အခြေအနေ တည်ငြိမ်သွား ပြီဖြစ်သော်လည်း မူဆယ်နယ်စပ်ပေါက်မှ ဧည့်သည်ဝင်ရောက်မှု ပိတ်ထားဆဲဖြစ်

အခြေအနေ တည်ငြိမ်သွား ပြီဖြစ်သော်လည်း မူဆယ်နယ်စပ်ပေါက်မှ ဧည့်သည်ဝင်ရောက်မှု ပိတ်ထားဆဲဖြစ်
January 6, 2017 Asian Fame

4:31 pm
အခြေအနေ တည်ငြိမ်သွား ပြီဖြစ်သော်လည်း မူဆယ်နယ်စပ်ပေါက်မှ ဧည့်သည်ဝင်ရောက်မှု ပိတ်ထားဆဲဖြစ်

musel-photo-ko-myo-copy

မေဇင်ဝင်း
ရန်ကုန်၊ ဇန်နဝါရီ ၃

မူဆယ်တွင် နယ်မြေအခြေ အနေ တည်ငြိမ်သွားပြီဖြစ်သော်လည်းဧည့်သည် ဝင်ရောက်မှု ပိတ်ထားဆဲဖြစ်၍ ခရီးသွားလုပ်ငန်းထိခိုက် မှုများ ရှိလာကြောင်း လုပ်ငန်းရှင် အချို့ထံမှ သိရသည်။

မူဆယ် နယ်စပ်ပေါက်နှင့် တမူး နယ်စပ်ပေါက်တို့သည် ယခင်ကတည်းက ဟိုတယ်ခရီး ဝန်ကြီးဌာနမှတစ်ဆင့် သမ္မတ ရုံးသို့ ကြိုတင် ခွင့်ပြုချက်တင်ပြီး မှသာ ဝင်ရောက်ခွင့်ရခြင်းဖြစ် ကြောင်း၊ နိုဝင်ဘာ ၂ဝ ရက် ပဋိပက္ခ နောက်ပိုင်းတွင် မူဆယ်နယ်စပ် ပေါက်မှ ခရီးသွား ဝင်ရောက်မှုကို ပိတ်ထားခဲ့ရာ လက်ရှိအချိန်အထိ ပြန်မဖွင့်သေးသဖြင့် ခရီးသွားများ အနေဖြင့် အခြားလမ်းမှ ပတ်သွား နေရကြောင်း သိရသည်။

”မူဆယ်က ဝင်မရတော့ တာ ချီလိတ်ဘက်ကနေ ဝင်ရတယ်။အဲဒါကျတော့ အရမ်းဝေးတယ်။ လမ်းပန်းကျတော့လည်း မူဆယ် လောက် သွားရလာရတာမလွယ် ဘူး။ ပိုပြီး အလှမ်းဝေးတော့ အ ဆင်မပြေဘူး။ တာချီလိတ်ကနေ ကျိုင်းတုံ၊ ကျိုင်းတုံမှာတစ်ညအိပ် ပြီး အင်းလေး သွားရတော့ အဝေး ကြီး ဖြစ်နေတာပေါ့။ ဧည့်သည်တွေ လည်းပင်ပန်းတယ်” ဟု Marvellous Memory ခရီးသွားလုပ် ငန်းဒါရိုက် တာ ဒေါ်ဝင်းမာထွန်း ကပြောသည်။

ပုံမှန်အားဖြင့် ဇန်နဝါရီလ သည် မူဆယ် နယ်စပ်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ယာဉ်တန်းခရီး စဉ်များစွာ ဝင်ရောက်လေ့ရှိသလို တရုတ် နှစ်သစ်ကူးလည်းရှိသည့် အတွက် တရုတ်ဧည့်သည် လာ ရောက်မှုလည်း များလေ့ရှိကြောင်း၊ နယ်စပ်ပေါက် ပိတ်ထားခြင်း   ကြောင့် ခရီးသွားလုပ်ငန်းထိခိုက် ကြောင်း မူဆယ်ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှုဦးစီးဌာနမှတာဝန် ရှိသူတစ်ဦးက ပြောသည်။

”ဒီရက်လောက်ဆို ခရီးစဉ် တွေတင်ကြ၊ ခရီးစဉ်ချကြလုပ် ကြ တာ။ အခုတော့ အားလုံးငြိမ်သက် နေတယ်”ဟု ၄င်းက ပြောသည်။

မူဆယ်ခရိုင်/လားရှိုး ခရိုင် အတွင်း နိုဝင်ဘာ ၂ဝ ရက်မှစ၍ KIA, TNLA  နှင့် MNDAA  အဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှု များ ဖြစ် ပွားလျက်ရှိရာ လုံခြုံရေးအ ခြေအနေအရ မူဆယ်နယ်စပ် ဝင်ပေါက်မှ ပြည်ပခရီးသွားများဝင် ရောက်မှုကို နိုဝင်ဘာ ၂၁ ရက်မှ စတင် ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံမှ နေ့ချင်းပြန် ဝင်ရောက်သည့် ခရီး သွားများ လာရောက်မှုမရှိသလို ခရီးသွား လုပ်ငန်းများဖြင့် ချိတ် ဆက် လာရောက်မှုလည်း မရှိ ကြောင်း၊ ခရီးသွားကုမ္ပဏီများက လည်း အခြေအနေ စောင့်ကြည့် နေကြောင်း သိရသည်။

ပုံမှန်အားဖြင့် မူဆယ်နယ်စပ် ပေါက်မှတစ်ဆင့် ဝင်ရောက်သည့် ပြည်ပဧည့်နေ့စဉ် တစ်ရာကျော်ရှိ နေပြီး နှစ်သစ်ကူးပွဲတော်နှင့် ပိတ် ရက်များတွင် ပိုများလေ့ရှိကြောင်း မူဆယ်ဟိုတယ်နှင့် ခရီးသွားညွှန် ကြားမှု ဦးစီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*