ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ သိမ်းဆည်းခံလယ်ယာမြေ ၂ဝ ရာခိုင်နှုန်းခန့် လျော်ကြေးငွေမရကြောင်း စစ်ဆေးရေးအဖွဲ့ ပြော

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ သိမ်းဆည်းခံလယ်ယာမြေ ၂ဝ ရာခိုင်နှုန်းခန့် လျော်ကြေးငွေမရကြောင်း စစ်ဆေးရေးအဖွဲ့ ပြော
January 6, 2017 Asian Fame

11:40 am
ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ သိမ်းဆည်းခံလယ်ယာမြေ ၂ဝ ရာခိုင်နှုန်းခန့် လျော်ကြေးငွေမရကြောင်း စစ်ဆေးရေးအဖွဲ့ ပြော
ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ ဓာတ်ငွေ့ပိုက်လိုင်းများကို မြင်တွေ့ရစဉ်။

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ ဓာတ်ငွေ့ပိုက်လိုင်းများကို မြင်တွေ့ရစဉ်။

လင်းဟိန်း
ရန်ကုန်၊ ဇန်နဝါရီ ၃

ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံ ကိန်းကြောင့် ရခိုင်ပြည်နယ် အမ်းမြို့နယ် အတွင်း သိမ်းဆည်းခံထားရသည့် လယ် ယာမြေများ ထဲက ၂ဝ ရာခိုင်နှုန်းခန့်မှာ လျော်ကြေးငွေမရရှိကြကြောင်း ပိုက်လိုင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ သိရသည်။

ယင်းပိုက်လိုင်းစီမံကိန်းအတွက် အမ်း မြို့နယ်၌ လယ်ယာမြေဧက ၈ဝဝ ခန့်သိမ်း ယူခဲ့ရာတွင် ဧက ၁၅ဝ ကျော်ခန့်မှာ လျော်ကြေးငွေ ရရှိထားခြင်း မရှိကြောင်း ပိုက်လိုင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အဖွဲ့ ဝင် ဦးမျိုးလွင်က ပြောသည်။

ယင်းပိုက်လိုင်း စုံစမ်းစစ်ဆေးရေးအ ဖွဲ့သည် အမ်းမြို့နယ်အတွင်း ပိုက်လိုင်း ဖြတ်သန်းဖောက်လုပ်ထားသည့် ကျေးရွာ အုပ်စု ၉ ခု၊ ကျေးရွာ ၃၇ ရွာသို့ ၂ဝ၁၆ ခု သြဂုတ်လမှဒီဇင်ဘာလအထိ ကွင်းဆင်း စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

”ဒေသခံတွေရဲ့ ရိုးသားမှုကို အခွင့် ကောင်းယူပြီးတော့ အာဏာပိုင်တွေနဲ့ပေါင်း ပြီး မြေပိုင်ရှင်မဟုတ်ဘဲနဲ့ လျော်ကြေးလိမ် ထုတ် ထားတာတွေလည်း တွေ့ရပါတယ်” ဟု ၄င်းက ဆိုသည်။

ပိုက်လိုင်း ဖြတ်သန်းသွားသည့် ကျေး ရွာများတွင် သင်္ချိုင်းမြေများပျောက်ဆုံးခြင်း၊ သီးနှံများ ပျက်စီးခြင်း၊ သဘာဝပတ်ဝန်း ကျင်ပျက်စီြး ခင်း၊ လမ်းပိတ်ဆို့ခြင်း၊ ရေ မြောင်းများပိတ်ဆို့ခြင်း၊ လူနေအိမ်များ ပြောင်းရွှေ့ခံရခြင်း၊ ကျေးရွာများရွှေ့ပြောင်း ခံရခြင်း စသည့် ဆုံးရှုံးနစ် နာမှုများရှိနေ ကြောင်း ယင်းပိုက်လိုင်း စုံစမ်းစစ်ဆေးရေး အဖွဲ့မှ သိရသည်။

ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွား သည့် လမ်းတစ်လျှောက်ရှိ အမ်းမြို့နယ် ပတ်ကွေ့ကျေးရွာနှင့် သာယာကုန်းကျေးရွာ နှစ်ရွာမှ ရွာခံများသည် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမည်ကို စိုးရိမ်သောကြောင့် အမ်း -မင်းဘူး ကားလမ်း နံဘေးနှင့် အမ်း-မအီ ကားလမ်း နံဘေးသို့ ဒီဇင်ဘာလအတွင်းက ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။

ယင်းအပြင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း(MOGE)မှ မြေယာလျော် ကြေးပေးရာတွင်လည်း မြေတစ်ဧကကို မည် သည့်နှုန်းထားဖြင့်ပေးသည်ကို ပွင့်လင်း မြင်သာစွာချပြခြင်း မရှိကြောင်း ပိုက်လိုင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အဖွဲ့ဝင် ဦးဟန် မင်းလှိုင် က ပြောသည်။

အဆိုပါ စီမံကိန်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ မြန်မာနိုင်ငံ အလယ်ပိုင်း ကို ဖြတ်သန်းကာရှမ်းပြည်နယ်မှ တစ်ဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းသို့ သွယ်တန်း ဖောက်လုပ်ထားခြင်းဖြစ်ပြီး ပိုက်လိုင်းဖြတ်သန်းသွားသည့် ကျောက်ဖြူ မြို့နယ်နှင့်အမ်းမြို့နယ် တို့တွင် ဒေသခံများ ၏ မြေယာများ ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ဒေသခံများက ကန့်ကွက်မှုများရှိခဲ့သည်။

အမ်းမြို့နယ်အတွင်းတွင် ဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအတွက် သိမ်းဆည်းခြင်း မဟုတ်ဘဲ ဒေသခံအာဏာပိုင်များကသိမ်း ယူထား သည့် လယ်ယာမြေများမှလည်း ဧကပေါင်း ၁၅ဝဝ ကျော်ရှိနေကြောင်း၊ ယင်းလယ်ယာမြေများကိုလည်း ဒေသခံ များအား ပြန်ပေးစေ လိုကြောင်း ဦးမျိုးမင်း က ပြောသည်။

”အစိုးရအနေနဲ့လည်း လျော်ကြေး တွေကို အမြန်ဆုံးပေးစေချင်ပါတယ်။ သိမ်း ထားတဲ့မြေတွေကိုလည်း ပြန်ပေးစေချင်ပါ တယ်။ အရင် အစိုးရလက်ထက်က လုပ်ခဲ့ တာဆိုပြီး ဟာကွက်ကို အသုံးမချစေချင် ဘူး” ဟု ၄င်းက ပြောသည်။

ယင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ကို  ခရိုင် ဒုအုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး အထွေ ထွေအုပ်ချုပ်ရေး၊ ဆည်မြောင်း၊ စိုက်ပျိုး ရေး၊ မြေစာရင်း စသည့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ပိုက်လိုင်းတည်ဆောက် သည့် ကုမ္ပဏီမှ တာဝန်ရှိသူများ၊ MOGE မှ တာဝန်ရှိသူများနှင့် အရပ် ဘက်အဖွဲ့ အစည်းများမှ တောင်သူကိုယ်စားလှယ် တို့ဖြင့် သြဂုတ်လ ၅ ရက်နေ့တွင် ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။ လျော်ကြေးမရသည့် လယ် ယာမြေများနှင့်ပတ်သက်သည့် အစီရင်ခံ စာကို ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ တင်ပြ ထားကြောင်း သိရသည်။

လက်ရှိအချိန်ထိ ပြည်နယ်အဆင့်သို့ တိုင်ကြားထားသည့် ရခိုင်ပြည်နယ်အတွင်း မှ လယ်ယာမြေသိမ်းဆည်းမှု အမှုတွဲပေါင်း ၁ဝ၉၆ မှုရှိနေပြီး လုံးဝမဖြေရှင်းရသေးသည့် အမှုတွဲမှာ ၈ဝ ကျော်ခန့် ရှိနေသေးကြောင်း ကျန်အမှုတွဲများမှာလည်း လုံးဝပြီးပြတ် သွား ခြင်းမျိုး မရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ စာရင်းအရ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*