MAPCO က ဘဏ်လုပ်ငန်း ထူထောင်မည်

MAPCO က ဘဏ်လုပ်ငန်း ထူထောင်မည်
January 6, 2017 Asian Fame

10:26 am
MAPCO က ဘဏ်လုပ်ငန်း ထူထောင်မည်

(ရန်ကုန်၊ ဇန်နဝါရီ ၃)

မြန်မာနိုင်ငံ လယ်ယာ စီးပွား ရေး အများပိုင် ကော်ပိုရေးရှင်းလီ မိတက် (MAPCO) က Mandalay Development Bank  ဖွဲ့စည်း တည် ထောင်ရန် စီစဉ်နေကြောင်း MAPCO တာဝန်ရှိ သူများထံမှ သိရသည်။

ဘဏ်၏ အနည်းဆုံး ထည့်ဝင် ရမည့် မတည်ငွေရင်းမှာ ကျပ် ၂ဝ ဘီလျံဖြစ်ပြီး အဆိုပါ ဖွံ့ဖြိုးရေးဘဏ် လုပ်ငန်းကို ဘဏ်ရုံးချုပ် တည် ဆောက်ရန် မန္တလေး တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ ချထားပေးသော မြေနေရာတွင် Mandalay Development Bank တည်ထောင်ဖွင့် လှစ် သွားမည်ဖြစ်ကြောင်း သိရ သည်။

Mandalay Development Bank  အများပိုင် ဘဏ်ကို ဗဟို ဘဏ်၏ တည်ဆဲ ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းများနှင့် ဖွဲ့ စည်း တည်ထောင်ရန် စီစဉ်လျက်ရှိ ပြီး အများပြည်သူသို့ ကမ်းလှမ်း ခြင်းမပြုမီ MAPCO ၏ ဒါရိုက် တာ အဖွဲ့ဝင်များ၊ အစုရှယ်ယာ ရှင်များကို အများပိုင်ဘဏ် တည် ထောင်သူအဖြစ် ပါဝင်ဆောင်ရွက် နိုင်ရန် ဖိတ်ခေါ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း MAPCO မှ သိရသည်။

လက်ရှိမှာ MAPCO ဒါရိုက် တာ အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ ငွေကြေးနှင့် ဘဏ်လုပ်ငန်း၊ ဖွံ့ဖြိုး ရေး ဘဏ် လုပ်ငန်းဆိုင်ရာ မူဝါဒ၊ အစိုးရသစ်၏ မူဝါဒသဘောထား များနှင့် ဈေးကွက် အခြေအနေ တို့ကို လေ့လာ သုံးသပ်လျက်ရှိပြီး မကြာ မီတွင်လည်း ရန်ကုန် စတော့အိတ် ချိန်းတွင် ၄င်းတို့၏ ရှယ်ယာများ ကိုရောင်းချရန် ပြင်ဆင်နေကြောင်း ရှယ်ယာဝင် တစ်ဦးဖြစ်သည့် ဦးနေ လင်းဇင် က ပြောသည်။

မြန်မာ့ လယ်ယာ စီးပွားအများ ပိုင် ကော်ပိုရေးရှင်း (MAPCO) သည် ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ ပိုင်းတွင် စီးပွားရေး လုပ်ငန်းများကို စတင် ဆောင်ရွက်ခဲ့ပြီး တိုင်းရင်း သားပိုင် လယ်ယာ စီးပွားအခြေပြု အများပိုင် ကုမ္ပဏီဖြစ်သောကြောင့်  နယ်ပယ်စုံမှ ရှယ်ယာရှင်များ စိတ် ဝင်စားသည့် အများပိုင် ကုမ္ပဏီ တစ်ခုဖြစ်သည်။

HEZ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*