင်ဖြစ်စေ ယခင်လိုအုံ နာပုတ်ပြတ်စနစ်ဖြင့် ပြေးဆွဲမည် မဟုတ်ဘဲ ယာဉ်မောင်းများကို လစာ၊ ခေါက်ကြေးများဖြင့် ခန့်အပ်   မောင်းနှင်မည်ဖြစ်သောကြောင့်  ကျော်တက်၊ ကျော်မောင်း၊ အတင်း မောင်း၊ ဇွတ်မောင်း၊ လမ်းတစ် ဝက်လှည့်ပြန်၊ ဂိတ်မရောက်ခင် ဂိတ်ဆုံး၊ ပိုက်ဆံပိုတောင်း၊ ရိုင်း စိုင်းစသည့် ဒုက္ခရန်စွယ် အန္တရာယ် အပေါင်းကိုဖြင့် ခရီးသည်များ ခံစားရတော့မည် မဟုတ်ပေ။

 သို့ရာတွင် အဆိုပါ အများ ပြည်သူ ပို့ဆောင်ရေးယာဉ်လိုင်း တွင် ယခု ဖျက်သိမ်းရတော့မည့် မထသကလည်း ရန်ကုန်မြို့ပြအ များပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ(YUPT) ဟု ဖွဲ့စည်း၍ ယာဉ်မောင်းအင်အား ၆ဝဝ ခန့် ဖြင့် ပါဝင် ပြေးဆွဲသွားမည်ဖြစ် ကြောင်း သိရသည်။

   လက်ရှိတွင် အသစ်တင်ပြေး ဆွဲမည့် ယာဉ်လိုင်းများနှင့်ပတ်သက် ၍လည်း လူမှုကွန်ရက်Yangon Bus Service   ဖေ့စ်ဘွတ်ခ်စာမျက်   နှာတွင် အပြည့်အစုံတင်ပြထားပြီး အများပြည်သူများသို့ ဖြန့်ဝေထား ပြီးဖြစ်သည်။ သို့သော် သိရှိနေပြီး သားသူများ ရှိသကဲ့သို့၊ မသိရှိသေး သူများလည်း ရှိနိုင်သဖြင့် အဆိုပါ ယာဉ်နံပါတ်နှင့် လမ်းကြောင်းများ အများပြည်သူအားလုံးထံသို့ ပျံ့ နှံ့ရန်မှာ လွန်စွာအရေး ကြီးသည့် ကိစ္စတစ်ရပ်ဖြစ်သည်။ ထို့ပြင်ကား မှတ်တိုင်များတွင်လည်း ခရီးစဉ် လမ်းကြောင်းပြအညွှန်းများကို ပြသ ထားမည်ဖြစ်ကြောင်း သိရသည်။

ယခု အများပြည်သူသယ်ယူ ပို့ဆောင်ရေးစနစ်တွင် ယခင်ပြေး ဆွဲနေသော ယာဉ်လိုင်းကြောင်းများ မှ ၈ဝ ရာခိုင်နှုန်းခန့်ကို ပြန်လည် အသုံးပြုပြီး အချို့လမ်းကြောင်းများ မှာအသစ်ဖြစ်ကြောင်း အစိုးရအဖွဲ့ က ဆိုထားသည်။

ထို့အတူ ယခင်ကကွဲပြားသည့် ယာဉ်လိုင်း နံပါတ်များဖြင့် လမ်း ကြောင်းတစ်ခုတည်းတွင် ပြေးဆွဲ နေမှုများမရှိတော့ဘဲ လမ်းကြောင်း တစ်ခုအတွက် ယာဉ်လိုင်းနံပါတ် တစ်ခုတည်းသာ ပြေးဆွဲခြင်း စနစ် ကိုလည်း ပြုလုပ်ထားလေသည်။ ထို့ကြောင့် ယခင်ကဲ့သို့ လူစည် ကားရာ၊ ယာဉ်လိုင်းများပြားရာနေ ရာတစ်ခုတည်းတွင် ယာဉ်ကြော ကျပ်တည်းနေခြင်းမျိုး အနည်းငယ် သက်သာသွားနိုင်ပြီး ယာဉ်လိုင်း များ ရန်ကုန်မြို့အတွင်း ခွဲဖြာသွား မည့်သဘောတွင် ရှိနေပြန်သည်။

သို့သော် အများပြည်သူများ အနေဖြင့် စီးနင်းစရာ ယာဉ်အစီး ရေရှားပါးနိုင်မည်လားဆိုသည့် ကိစ္စနှင့် ၁၆ ရက်နေ့ မနက်၌ မည် သည့် အခြေအနေမျိုးဖြင့် မည်သည့် ကားစီးနင်းရမည်ကို စိုးရိမ်နေမှု များကလည်း ရှိနေကြပြန်သည်။ အချို့နေရာတွင်လည်း ယခင်တစ် ဆင့်တည်း စီးရုံမျှဖြင့် လိုရာခရီး ရောက်ရှိသည့် လမ်းကြောင်းအချို့ မှာ ယခုပြောင်းလဲလိုက်သော စနစ်တွင် ၂ ဆင့်၊ ၃ ဆင့် ပြောင်း စီးမှ ရောက်ရှိမည့် အနေအထား သို့လည်း ပြောင်းလဲခဲ့လေသည်။ ယင်းအပေါ် ဝေဖန်မှု အချို့က လည်း ရှိနေပြန်သည်။

 မည်သို့ပင်ဖြစ်သည် ယခု  ယာဉ်လိုင်းများ အားလုံးကိုဖျက် သိမ်း၍ စနစ်အသစ်ပုံစံကို ပြောင်း လဲလိုက်ခြင်းသည် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအတွက် စိန်ခေါ် မှုတစ်ခုကို စတင်စမ်းသပ်လိုက် ခြင်းပင်ဖြစ်သည်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း အဆိုပါ စိန်ခေါ်မှုအတွက် ကြိုးစားဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြောထား ပြီး အမှန်တကယ်ပင် ထိန်းထိန်း သိမ်းသိမ်းဖြင့် ဂရုစိုက်ဆောင်ရွက် သွားရန် အရေးကြီးလှပေသည်။

ထိုသို့ စနစ်သစ်တစ်ခုကို ပြောင်းလဲလိုက်ခြင်းဖြစ်သည်နှင့် အညီ အစပထမတွင် အဆင်ပြေမှု များ ရှိမည်ဖြစ်သကဲ့သို့/မပြေမှုများ ကလည်း ဒွန်တွဲကပ်ပါလာမည်မှာ မလွဲပေ။

ခရီးသည် ပြည်သူများအနေ ဖြင့် မိမိတို့ လွန်စွာငြီးငွေ့လှပြီး အောင့်အည်းသည်းခံခဲ့ရသော ခရီး သည်ပို့ဆောင်ရေး စနစ်တစ်ခုမှ လွတ်ရာကျွတ်ရာဖြစ်သည့် စနစ်တစ်ခုကိုပြောင်းလဲခြင်းဖြစ်သည့်အတွက် အဆင်မပြေမှုများအပေါ် သည်းခံခွင့်လွှတ်နားလည်၍ ပူး ပေါင်းပါဝင်ကြရန်မှာ အရေးကြီး လှပါသည်။

စီစဉ်ထိန်းချုပ်သူ တိုင်းဒေသ ကြီး အစိုးရအနေဖြင့်လည်း  ခရီး သည်များထံမှ တန်ပြန်ရရှိလာ သော ဝေဖန်မှုများကို စိတ်ရှည် သည်းခံစွာဖြင့် ပြန်လည်သုံးသပ် ပြင်ဆင်၍ ယခု ဆောင်ရွက်တော့ မည့် အများ ပြည်သူသယ်ယူပို့ ဆောင်ရေးစနစ်ကို ထိန်းကျောင်း သွားပါက အောင်မြင်မှု ရနိုင်မည် မှာ မလွဲဧကန်ပင်ဖြစ်သည်။ ပြည် သူ လူထုဘက်ကလည်း ယခုစနစ် သစ်တွင် မိမိအတွက်အဆင်ပြေ မည့် ခရီးလမ်းကြောင်းကို ရွေးချယ် ထားကြရန်အရေးကြီးပေသည်။

အပြောင်းအလဲကား လာမည့် ရက်ပိုင်းအတွင်း စတင်တော့မည် ဖြစ်သည်။ ဝေဖန်မှုများလည်း ရှိ ဆဲဖြစ်သည်။ အပြောင်းအလဲကို လည်း ဆက်လက်ဖော်ဆောင် နေ ဆဲဖြစ်သည်။ ထောက်ခံသူများရှိ သကဲ့သို့၊ ကန့်ကွက်မှုများကလည်း ရှိဆဲဖြစ်သည်။

 သို့ရာတွင် ကောင်းမွန်သော အပြောင်းအလဲတစ်ခုကို အဆိုးမြင် သဘောဖြင့် ကန့်ကွက်ရှုတ်ချပြစ် တင်နေကြမည့်အစား အပြုသ   ဘောဖြင့် ဝေဖန်ထောက်ပြ၍ ကိုယ်တိုင်က ပြုပြင်ပြောင်းလဲမှ သာလျှင် အောင်မြင်သည့် စနစ် တစ်ခုဖြစ်မည်ဖြစ်ကြောင်း၊  ပြည်သူလူထု အနေဖြင့် အဆင်မပြေမှု အချို့ကို သည်းခံကျော်လွှား၍ အ ဆင်ပြေမည့်နေရာသို့ လျှောက် လှမ်းနိုင်ကြစေကြောင်း ယခုတစ်ပတ် Popular Choice  ကဏ္ဍမှ တိုက် တွန်းရေးသား လိုက်ရပါတော့သည်။
..
..
..

ယခင်ကြားနေကျ ဆဲသံ၊ဆိုသံ အော်သံ၊ ငေါက်သံများကား မကြာ မီတွင် နိဂုံးချုပ် အဆုံးသတ်တော့ မည်ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*