အခွန်ရှောင်မှုဖြင့် လုပ်ငန်းရှင်နှစ်ဦးကို ပြည်တွင်းအခွန်များဦးစီးဌာန တရားစွဲမည်

အခွန်ရှောင်မှုဖြင့် လုပ်ငန်းရှင်နှစ်ဦးကို ပြည်တွင်းအခွန်များဦးစီးဌာန တရားစွဲမည်
January 6, 2017 Asian Fame

11:49 am
အခွန်ရှောင်မှုဖြင့် လုပ်ငန်းရှင်နှစ်ဦးကို ပြည်တွင်းအခွန်များဦးစီးဌာန တရားစွဲမည်

PNews

ရန်ကုန်၊ ဇန်နဝါရီ ၃

ပဲခူးမြို့မှ လုပ်ငန်းရှင်နှစ်ဦးကို အ ခွန်ရှောင်မှုဖြင့် ပြည်တွင်းအခွန်များဦးစီး ဌာနက တရားလိုလုပ်ကာ တရားစွဲဆိုရန် စီစဉ်နေသည်ဟု ယင်းဦးစီးဌာနမှသတင်း ရရှိသည်။

အဆိုပါနှစ်ဦးသည် ရောင်းဝယ်ရေး လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း စသည့် အလုပ်တို့ကို လုပ်ကိုင်နေကြသူတို့ ဖြစ်သည် ဟု  ပြည်တွင်း အခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြော သည်။

ထိုနှစ်ဦး၏အမည်ကိုမူ ညွှန်ချုပ်က ထုတ်ဖော်မပြောသေးသည့်အပြင် ရှောင် ထားသည့်အခွန်ငွေ မည်မျှရှိသည်ကိုပါ မပြောဆိုခဲ့ပေ။
”ကျွန်တော်တို့ စီစဉ်နေလို့ပါ။တရား စွဲသွားမှာပါ”ဟု ဦးမင်းထွဋ်က ဆက်ပြော သည်။

ထိုသူနှစ်ဦးကို တရားစွဲဆိုလိုက်ပါက အစိုးရသစ်လက်ထက်အတွင်း အခွန်ရှောင် သူကို ဥပဒေအရ ပထမဦးဆုံးတရားစွဲဆို မှုဖြစ်သွားမ ည်ဟု ညွှန်ကြားရေးမှူးချုပ် က ဆိုသည်။

ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် လက် ထက်က ထိုသို့မရှိခဲ့ပါဟု ¤င်းထံမှ သိရ သည်။ ယင်းဦးစီးဌာနက ၂ဝ၁၆ ခုနှစ် နှစ် ကုန်ပိုင်း အချိန်က နိုင်ငံပိုင်သတင်းစာထဲ မှနေ၍ ပဲခူးတိုင်းအတွင်း အခွန်မဆောင် ဘဲ ရှောင်နေသူတို့ကို အခွန်ပေးဆောင် ကြရန် သတိပေးခဲ့ဖူးပြီး အခွန်လာဆောင် သူ အချို့ရှိခဲ့သည်။

ပြည်တွင်းအခွန် ဦးစီးဌာနက ယခု တရားစွဲဆိုရန် စီစဉ်မှုသည် ထိုထဲမှ ဖြစ် နိုင်သည်ဟု ပဲခူးမြို့လုပ်ငန်းရှင်အချို့က ခန့်မှန်းပြော ဆိုနေကြသည်။

ပြည်တွင်းအခွန်ဦးစီးဌာနက အခွန် ရှောင်သူတို့ကို ဝင်ငွေခွန်ဥပ ဒေပုဒ်မ၄၇၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေပုဒ်မ ၂၂၊ အ ထူးကုန်စည် ခွန် ဥပဒေပုဒ်မ  ၂၃ တို့နှင့် တရားစွဲဆိုလျှင် ထိုပုဒ်မတို့သည်ရဲအ ရေးပိုင်သည့်ပုဒ်မတို့ဖြစ်ပြီး စတင်တရား စွဲဆိုခံရသည့် အချိန်မှစပြီး အာမခံမရဘဲ တရားရင်ဆိုင်ကြရမည်ဟု သိရသည်။ အစိုးရသစ်လက်ထက် အခွန်ရရှိမှုသည် ပြီးခဲ့သည့် အစိုးရကထက် ပိုရနေကြောင်း   ပြည်တွင်းအခွန်ဦးစီးဌာန၏ ထုတ်ပြန် ချက်များအရ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*