အများပိုင်ဘတ်စ် စနစ်သစ် ပြေးဆွဲလိုသည့် ယာဉ်ပိုင်ရှင်များ အဆိုပြုလွှာ တင်ရမည့်ရက် တိုးမြှင့် သတ်မှတ်

အများပိုင်ဘတ်စ် စနစ်သစ် ပြေးဆွဲလိုသည့် ယာဉ်ပိုင်ရှင်များ အဆိုပြုလွှာ တင်ရမည့်ရက် တိုးမြှင့် သတ်မှတ်
January 11, 2017 Asian Fame

10:17 am
အများပိုင်ဘတ်စ် စနစ်သစ် ပြေးဆွဲလိုသည့် ယာဉ်ပိုင်ရှင်များ အဆိုပြုလွှာ တင်ရမည့်ရက် တိုးမြှင့် သတ်မှတ်

img_9859-copy

ဖြိုးထက်အောင်
ရန်ကုန်၊ ဇန်နဝါရီ ၁ဝ

အများပိုင် ဘတ်စ်ကားများစုပေါင်း ပြေးဆွဲမည့်စနစ်သစ်အတွက် လမ်းကြောင်း အဆိုပြုချက်တင်ရမည့်ရက်ကို တိုးမြှင့်သတ် မှတ် လိုက်ကြောင်း သတင်းရရှိသည်။

အများပိုင် ဘတ်စ်ကားများ ပြေးဆွဲရ မည့် လမ်းကြောင်းများတွင် ပြေးဆွဲလိုသည့် ယာဉ်ပိုင်ရှင်များကို ဇန်နဝါရီ ၇ ရက်နေ့မှ ၁ဝ ရက်နေ့အထိ နောက်ဆုံးထားအဆိုပြု လွှာတင်ရန် မူလက ကြေညာထားသော် လည်း အသိပေးကြေညာချိန် အချိန်ကပ်လွန်းသည့် အတွက် ၁ဝရက်နေ့ နောက်ပိုင်း ရက်များတွင်လည်း အဆိုပြုလွှာများ လာ တင်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ေ ရးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ဝင် ကိုတရုတ်လေးက ပြောသည်။

ybs-news-copy

”၁ဝ ရက်နေ့ ဆိုတာကတော့ တစ်ဦး တစ်ယောက်ချင်း လျှောက်တဲ့ ယာဉ်ပိုင်ရှင် တွေရဲ့ စာရင်း၊ ကုမ္ပဏီတွေက လျှောက်တဲ့ ယာဉ် စာရင်းကို ၁ဝ ရက်နေ့ နောက်ပိုင်း မှာ  အစိုးရအဖွဲ့ရုံးက စစ်ဆေးမှာ ဖြစ်ပါ တယ်။ ယာဉ်ပိုင်ရှင်တွေအနေနဲ့ကတော့ လိုအပ်ချက်ရှိ တာတွေကို နောက်ရက်တွေ လည်း ထပ်သာတင်ပါ” ဟု ၄င်းက ပြော သည်။

ထို့အပြင် ခရီးသွားပြည်သူများ၏ အ သံကိုနားထောင်၍ ပြေးဆွဲသွားမည့် ယာဉ် လိုင်းအရေအတွက် တိုးရန်အစီအစဉ် ရှိ ကြောင်း ကိုတရုတ်လေးက ပြောသည်။

ပြောင်းလဲမည့်စနစ်သစ်နှင့်ပတ်သက် ၍ ၆၁ ယာဉ်လိုင်းတွင် ယာဉ်နောက်လိုက် အဖြစ်လုပ်ကိုင်နေသူကိုဇေယျာဦးက ” ကျွန် တော်တို့ ကားတွေကတော့ မော်ဒယ်က ၂ဝဝဝ ခုနှစ်တွေဆိုတော့ လက်ရှိ ပြန်ဆွဲလို့ ရနေသေးတယ်။ ကြိုဆိုပါတယ်။  အများ ကောင်းဖို့ လုပ်တာ ပဲ။  ဒီအစိုးရက နဂိုထဲ က ပြောင်းလဲချိန်တန်ပြီ ဆိုပြီး တက် လာတာပဲ။ အပြောင်းအလဲကို လက်ခံရ မှာပေါ့။ ခဏတော့ အခက်အခဲရှိနိုင်ေ ပ မယ့် ရေရှည်အတွက်တော့ ကောင်းတယ် လို့မြင်ပါတယ်” ဟု ပြောသည်။

ပြောင်းလဲမည့် မူဝါဒတွင် ၁၉၉၅ ခုနှစ်နောက်ပိုင်း မော်ဒယ်ကားများကို ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲခွင့်ပြု တော့မည်မဟုတ်ဘဲ ရပ်ဆိုင်းသွားမည်ဖြစ် ကြောင်း၊ ¤င်းယာဉ်များအနေဖြင့် ခရီး သည်တင်ယာဉ်လိုင်းမဟုတ်ဘဲ စက်ရုံကြို၊ ကျောင်းကြို၊ ကုန်တင်ယာဉ်များ အဖြစ် ပြေးဆွဲလိုပါက (ဃ)လိုင်စင် ပြောင်းလဲနိုင် ၍ CNG ထုတ်ယူခွင့်၊ ဆက်လက်အသုံး ပြုခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့မဟုတ်ဘဲ ခရီးသည်တင်ယာဉ် လိုင်းများတွင်ဆက်လက်ပါဝင်လိုသူ ယာဉ် ပိုင်ရှင်များအနေဖြင့်  ကားပြန်အပ်ပါက သိန်းတစ်ရာ ဝန်းကျင်ရရှိမည်ဖြစ်ပြီး ယာဉ် သစ်ဝယ်ယူရန် အဖွဲ့အစည်းများနှင့် ချိတ် ဆက် အကူအညီပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းေ ဒသကြီး သယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ထံမှ သိရသည်။

ရန်ကုန်မြို့တွင် လက်ရှိပြေးဆွဲနေ သော ယာဉ်လိုင်း ၃ဝဝ ကျော်ရှိပြီး ယာဉ် စီးရေပေါင်း ၄ဝဝဝ ကျော် ရှိနေသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*