ကိုယ်စားလှယ်လောင်း စာရင်းတင် နောက်ကျခြင်းကြောင့် မဲဆန္ဒနယ် တစ်နေရာ NLD ဝင်မပြိုင်ဖြစ်တော့

ကိုယ်စားလှယ်လောင်း စာရင်းတင် နောက်ကျခြင်းကြောင့် မဲဆန္ဒနယ် တစ်နေရာ NLD ဝင်မပြိုင်ဖြစ်တော့
January 4, 2017 Asian Fame

11:11 am
ကိုယ်စားလှယ်လောင်း စာရင်းတင် နောက်ကျခြင်းကြောင့် မဲဆန္ဒနယ် တစ်နေရာ NLD ဝင်မပြိုင်ဖြစ်တော့

(နေပြည်တော်၊ ဇန်နဝါရီ ၃)

လစ်လပ် မဲဆန္ဒနယ် ၁၉ နေရာ အနက် ၁ နေရာ ဝင်မ ပြိုင်ဖြစ်ခဲ့ခြင်းမှာ ယင်းမဲဆန္ဒနယ်မှ ကိုယ်စားလှယ် လောင်းက စာရင်း တင်ရမည့် ရက် နောက်ကျ သွားသည့် အတွက်ကြောင့် ဖြစ်သည်ဟု ကယားပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက် တာ ဒေါ်ခင်စည်သူ က ပြောသည်။

ထို့ကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ကြား ဖြတ်၌ မဲဆန္ဒနယ် ၁၈ နေရာကိုသာ ယှဉ်ပြိုင် ရတော့မည် ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စား လှယ်လောင်းများ နောက်ဆုံး လျှောက်ထားရမည့် ရက်၊ စည်းကမ်းချက် စသည် တို့ကို ကြိုတင်ကာ ကြေညာထားပြီး ဖြစ်သည်ဟု ကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ကြေညာချက်ထဲတွင် ၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ အနေ ဖြင့် လျှောက်လွှာကို  ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ နောက်ဆုံး ထားပြီး ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို အမည်စာရင်း တင်သွင်းရမည်ဟု ဆိုထားသည်။

ထို့ကြောင့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် ကယားပြည်နယ် ဖရူဆို မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒ နယ် အမှတ်(၁) တွင် ပြည်ခိုင်ဖြိုး၊ အမျိုးသား တိုးတက်ရေး ပါတီနှင့် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) တို့သာ ထိပ်တိုက် တွေ့ ကြတော့ မည် ဖြစ်သည်။

ဖရူဆိုမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးပဲ့ဒူ (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)က နောက်ဆုံး ထား လျှောက်ရမယ့် ရက် ကို ကိုယ်စားလှယ်လောင်းက တကယ်ကို မသိဘူးဗျ၊ ကျွန်တော်လည်း မသိဘူး” ဟု ပြော သည်။

NLD ပါတီက လာမည့် ကြားဖြတ် ရွေးကောက်ပွဲ အ တွင်း ကယားပြည်နယ် ဖရူဆိုမြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) နေရာ၌ ကိုယ်စားလှယ်လောင်း ဦးလွီးဇီ ဝင်အရွေးခံရန် ရွေးချယ်ထားသည်ဟု ကြေညာ ခဲ့ဖူးသည်။

ယခုလစ်လပ်နေသည့် နေရာသည် ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး ပါတီက အနိုင်ရခဲ့သည့် နေရာ ဖြစ်နေသည်။

NLD ကိုယ်စားလှယ်လောင်း နောက်ကျ သွားသည့် အတွက် ပါတီဘက်က တာဝန်ရှိသူ တို့ကို အရေးယူသွားမည့် အစီအစဉ် ရှိ/ မရှိ ပါတီ ထိပ်တန်း တာဝန်ရှိသူ အချို့ထံ ဆက်သွယ်မေးမြန်းရာ မဖြေကြားခဲ့ကြပေ။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*