ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စား လှယ်အား ကချင် ခရီးစဉ် ခွင့် မပြုခြင်းမှာ နယ်မြေ လုံခြုံရေး အခြေအနေ ကြောင့်ဟု ကချင် ပြည်နယ် အစိုးရ အဖွဲ့ ဆို

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စား လှယ်အား ကချင် ခရီးစဉ် ခွင့် မပြုခြင်းမှာ နယ်မြေ လုံခြုံရေး အခြေအနေ ကြောင့်ဟု ကချင် ပြည်နယ် အစိုးရ အဖွဲ့ ဆို
January 11, 2017 Asian Fame

10:27 am
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စား လှယ်အား ကချင် ခရီးစဉ် ခွင့် မပြုခြင်းမှာ နယ်မြေ လုံခြုံရေး အခြေအနေ ကြောင့်ဟု ကချင် ပြည်နယ် အစိုးရ အဖွဲ့ ဆို

yanghee-lee-copy

ရဲလွင်
ရန်ကုန်၊ ဇန်နဝါရီ ၁ဝ

နယ်မြေလုံခြုံရေး အခြေအနေ ကြောင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင် ရာ လူ့အခွင့်အရေးအထူးကိုယ်စား လှယ် မစ္စရန်ဟီးလီကို ကချင်ပြည် နယ်တွင်းခရီးစဉ်များ ခွင့်မပြုခြင်းဖြစ် ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့ တွင် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီသည် ကချင်ပြည်နယ် အတွင်းရှိ KIA ဌာနချုပ်ရှိရာ လိုင်ဇာ၊ ဖားကန့်နှင့် ဗန်းမော်မြို့များသို့ သွား ရောက်ရန် ကချင်ပြည်နယ် အစိုးရထံ ခွင့်တောင်းရာ ကချင်ပြည်နယ်အစိုးရ က ခွင့်မပြုခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အစိုးရမှ ဗမာ တိုင်းရင်းသားရေးရာ ဝန်ကြီးဦးခင် မောင်မြင့်က ”လိုင်ဇာ၊ ဖားကန့်၊ ဗန်း မော်ဘက်ကို သွားဖို့ပြောတယ်။ ဒါပေ မယ့် လိုင်ဇာကျတော့ နယ်မြေအခြေ အနေအရ အဆင်မပြေဘူး။ အကယ် ၍ မြစ်ကြီးနားမြို့ ဝန်းကျင်လောက် ပဲဆိုရင်တော့ ခွင့်ပြုဖို့စီစဉ်ထားပါ တယ်” ဟု ပြောသည်။

ဖားကန့်သို့ သွားရောက်မည့်ခရီး စဉ်နှင့်ပတ်သက်၍လည်း ပြည်ထောင် စုအစိုးရအဖွဲ့သို့တင်ပြ၍ ပြည်ထောင် စုအစိုးရကေ လကြောင်းခရီးဖြင့်သွား ရောက်ရန် ခွင့်ပြုပေးလျှင် ပြည်နယ် အစိုးရအနေဖြင့် ခွင့်ပြုပေးမည်ဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် ကုလသမဂ္ဂ၏ မြန် မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စရန်ဟီးလီသည် မြစ်ကြီးနားမြို့တွင် တည်းခို လျက်ရှိ ကြောင်း၊ သူမ၏ ခရီးစဉ်အတွက် တင်ပြဆွေးနွေးနေကြောင်း ဦးခင် မောင်မြင့်က ဆိုသည်။

 ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင် ရာ လူ့အခွင့်အရေးအထူးကိုယ်စား လှယ် မစ္စရန်ဟီးလီက  ကချင်ပြည် နယ်ခရီးစဉ်အတွင်း တာဝန်ရှိ သူများ ဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိ သောကြောင့် အဆင်မပြေဟု VOA  သတင်းဌာနသို့ ပြောကြားထားကြောင်း VOA  သတင်း ဌာနတွင် ဖော်ပြထား သည်။

မစ္စရန်ဟီးလီအနေဖြင့် အစိုးရ ထိန်းချုပ်ထားသည့် ဖားကန့်ဒေသနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်ထားသည့် လိုင်ဇာမြို့ များသို့ ညှဉ်းပန်းနှိပ်စက်မှုများ၊ လူ့အခွင့်အ ရေးချိုးဖောက်မှုများ ရှိ၊ မရှိ ကိုယ် တိုင်သွား စုံစမ်းရန်ဖြစ်သည်ဟု မစ္စ ရန်ဟီးလီက VOA မြန် မာ ပိုင်းကို ပြောကြားထားကြောင်း VOA က ဖော်ပြထားပါသည်။

လက်ရှိ ကချင်ပြည်နယ်အတွင်း တွင်KIA  အဖွဲ့နှင့် မြန်မာ့တပ်မတော် ကြား တိုက်ပွဲပြင်းထန်နေပြီး စခန်း သိမ်းတိုက်ပွဲများ ဖြစ် ပွားလျက်ရှိသည်။

မစ္စရန်ဟီးလီ၏ ယခု မြန်မာနိုင်ငံ ခရီးစဉ်သည် (၅)ကြိမ်မြောက် ခရီးစဉ် ဖြစ်ပြီး  ဇန်နဝါရီလ ၂ဝ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေများကို လေ့လာစုံစမ်းမည် ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*