မြေကွက် ဝယ်ယူမှုကို ပုဂ္ဂိုလ်ရေး အရ ထိခိုက်စော်ကား လာပါက တရားစွဲမည်ဟု သရုပ်ဆောင် လွင်မိုး ပြော

မြေကွက် ဝယ်ယူမှုကို ပုဂ္ဂိုလ်ရေး အရ ထိခိုက်စော်ကား လာပါက တရားစွဲမည်ဟု သရုပ်ဆောင် လွင်မိုး ပြော
January 6, 2017 Asian Fame

10:54 am
မြေကွက် ဝယ်ယူမှုကို ပုဂ္ဂိုလ်ရေး အရ ထိခိုက်စော်ကား လာပါက တရားစွဲမည်ဟု သရုပ်ဆောင် လွင်မိုး ပြော

(ရန်ကုန်၊ ဇန်နဝါရီ ၃)

မြေကွက် ဝယ်ယူမှုနှင့် ပတ် သက်၍ ပုဂ္ဂိုလ်ရေး အရ ထိခိုက် စော်ကားလာပါက ပြင်းပြင်းထန် ထန် တရားစွဲ အရေးယူ သွား မည် ဖြစ်ကြောင်း သရုပ်ဆောင် လွင်မိုး က ဇန်နဝါရီလ ၂ ရက်နေ့က ရန် ကုန်မြို့၊ Orchid ဟိုတယ်တွင် ပြု လုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကင်းမွန်းချောင်းကျေးရွာရှိ ကွင်း အမှတ် ၁၇၆ (က) ဇရပ်ကွင်းဦးပိုင် အမှတ် ( N–၃၆၃) မှ နှစ်ဧကအ ကျယ်ရှိ မြေကွက်ကို ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ် မေလအတွင်းက ကျပ် သိန်း ၃၉၅ဝ ဖြင့် သရုပ်ဆောင် လွင်မိုးက ခြံပိုင်ရှင်ဆိုသူ ဦးကျော် သူရလှိုင်ထံမှ ဟိုတယ်ဆောက် လုပ်ရန်အတွက် စာချုပ်စာတမ်း ဖြင့် ဝယ်ယူခဲ့ပြီး တစ်လခွဲခန့်အ ကြာတွင် ခြံပိုင်ရှင်ဟုဆိုသူ နောက် ထပ်တစ်ဦး ပေါ်ထွက်လာ ခြင်းဖြစ် သည်။ ထို့ကြောင့် အဆိုပါ မြေယာ ကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်းသည့် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို သရုပ်ဆောင် ဦးလွင်မိုးနှင့် ၄င်း ဝယ်ယူခဲ့သည့် ခြံပိုင်ရှင်ဟုဆိုသူ ဦးကျော်သူရလှိုင်တို့က ဇန်နဝါရီလ ၂ ရက်နေ့ က ပြု လုပ်ခဲ့သည်။

”New Year မှာ မိသားစုနဲ့  ကျွန်တော် ငွေဆောင်မှာရှိနေတဲ့ အချိန်မှာ ကျွန်တော့်ရုံးက ဝန်ထမ်း တစ်ယောက်က ပို့ပါတယ် ။ စော နေဗလု ကနေပြီးတော့ BGF (နယ် ခြားစောင့်တပ်)နဲ့ ကိုလွင်မိုး က အ မှုဆင်ပြီးတော့ သူ့ကို ဖမ်းတယ်။ အမှု မှန် ပေါ်ပေါက်အောင် တော် ဝင်နှင်းဆီမှာ သတင်းစာ ရှင်းလင်း ပွဲလုပ်မယ်လို့ ပါလာတော့ ဒါက တော်တော်လေးကို ဒေါသထွက် တယ်။ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စ။ ကျွန်တော်တို့က အသိုင်းအဝိုင်း နဲ့ ဂုဏ်နဲ့နေတာပါ။ ဒီလိုမျိုး လုပ်လို့ တော့မရဘူး။ ဒါက ကျွန်တော်နဲ့ တိုက်ရိုက် သက်ဆိုင်သွားပြီ။ ဒါ ကြောင့် ကျွန်တော် ချက်ချင်းပဲ  သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်။ ဒီကိစ္စကို ပြောချင်တာက ရှေ့ပိုင်း မှာ ကျွန်တော် နဲ့ မဆိုင်တဲ့အတွက် သီးသန့်နေခဲ့တယ်။ သက်ဆိုင်တဲ့ ကိုကျော်သူရလှိုင် နဲ့ ရှင်းခိုင်းခဲ့ တယ်။ ပြောချင်တာ တစ်ခုက ကျွန် တော့်ရဲ့ ကိုယ်ရေး ကိုယ်တာသော် လည်းကောင်း၊ ပုဂ္ဂိုလ်ရေး အရ သော်လည်ကောင်း ထိခိုက်စော် ကား လာရင် တရားစွဲမယ်” ဟု ဦးလွင်မိုးက ပြောသည်။

”မြေစာရင်းတွေ ကျွန်တော် စစ်တယ်။ သူ့ရဲ့မြေယာ ပိုင်ဆိုင်မှု ပုံစံ (၇) ထွက်ပြီးသားမြေ။ နောက် ကျွန်တော့် မိတ်ဆွေတွေရှိတဲ့ လယ် ဆည် ဝန်ကြီး ဌာနကို Viber  နဲ့ ပို့ပြီး တော့ စစ်ဆေးတာတွေ လုပ်ပါ တယ်။ ဒီမြေဟာ ဦးသိန်းစိန် အစိုး ရ လက်ထက်မှာ ပြောင်းလဲ ထုတ် ပေးထား တဲ့ ပုံစံ (၇)နဲ့ပါ။ မှန်ကန် ပါတယ် ဆိုတာနဲ့ ကျွန်တော် ဝယ် ပါတယ်။ ဝယ်ပြီးတော့ ကျွန်တော် သူ့ (ဦးကျော်သူရလှိုင်) ကို ပိုက်ဆံ ပေးနေပြီးတော့ တစ်လခွဲ လောက် ကြာတဲ့အချိန်မှာ ကျွန်တော့်ဆီ ကို လူတစ်ယောက် ရောက်လာပါ တယ်။ ဦးအောင် ဆိုတဲ့ သူ ရောက် လာပါတယ်။ ဒီမြေဟာ သူ့မြေပါ တဲ့” ဟု ဦးလွင်မိုးက ပြောသည်။

ဦးလွင်မိုးကို မြေကွက်ရောင်း ချခဲ့သူ ဦးကျော်သူရလှိုင်က ”ကျွန် တော် ဒီမြေကို ၂ဝ၁၁ ခုနှစ် ဇူလိုင် လမှာ ဝယ်ခဲ့ပါတယ်။ ဝယ်ပြီး ၂ဝ၁၂ ခုနှစ် ဇွန်လလောက်မှာ ရော်ဘာ စတင်စိုက်ပါတယ်။ မိရိုး ဖလာ လုပ်ငန်း လုပ်ကိုင်နေခြင်း ဖြစ်တယ်။ ပတ်ဝန်းကျင် အထောက် အထား အစုံအလင် ရှိတယ်။ ဝယ် ခဲ့တယ်။ လုပ်ကိုင် စိုက်ပျိုးတယ်။ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ၂ဝ၁၆ မေလလောက်မှာ ကိုလွင်မိုး နဲ့ အ ရောင်း အဝယ်ဖြစ်တယ်။ ကျွန် တော် ၂ဝ၁၃ ခုနှစ်မှာ မြေယာဥပ ဒေနဲ့အညီ လုပ်ကိုင်သူများဟာ မြေယာ   လျှောက်ထား နိုင် သည်ဆို တာနဲ့ မြေ ယာ ပိုင်ဆိုင် ခွင့် လျှောက်ခဲ့ပါတယ်။ ပုံစံ (၇)  သက်သေခံ မြေပုံရယ်၊ အထောက် အထားရယ် ရရှိခဲ့ပါတယ်။ မြေကြီး ပိုင်ဆိုင်မှု ဥပဒေနဲ့ အညီ ရရှိခဲ့တာ ပါ။ မြေပြင်မှာလည်း စိုက်ပျိုးပါ တယ်။ ဥပဒေနဲ့ အညီ မြေစာရင်းမှာ မှတ်ပုံတင်ပြီးတော့ စာရွက်စာတမ်း အစုံအလင်နဲ့ ပိုင်ဆိုင်ပါတယ်။ မြေကြီး ပိုင်ဆိုင်မှု ဥပဒေအရ ဒီမြေ ကြီးကို ရောင်းချ၊ လွှဲပြောင်း၊ ပေါင် နှံ၊ အမွေ ပေးပိုင်ခွင့် ရှိတယ်ဆိုတဲ့ ဥပဒေ နဲ့အညီ နှစ်ဦးသဘောတူ ရောင်းချခဲ့ပါတယ်” ဟု ပြောသည်။

ယင်းမြေကွက်ကိစ္စ နှင့် ပတ်သက်၍ ယင်း မြေကွက်၏ ပိုင်ရှင် ဟုဆိုသော ဗိုလ်မှူး စောနေဗလု ကလည်း ရန်ကုန်မြို့၊ ရွှေဂုံတိုင် ရှိ တော်ဝင်နှင်းဆီ ခန်းမ၌ သတင်း စာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသတင်းစာ ရှင်းလင်းပွဲ ဖိတ်ကြား ထားသည့် ဖိတ်စာတွင် ယင်းမြေကွက် ကို ဗိုလ်မှူးစောနေ ဗလုက ၄င်းပိုင်ဆိုင်ပြီး မြေကွက် ပေါ်တွင် ရုပ်ရှင် သရုပ်ဆောင် ဦးလွင်မိုးနှင့် BGF လက်နက်ကိုင် အဖွဲ့မှ ကျူးကျော် ခြံခတ်၍ ၄င်းအ ပါအဝင် လူပုဂ္ဂိုလ် ၄ ဦးတို့ကို မတရား အမှုဆင် တရားစွဲ ဆိုခဲ့ ကြောင်း၊ မှန်ကန်သော အကြောင်း အရာများ ပေါ်ပေါက်လာရေး အတွက် သတင်းစာ ရှင်းလင်းပွဲကို ဇန်နဝါရီလ ၅ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြု လုပ်သွားမည် ဖြစ်ကြောင်း ဒီဇင် ဘာလ ၂၉ ရက်စွဲဖြင့် ဖော်ပြပါရှိ ထားကာ ‘လေးစားစွာဖြင့် ဗိုလ်မှူး စောနေဗလု Aung Zabu Soe၊ KNLA (KTL)၊ Kyaw K’Mu Khu Co., Ltd}  ဟု လက်မှတ်ရေး ထိုးထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*