ယူအက်စ်-တရုတ် မဟာဗျူဟာမြောက်ဆက်ဆံရေး -၅- (အရှေ့တရုတ်ပင်လယ် အကျပ်အတည်းအပြင်)

ယူအက်စ်-တရုတ် မဟာဗျူဟာမြောက်ဆက်ဆံရေး -၅- (အရှေ့တရုတ်ပင်လယ် အကျပ်အတည်းအပြင်)
January 6, 2017 Asian Fame

11:20 am
ယူအက်စ်-တရုတ် မဟာဗျူဟာမြောက်ဆက်ဆံရေး -၅- (အရှေ့တရုတ်ပင်လယ် အကျပ်အတည်းအပြင်)

min-tin9-1

အရှေ့တရုတ်ပင်လယ်ကိစ္စဟု ပြောလိုက်လျှင် တရုတ်နှင့် ဂျပန်တို့ကြားက ရှင်ကာကူ၊ ဒိုင်အိုယူကျွန်းစုတွေ (Senkaku/Diaoyu Islands) အငြင်းပွားနေမှု အ ကြောင်းကို တန်းမြင်ကြဖို့များပါ၏။ ဤကျွန်းငယ်ရှစ်ကျွန်းမှာ အကြီးဆုံးတစ်ခုကပဲ တစ်စတုရန်းကီလိုမီတာကျော်တည်ရှိ၏။ ခပ်သေးသေး ကျွန်းကလေးတွေပင်။ သို့ ငြား တရုတ်နှင့် ဂျပန်၏ ရှည်ရှည်လျား လျား သမိုင်းကြီးက နှစ်ထောင်စုများချီ ရှိ သည်။ အကောင်းတွေ အဆိုးတွေ ဒွန်တွဲ နေသည်။ ကိုရီးယားနှင့်လည်း ထိုနည်းနှင် နှင်ပဲ ဖြစ်ကြသည်။ တရုတ်၊ ဂျပန်၊ ကိုရီး ယားသမိုင်းသည် နှစ်ထောင်ချီ ကြာမြင့်ရှုပ် ထွေးကျယ်ပြန့်နက်ရှိုင်း သိမ်မွေ့လှသလို ခပ်ကြမ်းကြမ်းတွေလည်း များပြားလှပါ၏။ ထားပါတော့၊ နောက်ပိုင်း၌ ခြုံငုံဆက်စပ် မိသွားပါလိမ့်မည်။

ဤကျွန်းသေးသေးလေးတွေကို ဘယ်သူပိုင်သလဲဆိုသည်ထက် တရုတ်ရော၊ ဂျပန်အတွက်ပါ သတိအကြီးကြီး ထားနေ ကြ၊ အငြင်းပွားနေကြသည့် ရေချိန်အပေါ် မှာ အခြားကိစ္စတွေကိုပါ ထည့်သွင်း ကြည့် မြင်နိုင်ကြဖို့ လိုအပ်လာပါသည်။ နှစ်ဖက် စလုံးက ဤကိစ္စမှာ သိပ်သည်းသည်းလှုပ် ကြ၏။ ၂၁ ရာစုထဲမှာ ပိုသတိကြီးနေကြ ၏။ ယေဘုယျပြောလျှင် မကောင်းဟုဘဲ ဆိုရမည်။ ဘာကြောင့် အထိမခံ အငြင်း ပွားနေကြတာပဲ။ တရုတ်နှင့် ဂျပန်ကြားက ကာလရှည် အငြိုးအတေးတွေကြောင့်ပဲဟု ခြုံပြော၍ရသည်။ ထိုကဲ့သို့ သိပ်ယေဘု ယျဆန်လောက်အောင်လည်း ဂျပန်နှင့် ပတ်သက်လျှင် တရုတ်မှာ နှစ်ပေါင်းထောင် ချီခံစားချက်ရှိ၏။ ဒုတိယကမ္ဘာစစ်နှင့် ၂ဝ ရာစု နှောင်းပိုင်းကာလတွေမှာ ပိုမြင့်မား ခဲ့ပြီး လွန်ခဲ့သော လေးနှစ်လောက်က ဂျပန်ကာကွယ်ရေး ဘတ်ဂျက် တဟုန်ထိုး မြင့်တက်လာခဲ့သည့်အပေါ် မူတည်၍ ပို သည်းထန်လာခဲ့ပြန်သည်။ ထိုနည်းတူ ဂျပန်ဘက်မှာလည်း နှစ်ပေါင်းရာ၊ ထောင် ချီ ပြောကြဆိုကြတာတွေရှိဆဲ။ ဒုတိယ ကမ္ဘာစစ် ပြီးနောက်ပိုင်းတော့ ဂျပန်ဘက် က အတော့်ကို လျော့ကျ၊ လျှော့ချသွား ခဲ့ပါ၏။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန် တပ်၏ တရုတ်အပေါ် လုပ်ခဲ့ကိုင်ခဲ့ပုံတွေကို တရုတ်လူထု နာကြည်းကောင်းနေဆဲ။

နှစ်တစ်ထောင်ကျော်လောက် နောက် ပြန်ကြည့်မိလျှင် ထိုစဉ်ကတည်းက (အမှန် က နှစ် ၂ဝဝဝ လောက်ဆို ပိုမှန်ပါ၏) တရုတ်ရော၊ ဂျပန်ပါ အင်မတန်ဇာတိ သွေးတက် ငယ်ထိပ်ရောက်ခဲ့ကြတာချင်း အတူတူပဲဖြစ်ပါ၏။ ကိုရီးယားကပဲ ကြား ဆားညပ်ရာကနေ လူမျိုးကြီးဝါဒ ထပ်ကိုင် စွဲလိုက်တော့ နှစ်တစ်ထောင်လောက်က စပြီး သူ့နယ်ကိုယ်သိမ်း၊ ကိုယ့်နယ်သူသိမ်း တွေစဖြစ်ခဲ့၏။ ခြုံငုံကြည့်လျှင်တော့ ဂျပန် က ဗိုလ်ဖြစ်ခဲ့၏။ တရုတ်နှင့် ကိုရီးယားက မြို့ပြနိုင်ငံ (City-State) တွေသာ များခဲ့သည်။ မော်ဒန်သမိုင်းမှာတော့ ၁၈ ရာစု လောက်ကစပြီး ဂျပန်ကပဲ စတင်ရှေ့တန်းရောက်၊ စတင်’ရွေ့’ခဲ့တာဖြစ်၏။ ထို့ကြောင့် လည်း ဂျပန်သည် တိုင်းတစ်ပါး ကိုလိုနီ လက်အောက်ခံမဖြစ်ခဲ့။ မရောက်ခဲ့။ ထို့ အတွက်ပင် လူမျိုးရေးစွဲလမ်းအားကြီးမှု၊ အမျိုးသားရေးဝါဒတစ်ဖက်စွန်း ဖက်ဆစ် ဖြစ်သွားခဲ့ခြင်းဟုလည်း အကျိုးထပ်သက် ရောက်ပြန်ပါ၏။

ထို့နောက်ပိုင်းမှာတော့ ဂျပန်က ယူ အက်စ် ထီးရိပ်အောက် ရောက်သွားသည်။ ပြာပုံထဲမှ ကုန်းရုန်းထရင်း တတိယလှိုင်း အီလက်ထရွန်းနစ်ခေတ်ကို ဦးဆောင်နိုင် သည်အထိ ရုန်ြး<ွကထိုးတက်လာခဲ့ ပြန် သည်။ ၁၉၉ဝ ပြည့်လွန်နှစ်တွေမှာ အမေရိကနှင့် ဥရောပက လုပ်ငန်းကြီး လေးပုံ တစ်ပုံမက ဂျပန်တွေ (ရှယ်ယာအများစု) ပိုင်ဆိုင်ခဲ့သည်အထိ ဖြစ်လာသည်။ လစ် ဘရယ် စီးပွားရေးနှင့်ဈေးကွက် အနေအထားကို ကောင်းစွာသုံးသပ်လုပ်ကိုင်နိုင်၍ စီးပွားဖြစ်လာခဲ့ခြင်းဖြစ်သလို နိုင်ငံရေးအ ရလည်း လစ်ဘရယ်ဒီမိုကရေစီအုပ်ချုပ် ရေး Type ထဲဝင်လာ၏။ ၁၉၅၄ တောင်/ မြောက်နှစ်ခြမ်းကွဲပြီးနောက် တောင်ကိုရီး ယားလည်း ဤ ၁၉၉ဝ နှစ်ဆယ်ရာစုနောက် ဆုံးဆယ်စုလောက်မှာပဲ ဂျပန်လောက် မဟုတ်တောင် အတော်ဖြစ်ထွန်း လာခဲ့သည်။ မြောက်ကိုရီးယားကတော့…။

တရုတ်အနေဖြင့်တော့ ဒုတိယကမ္ဘာစစ်အပြီးမှာ ဥက္ကဋ္ဌကြီးမော်က ပြန်စုစည်း ထူထောင်ခဲ့၏။ သို့ငြား ယဉ်ကျေးမှု တော်လှန်ရေးကြီး၏ နောက်ဆက်တွဲတွေက အတော်ရုပ်ဆိုးလှ၏။ ၁၉၈ဝ တိန်ရှောက် ဖိန်ခေါင်းဆောင်ဖြစ်လာပြီးမှ တံခါးဖွင့်ဝါဒ၊ နိုင်ငံတော် အရင်းရှင်ပုံစံစီးပွားရေးနှင့် ကွန်မြူနစ်ပါတီ (ပြုပြင်ပြောင်းလဲရေး Moderate နှင့် Reform ကို ပိုတိမ်းညွတ်သောပုံစံဖြင့်) အုပ်ချုပ်ရေးရောစပ်၍ အော်တိုကရေစီ ခရီးစနှင်ရင်း ယနေ့ကမ္ဘာ့ဒုတိယ အကြီးဆုံး စီးပွားရေး ပမာဏရောက်လာသည်။ စီးပွားရေးကြိုက်တာလုပ်၊ နိုင်ငံရေး နှင့် လူ့အခွင့်အရေး ဘာမှအထွန့်မတက် နှင့်၊မရ။ ကွန်ဖြူးရှပ်ယဉ်ကျေးမှုက တရုတ် နိုင်ငံသား တစ်ဝက်ကျော် (သန်း ခုနစ်ရာ ကျော်) ကို ဆင်းရဲတွင်းထဲ မှ ဆွဲထုတ်ပေး ခဲ့ပြီး သန်းတစ်ရာလောက် နိုင်ငံတကာ အဆင့်ဝင်လာ၏။ ၁၉၉၇ ဟောင်ကောင်ကို ဗြိတိသျှထံမှ လွှဲပြောင်းယူပြီးတစ်နိုင်ငံ၊ မူဝါဒနှစ်ရပ်ပုံစံကလည်း ယေဘုယျမက အလုပ် ဖြစ်စေခဲ့သည်ဟု ပြော၍ရသည်။ ဤအရှေ့ တရုတ်ပင်လယ် ကျွန်းစု လေး ပိုင်နက်အငြင်းပွားမှု နောက်ပါးမှာ ရှိနေသော အကြောင်းခြင်းရာ နောက်ခံ တချို့လောက်ကို တို့ထိပြလိုက်ခြင်းမျှသာ ရှိပါသေးသည်။ တကယ်တမ်း ၁၉ ရာစု နှောင်းပိုင်း၊ နှစ်ဆယ်ရာစု အစောပိုင်းက တည်းက ကုန်းမြေ (ကျွန်းများ) ကိစ္စတရုတ် နှင့် ဂျပန်ကြားမှာ အတော်ရှိနေခဲ့နှင့်ပြီးသား ဖြစ်၏။

ပါဝါအမာတွေချည်းပဲလား

ရှင်ကာကူ/ဒိုင်အိုယူကျွန်းစုတွေ ကိစ္စ က ၂ဝ၁ဝ မှာစခဲ့၏။ တရုတ်ငါးဖမ်းလှေကို ဂျပန်ကမ်းခြေစောင့်တပ်က ဖမ်းပြီးနောက် ပိုင်း တရုတ်အစိုးရက ဂျပန်ကို ကုန်တင်ပို့မှု ပိတ်ဆို့သည်အထိကြီးမားသွားခဲ့၏။ ဂျပန်သိပ်လိုချင်သော Rare Earth နှင့် ထုတ်ကုန်တချို့ မပို့ပေးရန်တားမြစ်၏။ ၂ဝ၁၂ မှာတော့ သဘောထားတင်းမာလှသော အမျိုးသားရေးဝါဒီ (ထိုစဉ်က) တိုကျိုမြို့ တော်ဝန်က ကျွန်းသုံးကျွန်းကို (နဂိုပုဂ္ဂလိ က တစ်ဦးထံမှဝယ်ယူထားသော) ဂျပန် အစိုးရဆီက တစ်ဆင့်ဝယ်လိုက်၏။ ထိုရေ ပြင်တစ်ဝိုက်မှာ ဂျပန်ရေတပ်တွေ ပျားပန်း ခပ်လာခြင်းက တရုတ်ကို အမျက်ကြီးစေ တော့သည်။

၂ဝ၁၄ ဧပြီမှာ ယူအက်စ်သမ္မတ အို ဘားမားက စစ်ရေးဟန်တပြပြ လုပ်လာ သောနှစ်ဖက်ကြား ဝင်ထိန်းပေးဖို့ ကြိုးစား၏။ ယူအက်စ်မှာ တကယ်တမ်းကျွန်းစုတွေ ကိစ္စနှင့်ပတ်သက်၍ ပြောခွင့်၊ လုပ်ခွင့်မရှိ။ သို့ငြား ဂျပန်-ယူအက်စ်ကြားမှ လုံခြုံရေး ဆိုင်ရာစာချုပ် အာတီကယ်၅ကိုအကြောင်း ပြု၍ရနေပြန်သည်။ ယူအက်စ်က ထောက်ပြချက်တွေထဲမှာ ၂ဝ၁၂ နောက်ပိုင်း ဂျပန် ကမ်းခြေစောင့်တပ်လှုပ်ရှားမှုထက် တရုတ် ရေတပ်၏ လျှို့ဝှက်လှုပ်ရှားမှုကပိုများနေပြီး ဂျပန်ဘက်မှာ ကာကွယ်ခွင့်ရှိသည်ဟူ သောအချက်ကို ဇောင်းတင်ပြောလာတော့ ၂ဝ၁၆ ဇွန်မှာ တရုတ်စစ်သင်္ဘောတစ်စင်း ထိုရေပြင်အစပ်နားမှာ နေရာယူစေခဲ့သည် အထိ တရုတ်ဘက်က တုံ့ပြန်ခဲ့သည်။ သြ ဂုတ်လ ၆ ရက်နေ့ အထိ တရုတ်ငါးဖမ်း သင်္ဘော ၂၃ဝ လောက်ကို ရေပြင်တစ်ဝိုက် ဝင်ရောက် ငါးဖမ်းသည်ဟု စာရင်းတွေက ပြဆိုနေသည်။ တချို့က ငါးဖမ်းသင်္ဘော မဟုတ်ဟု ဆိုကြပြန်၏။ ဤကိစ္စ ယခုထိ ရှင်း၍ မပြီးစီး နိုင်သေးပေ။

ပြန်ကြည့်ကြလျှင် တကယ်တမ်းတော့ ဤအနေအထားပေါ်မှာ တုံ့ပြန်ရန် ဂျပန် က ပိုအသင့် ဖြစ်နေပုံမျိုး တွေ့ရ၏။ ပါဝါ အမာထဲမှာ စစ်ရေး၊ စီးပွားရေးနှစ်ဖက်စ လုံးအရလည်း ဂျပန်က(တရုတ်ထက် GDB နည်းသွားသော်လည်း) မျက်နှာပြင် သိပ်မ များ။ နောက်တစ်ချက်က ဒုတိယကမ္ဘာစစ် အပြီး ဂျပန်ကို ချည်နှောင်ထားသော စစ် ရေးဆိုင်ရာ စာချုပ်တွေက တစ်ရစ်ပြီးတစ် ရစ် တစ်ဆင့်ချင်း ပြေလျော့၊ ပြီးဆုံး၊ ပျက်ပြယ်လာတာတွေရှိလာခဲ့ပြီဖြစ်၏။ နှစ် ၆ဝ ကန့်သတ်ချက်ကို အတော်များများလွန် မြောက်လာခဲ့ပြီးနောက် ဆယ်စုတစ်စုအ တွင်း ဂျပန်၏ စစ်ရေးဘတ်ဂျက်၊ အသုံးစရိတ်၊ ကာကွယ်ရေးအတွက် ခေါင်းစဉ်အောက် မှ စစ်လက်နက်အင်အားဖြည့်တင်းလာမှု က ကြောက်ခမန်းလိလိဖြစ်လာနေသည်။

၂ဝ၁၇ ဘာဖြစ်နိုင်သည်လဲ

ထရမ့်ဆီမှာ စီးပွားရေး၊ နိုင်ငံခြားရေး မူဝါဒက ဥပဒေကြောင်းအရ အတော်များ များ ပိုရှိ၏။ စစ်ရေးမှာတော့ ကွန်ဂရက်က သြဇာပိုကြီးသည်။ ယခုတစ်ပတ်အတွင်း ရုရှားစပိုင်တွေဟု အိုဘားမား နှင်ထုတ်လိုက်သော သံတမန်ဝန်ထမ်းများ ကိစ္စပြီး ပြီးချင်း ပူတင်ဆီကို ရည်ရွယ်၍ ထရမ့်က တွစ်တာမှာရေးခဲ့သည်ကိုကြည့်ပြီး အတော် များများ မှတ်ချက်ပြုမရဘဲ ရှိနေသေးချိန်။ ထရမ့်က တရုတ်ကို စီးပွားရေး ခေါင်းစဉ် အောက်မှာ အတော်ပြင်းပြင်းထန်ထန် ပြောခဲ့၊ ပြောဆဲတွေကလည်း ရှိနေပြန်၏။ တရုတ်နှင့် ရုရှားဆိုသည်က အော်တိုက ရေစီအရာမှာသာ တူညီကြပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရောက်ကိစ္စရပ်အများ စုမှာ တစ်သံတည်း ထွက်လေ့ရှိကြငြား သိပ် တည့်လှသည်မဟုတ်။ ပူတင်က ဤရုရှား စပိုင်နှင့် အိုဘားမား နှင်ထုတ်မှုကိစ္စမှာ သဘောထားကြီးပြနေ၏။ တုံ့ပြန်မည့်ပုံစံ ကိုလည်း ထုတ်မပြော။ ထရမ့်က ဝင်ချော့ တာလား၊ တရုတ်နှင့် ယူအက်စ် အပေးအ ယူမျှ သဘောတူထားချက်တွေထဲက ရုရှား ကို ဆွဲသွင်းချင်တာလား အတပ်ပြောမရ။

နောက်တစ်ချက်က အရှေ့အာရှနှင့် အာရှပစိဖိတ်ဒေသကြီးမှာ ဒီမိုကရေစီနှင့် အော်တိုကရေစီ အားပြိုင်မှုဘက်က ကြည့် ပါက လာမည့်နှစ်တွေမှာ ယူအက်စ်က နောက်ရောက်သွားဖို့ ရှိနေ၏။ ဂျပန်က အစစအရာရာ နီးပါး ဦးဆောင်မှုအခန်း ကဏ္ဍယူလာ၊ ရလာမည့် အရိပ်အယောင် တွေ ရှိသည်။ ခပ်ဆိုးဆိုးအချက်ကတော့ ပြီးခဲ့သည့် သုံးလေးနှစ်အတွင်း တရုတ်လူမျိုး၊ ဂျပန် လူမျိုး ‘အနာဟောင်း’ တွေ လူထုထဲ ပြန် စိမ့်ဝင်လာခဲ့ခြင်းက ယခုထိတွေ့မြင် ကြား သိနေရဆဲ အချက်ဖြစ်၏။ မကောင်းလှပေ။ တရုတ်မှာ အမျိုးသားရေးဝါဒီတွေ ကွန်မြူ နစ်ပါတီ ထိပ်တန်းအဆင့်ထဲအထိ မရှိ မ ဟုတ်၊ ရှိပါ၏။ CCP က ထိန်းထားနိုင်၏။ ဂျပန်က အမျိုးသားရေးဝါဒ ပိုကြီးသည်ကို သတိချပ်ဖို့လိုသည်။ အထူးစောင့်ကြည့်ရ မည့်ကိစ္စကြီးဖြစ်လာနေသည်။ ထိုင်ဝမ် ကိစ္စဝင်မပြောတာကိုဘဲ ဝမ်းသာရမည့် ပုံပေါ်နေ၏။ တောင်ကိုရီးယားက ပြည် တွင်းရေးမှာလည်း သူ့အရပ်သူ့ဇာတ်သူ မနည်း ‘က’ နေရ၏။

တဇောက်ကန်း၊ တစ်ဖက်စွန်း ရောက် တာမှန်သမျှတော့ ဘာမှ မကောင်း။ အမျိုး သားရေး အစွန်းရောက်လျှင်ပိုမကောင်း။ အရှေ့တရုတ် ပင်လယ်ကိစ္စသည် တရုတ်နှင့် ဂျပန်ကြားမှ ကိစ္စသက်သက်မ ဟုတ်။ ယူအက်စ်၊ တောင်ကိုရီးယား၊ ထိုင်ဝမ် (အနည်းငယ်သက်ဆိုင်) တို့လည်းပါနေသည်။ ထရမ့်က ရုရှားကိုပါ ဆွဲထည့် လာမလား၊ ဆိုက်ဘေးရီးယားနှင့် မြောက် ကိုရီးယား ကြားခံနေ၍ ပထဝီနိုင်ငံရေးအရ ပူတင်စိတ်မဝင်စားဘူးလားဟူသည်ကလည်း ယတိပြတ် ပြော၍မရပေ။ အိုဘားမားနှင့် ရှီကျင်းဖျင်ကြားထဲက (ချပြမထားသော) သဘောတူညီချက်တချို့ကို ဂျပန် က အစဆွဲထုတ်ဖို့ ကြိုးစားနေပြီ ဆိုတာကတော့ သေချာပါ၏။ တရုတ်ဘက်ကပို၍ ဦးနှောက်ကြီး၊ သဘောထားကြီးပေးဖို့ အထူးလိုအပ်လာပါသည်။ ။

မင်းတင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*