အငိုမတိတ်သေးတဲ့ တောင်တန်းများနဲ့ သွေးချင်းတို့ရဲ့ အိမ်ပြန်ချိန်

အငိုမတိတ်သေးတဲ့ တောင်တန်းများနဲ့ သွေးချင်းတို့ရဲ့ အိမ်ပြန်ချိန်
January 11, 2017 Asian Fame

11:10 am
အငိုမတိတ်သေးတဲ့ တောင်တန်းများနဲ့ သွေးချင်းတို့ရဲ့ အိမ်ပြန်ချိန်

cover-copy

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲ မြို့ပေါ်ရှိ ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်း ကျောင်းဝင်းတစ်ခုလုံးဆူညံနေသည်။ လူ အများ စုစုရုံးရုံးဖြင့် တစ်ခုခုဖြစ်တော့မည့် အလား။

ရောင်စုံ အရွယ်စုံလူများစွာမှ တချို့ က အထုပ်အပိုးကိုယ်စီဖြင့်၊ တချို့ကသက် ကြီးရွယ်အိုများကို ကူမပေးခြင်းဖြင့်၊ တချို့ က ပျော်ရွှင်နေ ဟန်ရှိသည်။ ထိုလူများစွာ ထဲမှ ကလေးများက ပြေးလွှားနေသည်။

15894583_10202616301685488_1130776923014224057_n-copy

စခန်းသို့ရောက်ရှိလာချိန်က ညှိုးငယ် သော မျက်နှာရှိသော်လည်း ယခုအခါ ရွှင် လန်းနေသောမျက်နှာများ၊ ဗမာစကား မဟုတ်သော စကားသံ များက အကျယ်လောင် ဆုံး ပျံ့လွင့်လာသည်။ နားမလည်သော်လည်း မျက်နှာအမူအရာများကို ကြည့်၍ ပျော်ရွှင်နေကြ ကြောင်း သိနိုင်သည်။

ထိုမြင်ကွင်းက အိမ် ပြန်ရန် ပြင်ဆင်နေကြသော စစ်ရှောင်စခန်းတစ်ခု၏ မြင် ကွင်းဖြစ်သည်။

15941508_10202616302125499_2285544781394018667_n-copy

တစ်ခန်းရပ်ပြဇာတ်

၂ဝ၁၆ နိုဝင်ဘာ ၂ဝ ရက်နေ့ကစ၍  ရှမ်းပြည်နယ် မြောက်ပိုင်းတွင် KIA ၊ TNLA ၊ MNDAA  စသည့် လက်နက်ကိုင် ပူးပေါင်းအဖွဲ့ များနှင့် တပ်မတော်ကြား ဖြစ် ပွားခဲ့သောစစ်ပွဲကြောင့် ရှောင် တိမ်းနေကြရသော စစ်ဘေး ရှောင်ပြည်သူများအနက် တိုင်း ရင်းသားပြည် သူတစ်စု၏ အိမ် အပြန်ခရီးပင်ဖြစ်သည်။

ကျောက်မဲမြို့ရှိ ကမ္ဘောဇ ဘုန်းကြီးကျောင်းတွင် ကျောက်မဲ မြို့အနီးဝန်းကျင်ရှိ နာမ့်စောနှင့် တော့ဆန်ရွာမှ စစ်ဘေးရှောင်ပြည် သူ ၇ဝဝ ကျော် လာရောက်တိမ်း ရှောင်နေခဲ့ကြရာမှ ရွာသို့ပြန်နိုင် ပြီဖြစ်ကြောင်း သတင်းစကားပါး လာ၍ အိမ်ပြန်ရန်တက်တက်ကြွကြွ ပြင် ဆင်နေကြခြင်း ဖြစ်သည်။

”စစ်ပွဲ မရှိတော့ရင် ပြေးစရာမလို တော့ဘူး” ဟူသည့် စကားကို ပြောရင်း မျက်ရည် ပိုးပိုးပေါက်ပေါက်ကျလာသည့် မူဆယ်မြို့မှ အသက် ၉ဝ ကျော် အဖွား ဒေါ်နန့်ကြည်ဖက်၏ အိမ်ပြန်ရန်မျက်နှာ က အခြားသူများကဲ့သို့ သာသာယာယာ မရှိပါ။ စစ်ဘေးကြောင့်   နေအိမ်ပျက်စီးခဲ့ ပြီး သားသမီးမရှိဘဲ ဘဝကိုတစ်ကိုယ် တည်း ရုန်းကန်ရင်ဆိုင်နေရသည့်အတွက် အားငယ်စိတ်များက အဖွား၏ မျက်နှာ တွင် အထင်းသားပေါ်နေသည်။

မျက်ဝန်းအိမ်မှာကျလာသော မျက် ရည်ကိုသုတ်ကာ အိမ်ပြန်လမ်းကို ငေးကြည့် ရင်းအဖွားနန့်ကြည်ဖက်က ”ဘာဖြစ်လို့ များ အချင်းချင်း သတ်ဖြတ်ကြတာလဲ။ အ ဖွားဖြင့် နားမလည်တော့ဘူး”ဟု ဆိုလာ သည်။

ဘာကြောင့်စစ်ပွဲတွေ မရပ်သေးတာ လဲဆိုသည့် မေးခွန်းအပေါ်တွင် တိကျ သောအဖြေကို စစ်တိုက်သူများသာသိမည် ဟု အဖွားက ဆက်ပြောသည်။

ကမ္ဘောဇဘုန်းကြီးကျောင်းတွင် သုံး ရက်ကြာ ခိုနားအပြီး အိမ်ပြန်ရန် ပြင်ဆင် နေကြသူများတွင် နို့စို့အရွယ်ကလေးငယ် မှ အသက် ၉ဝ ကျော်အရွယ်အထိ ပါဝင် သည်။ အများစုမှာ မြန်မာစကား လုံးဝ မပြောတတ်သည့် တိုင်းရင်းသားစစ်စစ် များ ဖြစ်ကြသည်။

ထိုအထဲတွင် ကျောင်းသား ကလေး ငယ်များလည်း ပါဝင်သည်။ စစ်ဘေးစစ် ဒဏ်ကြောင့် ပညာကိုအေးဆေးစွာ မသင် ကြားရဘဲ အသက်ကိုငဲ့ကွက်ကာ နေရပ် စွန့်ခွာခဲ့ရသည့် ဘဝမျိုးမှာ သူတို့အတွက် လွန်စွာခါးသီးလှသည်။

”အိမ်ပြန်ရောက်ရင် နောက်ထပ်အိမ် နဲ့ အဝေးထွက်မသွားချင်တော့ဘူး။ စစ်ကို လည်းမုန်းလာပြီ။ စစ်တိုက်တဲ့သူတွေကို လည်း နာကြည်းလှပြီ။ စာမေးပွဲကိုလည်း ကောင်းကောင်း ဖြေ ချင်တယ်” ဟု နမ့်စောရွာမှ စတုတ္တတန်းကျောင်း သူလေးမနန့်ရတနာထွန်း က ပြောသည်။

စစ်ရှောင်ချိန်တွင် ထိုရွာ၌ အလယ် တန်းစာမေးပွဲဖြေဆိုရသည့်အချိန် ဖြစ်သည်။ မြန်မာစာတစ်ဘာသာကိုသာ ဖြေဆိုခဲ့ပြီး စစ်ရှောင် ခဲ့ရသည်ဟု ၄င်းက ပြောသည်။

ထိုသို့ပြောနေစဉ် ခပ်ဝေးဝေးမှ ကဗျာ ရွတ်သံက ဆူညံသံများကြားမှ ပေါ်ထွက် လာသည်။

”ပန်းကလေးများ ပွင့်တော့မည် ဖူးတံ ဝင့်လို့ချီ၊ နေခြည်မှာရွှေရည်လောင်း ငါတို့ စာသင်ကျောင်း” ဟူသော ထိုအသံက ဘုန်းတော်ကြီး သင်ပညာကျောင်းမှ ကျောင်း သူကျောင်းသားများ စာအံသံဖြစ်သည်။

ကဗျာရွတ်သံပြီးသည့်နောက် ပြေး ထွက်လာသည့် ကလေးများသည် အဖြူ အစိမ်းဝတ်ဆင်ထားခြင်းမရှိ။ တစ်ပတ် နွမ်း အနွေးထည် ဝတ်ကလေးများ၊ သင်္ကန်း ဝတ် ကိုရင်လေးများ ဖြစ်သည်။

ထိုကလေးများသည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ကမ္ဘောဇ ဘုန်းတော်ကြီးသင် ပညာကျောင်းမှ ကျောင်းသူေ ကျာင်းသား များ ဖြစ်သည်။

ပြေးထွက်လာသော ကလေးများကို ငေးကြည့်ရင်း စစ်ဘေးသင့် ကျေးရွာတစ် ရွာဖြစ်သည့် တော့ဆန်ရွာခံ ဦးချစ်တင်က ”အခု စစ် မဖြစ်တော့ဘူးလို့ ယုံကြည်ခဲ့ တယ်” ဟု စကားကို တုံးတိဖြတ်ကာကျ လာသောမျက်ရည်များကို သုတ်လိုက်သည်။

ကလေးများ ပြေးထွက်လာသော မြင်ကွင်းကိုကြည့်ရင်း မိမိရွာမှကလေးများ အတွက် ဝမ်းနည်းသွားသည်လား မပြော တတ်၊ ကျဆင်း လာသောမျက်ရည်များကို သုတ်ကာ ဘာစကားမျှ ထပ်မပြောတော့ ဘဲ အိမ်ပြန်ရန် သူပြင်ဆင်နေသည်။

နိုဝင်ဘာလ ၂ဝ ရက်နေ့က စတင်ခဲ့ သောတိုက်ပွဲများကြောင့်  လုံခြုံရေးတပ်ဖွဲ့ ဝင်များသာမက အပြစ်မဲ့ အရပ်သား ပြည် သူများပါ ထိခိုက်သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့သည်။

အလားတူ မူဆယ် ၁ဝ၅ မိုင် ကုန် သွယ်ရေးဇုန်အတွင်း ပိတ်မိနေသော စစ် ဘေးရှောင် ပြည်သူများအား ကူညီကယ် ဆယ်ရေး ဆောင် ရွက်ရန် သွားရောက်ခဲ့ သော မူဆယ်မြို့မှ မေတ္တာမွန် လူမှုကူညီ ရေးအသင်း၊ ၁ဝ၅ မိုင် ပါရမီလူမှုကူညီ ရေး အသင်းတို့၏ မှန်လုံမော်ေ တ်ာယာဉ် ၂ စီးအား KIA ၊ TNLA  နှင့်MNDAA   လက်နက်ကိုင်တပ်ဖွဲ့များက ပစ်ခတ်ခဲ့သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

 ”လက်နက်မဲ့ ပြည်သူတွေမှာ ဘာအ ပြစ်ရှိလဲဗျာ။  အခုကြည့်လေ ပဲကြီးလှော် ကြား ဆားညပ်နေတာက လက်နက်မဲ့ ပြည်သူတွေပါ” ဟု ကျောက်မဲအခြေစိုက် ပရဟိတသမား ကိုဆူးလှည်းကပြောသည်။

တိုက်ပွဲများအစား ငြိမ်းချမ်းရေးတံ တား တည်ဆောက်နိုင်ရန် ယခင်သမ္မတ ဦးသိန်းစိန် လက်ထက်တွင် အကြိတ်အ နယ် ဆောင်ရွက် ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ယခင်အစိုး ရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးဆွေးနွေး ပွဲ များစွာပြုလုပ် ခဲ့ပြီး လက်နက်ကိုင်တပ် ဖွဲ့အချို့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခဲ့သည်။

ကျည်ဆန်များ၊ မီးခိုးများ၊ ယမ်းနံ့များ ကြား ညှော်စော်နံနေခဲ့သော မြန်မာပြည် သည် မကြာမီကာလ အတွင်း စစ်မှန်သော ငြိမ်းချမ်းရေး ပန်းရနံ့များဖြင့် ထုံသင်း မွှေးကြိုင်မည်ကို စောင့်မျှော်နေကြသည်။

သို့ပေမယ့် ထိုမျှော်လင့်ချက်က တစ် ခန်းရပ် အိပ်မက်များသာ။

15977066_10202616302085498_586509226533014646_n-copy

စစ်ပွဲမသေသေးပါ

အိတ်ကိုယ်စီလွယ်၍ အထုပ်ကိုယ်စီ ပိုးကာ အိမ်ပြန်ရန်ဟန်ပြင်နေသည့် အမျိုး သမီးတစ်စု၏ ဘေးနားတွင်တော့ ရင်သွေး လေးများ ကိုယ်စီရှိကြသည်။ အမျိုးသားဦး ရေနည်းသည်။ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များကို ဦးဆောင်ကာ အ မျိုးသမီးများက စစ်ရှောင် ခဲ့ကြသည်။

”အမျိုးသားတွေက အိမ်မှာ ကျန်ခဲ့ရ တာက မနေခဲ့ရင်ပစ္စည်းပျောက်တာတွေ ဖြစ်မယ်။ နောက်တစ်ခုက အိမ်မွေး တိရစ္ဆာန်တွေလည်း ရှိသေးတော့ တချို့က ရွာမှာ ကျန်ခဲ့ရတယ်” ဟု နမ့်စောရွာမှ ဒေါ်နန်းစိန်လှက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး နှင့်ငြိမ်းချမ်းရေးကို တပ်မတော်သားများ လည်း အမှန်တကယ်လိုလားနေသည်။ သို့သော် နေရာ တကာတွင် အဖျက်ဟူသည် ရှိစမြဲ။ စုန်းပြူးဆိုသူများ ပေါ်လာစမြဲပင်။

ရှေ့တန်းရောက် တပ်မတော်သားတစ် ဦးဖြစ်သူ ကိုလှစိန်(နာမည်လွှဲ)က ”ကျွန် တော်တို့ တိုက်ချင်တဲ့စစ်က ပြည်ပရန်စစ်၊ အခုက တစ်မြေတည်းနေ တစ်ရေတည်း သောက်တဲ့ ကိုယ့်အချင်းချင်းသတ်ရတဲ့စစ် မတရားဘူးဗျာ။ လူဖြစ် ရှုံးတယ်” ဟု မကျေမချမ်းဟန်ြ ဖင့် ပြောသည်။

အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင် တိုင်းရင်းသားများ လိုလား လုပ်ဆောင် နေသည့် ငြိမ်းချမ်းရေးသည် ပြည်သူများ အတွက် အစစ်အမှန်ဆန္ဒတစ်ခုဖြစ်ရန် လိုအပ်ကြောင်း လွယ်တောက်ကျေးရွာ မှ ဦးကျာလားပါက ပြောသည်။

”တစ်ယောက်နှင့် တစ်ယောက်၊ တစ် ဖက်နဲ့တစ်ဖက် ယုံယုံကြည်ကြည်လေး လေးစားစားနှင့် လုပ်ဆောင်မယ်ဆို ရင်စစ်ပွဲတွေသေ တာကြာလှပြီ။ အခု စစ်ပွဲက အသက်ရှင်နေတုန်းဆိုတော့ အထဲမှာ မှားယွင်းမှုတွေ ရှိနေလို့ပဲ လေ”ဟု ဦးကျာလားပါက ဆက်ပြောသည်။

 အစိုးရနှင့်တပ်မတော်၏မေတ္တာ တရား၊ တိုင်းရင်းသားအဖွဲ့များ အ ချင်းချင်း ညီညွတ်မှု၊ စည်းလုံး ပူး ပေါင်း ပါဝင်မှုများကို ပေါင်းစည်း နိုင် လျှင် ပြည်သူများ မကြုံစဖူး မျှော်လင့်စောင့်စားလျက်ရှိသည့် နိုင်ငံလုံး ငြိမ်းချမ်းရေးကို ရယူ လိုပါက စစ်ပွဲများ အမြစ်ပြတ်မှ သာ ရရှိမည်ဖြစ် သည်။

တစ်နိုင်ငံလုံးသော ပြည်သူ များက တစ်နိုင်ငံလုံး ငြိမ်းချမ်း ချင်သည့် အာသီသ ပြင်းပြနေ သည်။ တပ်မတော်တွင်လည်း အချိန်ကုန်   ငွေကုန် လူလက် နက်ဆုံးရှုံးရသလို တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ တွင်လည်း ထိုကဲ့သို့ပင်ဖြစ်မည်။

အားလုံးက လိုလားသည့် ငြိမ်းချမ်း ရေး ဘာကြောင့် မြန်မာပြည်နှင့် ဝေးနေ သနည်း။

ထိုအဖြေကို ငြိမ်းချမ်းရေး တေးသံရှင် စောဖိုးခွားက ”လူတစ်ဦးနှင့်တစ်ဦး မယုံ ကြည်ကြလို့ပါ။ ယုံကြည်ရအောင်လည်း မနေတာလည်း ပါတယ်။ ယုံကြည်မှု မရှိရင် လက်နက်ကိုင်ထားတဲ့ အစုအဖွဲ့ပင် မဆို ထားနဲ့။ မိသားစု၊ လင်မယားနှစ်ယောက် ကြားမှာတောင် ငြိမ်းချမ်းေ ရးမရှိနိုင်ဘူး။ ပဋိပက္ခ အငြင်းပွားစရာတွေ ဖြစ်ကြတယ် လေ” ဟု မှတ်ချက်ပြုသည်။

ငြိမ်းချမ်းရေးပေးပါ

ငြိမ်းချမ်းရေး အော်ခေါ်သံများ ထပ် နေပါသော်လည်း စစ်မှန်သည့် ငြိမ်းချမ်း ရေးက အနေဝေးဆဲ။ တိုင်းရင်းသားများ လည်း ပြေး လွှားနေရဆဲ။ တပ်မတော်သား များ၊ လက်နက်ကိုင် အဖွဲ့သားများလည်း သေပျောက်နေရဆဲ။

အချိန်မနှောင်းခင် အမှောင်ပစ်၍ အလင်းသို့ဝင်လာခဲ့စေလိုသည့် ပြည်သူ များ၏ ဆန္ဒက ငြင်းပယ်၍မရ။

ကြိုးပြတ်နေသော ဖိနပ်ကို ပလတ်စ တစ်ကြိုးဖြင့် ဆက်နေသည့်တော့ ဆန်ရွာ မှ ဦးချစ်တင်က  ”ငြိမ်းချမ်းရေးပဲ လိုချင် တယ်။ တိုက်ပွဲ မလိုလားဘူး။ စစ်မှန်တဲ့ တိုက်ပွဲဆိုတာမရှိဘူး”ဟု ခပ် ဆတ်ဆတ် ပြောသည်။

ကျောက်မဲမြို့တွင်းရှိ ကမ္ဘောဇ သျှမ်းကျောင်းတော်ကြီးတွင် ၃ ရက်တာ လာရောက်စစ်ရှောင်နေ သော နမ့်စောရွာမှ ပြည်သူများ၊ လားရှိုးမြို့နှင့် ၁၃မိုင်ဝေးသည့် လွယ်တောက်ကျေးရွာမှ ၂ ရက် တာလာရောက်နေသော စစ်ရှောင်သူ တစ်ရာကျော်တို့၏ အိမ်ပြန်လမ်း ခရီးတောင်းဆုကား တစ်ခုတည်း။ နောက်ထပ် စစ်ပွဲမဖြစ်လိုတော့ သည့် တောင်းဆုပင်ဖြစ်သည်။

    ”စစ်ဖြစ်လို့ပြေးနေရရင် ကိုယ် လည်းဒုက္ခရောက်တယ်။ ကူညီတဲ့ သူလည်း ဒုက္ခရောက်တယ်။ ဒီတစ် ခါ သူတို့အိမ်ပြန်ပြီးရင် ဘယ်ေ တာ့  မှ ထွက်မပြေးပါရစေနဲ့ ဆုတောင်း ပေးတယ်” ဟုကျောက်မဲမြို့မှ  ကို ယောဟန်က ပြောသည်။

    အိမ်ပြန်ရန် ပြင်ဆင်နေသည့် စစ်ရှောင်များကို ငေးကြည့်ရင်း ကမ္ဘောဇသျှမ်းကျောင်းတော်ကြီး ဆရာတော်ဘဒ္ဒန္တပညာဘာသက ဤသို့ မိန့်ကြားခဲ့သည်။

”လူသားချင်း စာနာစိတ်ရှိရင် ဒီစစ်က ဖြစ်လာစရာ အကြောင်း မရှိဘူး။ ဘေးအန္တရယ်ကို ကြောက် လို့ရှောင်တာဖြစ်ဖြစ် အန္တရာယ် ဖြစ် လို့ရှောင်တာဖြစ်ဖြစ် ဒုက္ခက အတူတူပါပဲ။ ဘုန်းဘုန်းတို့က နိုင်ငံရေးမသိဘူး။ မလုပ်ဘူး။ လူမှု ရေးနှင့် ဘာသာရေးပဲလုပ်တယ်။ အခု လာရှောင်တဲ့လူတွေကို တတ် နိုင်သလောက် စောင့်ရှောက်တယ်” ဟုမိန့်ကြားခဲ့သည်။

အထုပ်အပိုးကိုယ်စီနှင့် အမျိုး သမီးများ၊ ကလေးများသည်လည်း ကမ္ဘောဇသျှမ်းကျောင်းတော်ကြီး နှင့် တဖြည်းဖြည်းဝေး၍ သွား သည်။

 အိမ်ပြန်ရန် ဘုန်းကြီးကျောင်း အပေါက်ဝသို့ ရောက်နေပြီဖြစ် သောတော့ဆန်ကျေးရွာမှ ဦးချစ် တင်က ရုတ်တရက် ပြန်လှည့်ပြေး လာကာ ကျောင်းဝတွင်ရပ်ကြည့် နေသော ဆရာတော်အားဦးခိုက် ၍ ”နောက်ထပ် ဆရာတော်ကို သုခတွေပဲလာပေးချင်တယ်။ ဒီလို ဒုက္ခတွေနဲ့တော့ လာမတွေ့ချင် ဘူး။ အရှင်ဘုရား တရားထိုင်ရင် တပည့်တော်တို့ ရှမ်းမြောက်ဒေသ လေး အေးချမ်းပါစေ ။ငြိမ်းချမ်းပါ   စေလို့ အထူးဆုတောင်းပေးပါ ဘုရား” ဟု လျှောက်တင်ကာ အ ထုပ်နှင့်ကလေးကို မချီရင်းပြန်လှည့် ထွက်သွားလေသည်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*