ဓာတုဗေဒကင်းရှင်းသော တစ်နိုင်တစ်ပိုင်စားသောက်ကုန်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် သင်တန်းဖွင့်မည်

ဓာတုဗေဒကင်းရှင်းသော တစ်နိုင်တစ်ပိုင်စားသောက်ကုန်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် သင်တန်းဖွင့်မည်
January 6, 2017 Asian Fame

4:44 pm
ဓာတုဗေဒကင်းရှင်းသော တစ်နိုင်တစ်ပိုင်စားသောက်ကုန်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် သင်တန်းဖွင့်မည်

ဖြိုးထက်အောင်

ရန်ကုန်၊ ဇန်နဝါရီ ၃

ဓာတုဗေဒ ကင်းရှင်းသော တစ်နိုင်တစ်ပိုင် စားသောက်ကုန် လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် မြန် မာနိုင်ငံ စားသုံးသူကာကွယ်ရေး အသင်းနှင့် အသေးစား အလတ် စားစက်မှုလက်မှု ဦးစီးဌာန တို့မှ ပူးပေါင်း၍ အခမဲ့သင်တန်း ဖွင့် လှစ် သင်ကြားပေးသွားမည်   ဖြစ်ကြောင်း သိရသည်။

ယင်း သစ်သီးဝလံအချိုရည်၊ မုန့်လုပ်နည်းသင်တန်းကို လာ မည့် ဇန်နဝါရီလ ၉ ရက်နေ့တွင် စတင် သင်ကြားပေးသွားမည် ဖြစ်ပြီး ဇန်နဝါရီ ၁၃ ရက်နေ့အထိ ငါးရက်ကြာ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်သည်။

”အဓိက ကတော့ ဆင်းရဲနွမ်း ပါးတဲ့သူတွေကို အလုပ်အကိုင် အခွင့်အလမ်းရဖို့ပေါ့။ ပြီးတော့ စားသုံးသူတွေအတွက် ထုတ်လုပ် နေ တဲ့ပစ္စည်းတွေ အားလုံးက ဓာတုဗေဒပစ္စည်းတွေ များနေ တယ်။ ဒီသင်တန်းက သစ်သီးဝလံ သင်တန်းဆိုတော့ အသီးအနှံတွေနဲ့ ပတ် သက်ပြီး ဆီးထုပ်ထုတ်တာပဲ ဖြစ်ဖြစ် ဖျော်ရည်ဖျော်တာပဲဖြစ် ဖြစ် အားလုံးကို ဓာတုဗေဒကင်းရှင်း ဖို့ စာသင်ကျောင်းတွေမှာ ရောင်း တဲ့ မုန့်တွေဟာ ဓာတုဗေဒကင်း ရှင်းဖို့ အခြေခံထားပြီး ဖွင့်တာပါ” ဟုသင်တန်း ဖြစ်မြောက်ရေး တာဝန်ခံ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းမှ အတွင်း ရေးမှူး ဦးဝင်းမြင့်ကပြောသည်။

ယင်းသင်တန်းကို လူဦးရေ ၃၅ ဦးခန့် သင်ကြားပေးသွားရန် လျာထားပြီး သင်တန်းပြီးဆုံး ပါက သင်တန်းဆင်း အောင် လက်မှတ်  ချီးမြှင့်သွားမည် ဖြစ်ကြောင်း ဦး ဝင်းမြင့်က ဆက်ပြောသည်၊

”သင်တန်း ပြီးသွားရင် အစိုးရ အသိအမှတ်ပြု သင်တန်း ဆင်းအောင်လက်မှတ် ထုတ်ပေး မှာပါ။ ဒီလက်မှတ်က အသေးစား လုပ်ငန်း လိုင်စင် လျှောက်တဲ့ နေရာမှာ တိုက်ရိုက်အသုံးဝင်မှာပါ၊ သင်ပေးမယ့် ဆရာတွေကိုကျ နေပြည်တော်က သက်ဆိုင်ရာ ပညာရှင်တွေကို တိုက်ရိုက် ချပေး တာပါ” ဟု ¤င်းကဆက်ပြော သည်။

ယခုသင်တန်းမှာ အပတ် စဉ် (၂) ဖြစ်ပြီး ပြီးခဲ့သည့်အပတ်စဉ် (၁) ကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ က လူဦးရေ ၅၆ ဦးကို သင်ကြား   ပေးခဲ့ကြောင်း၊ ယင်းအထဲမှ လူ  ၂ဝ ခန့်မှာ အသေးစား အလတ် စား ကိုယ်ပိုင်လုပ်ငန်းများ လုပ် ကိုင်သွားကြကြောင်း ဦးဝင်း မြင့်က   ပြောသည်၊

သင်တန်းကို လှိုင်သာယာမြို့ နယ်၊ စနေမမှတ်တိုင်အနီးရှိ သမ ဝါယမ လီမိတက်ခန်းမ၌ ပြု လုပ်သွားမည်ဖြစ်ကာ တက်ရောက် လိုသူများအနေဖြင့် သင်တန်း တာဝန်ခံဖုန်း ဝ၉၃၁၅၉၂ ၁၇၂ သို့ ဇန်နဝါရီလ ၇ ရက်နေ့ နောက် ဆုံးထား ဆက်သွယ်လျှောက်ထား ရ မည်ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*