ကြားဖြတ် ရွေးကောက်ပွဲ အတွက် ကြိုတင် မဲပေးရန် ပြည်ပရောက် မဲဆန္ဒရှင် ၃၅ဝ ကျော်လျှောက်ထား

ကြားဖြတ် ရွေးကောက်ပွဲ အတွက် ကြိုတင် မဲပေးရန် ပြည်ပရောက် မဲဆန္ဒရှင် ၃၅ဝ ကျော်လျှောက်ထား
January 4, 2017 Asian Fame

12:13 pm
ကြားဖြတ် ရွေးကောက်ပွဲ အတွက် ကြိုတင် မဲပေးရန် ပြည်ပရောက် မဲဆန္ဒရှင် ၃၅ဝ ကျော်လျှောက်ထား

(ရန်ကုန်၊ ဇန်နဝါရီ  ၃)

၂ဝ၁၇ ကြားဖြတ်ရွေး ကောက်ပွဲ ကို ပြည်ပမှနေ၍  ကြိုတင်မဲ ပေးသွားကြမည့် အရေအတွက် သည် လက်ရှိ၌  ၃၅၇ ဦးရှိနေသည် ဟု ပြည် ထောင်စု ရွေးကောက်ပွဲကော် မရှင် အတွင်းရေးမှူးက ပြောသည်။

ထိုသူတို့သည် ပြည်ပ အခြေစိုက်မြန်မာ သံရုံးတို့မှ တစ်ဆင့်ပုံစံ ၁၅ဖြင့် လျှောက် ထားကြ သူတို့ဖြစ်သည်ဟု ၄င်းထံမှသိရသည်။

၃၅၇ ဦးတွင် ထိုင်းနိုင်ငံ သို့ ရောက်ရှိနေသည့် မြန်မာ များက အများဆုံး ပါဝင်နေပြီး၊ ယင်းနောက်တွင် မလေးရှား ရောက် မြန်မာ၊ စင်ကာ ပူ ရောက် မြန်မာ  စသည်ဖြင့် အဆင့်ဆင့် ရှိနေသည်ဟု ကော်မရှင် မှသိရသည်။

”ဥရောပနိုင်ငံ အချို့မှာ ရောက်နေကြတဲ့ မြန်မာအချို့ လည်း လာလျှောက်ကြတာ ရှိပါတယ်” ဟု  ပြည်ထောင် စုရွေးကောက် ပွဲ ကော်မ ရှင် အတွင်းရေးမှူးက ပြော သည်။

ကြားဖြတ် မဲဆန္ဒနယ် အတွင်းရှိ မဲဆန္ဒရှင် ပြည်သူ စာရင်းကို ကော်မရှင်က လက်ရှိတွင် ကောက်ယူ လျက်ရှိနေပြီး၊ ခန့်မှန်းခြေ အားဖြင့် မဲပေးနိုင် မည့် မဲ ဆန္ဒရှင်ဦးရေ ၂ ဒသမ ၂ သန်းခန့် ရှိနိုင်ကြောင်း ပြော ဆိုနေမှုများကို တွေ့နေရ သည်။

လာမည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် ပါဝင်သည့် ပြည်သူ့ လွှတ်တော် ၉ နေရာ အတွက် တစ်သီးပုဂ္ဂလ လွှတ် တော် ကိုယ်စား လှယ်လောင်း ခြောက်ဦး အပါအဝင် နိုင်ငံ ရေးပါတီများမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၄၉ ဦး၊ အမျိုးသား လွှတ်တော် သုံးနေရာ အတွက် တစ်သီး ပုဂ္ဂလ လွှတ်တော် ကိုယ်စား လှယ်လောင်းတစ်ဦး အပါ အဝင် နိုင်ငံရေး ပါတီများမှ လွှတ်တော်ကိုယ်စားလှယ် လောင်း ၁၅ ဦး၊ ပြည်နယ် လွှတ်တော်လစ်လပ် မဲဆန္ဒ နယ် ၇ နေရာအတွက် နိုင်ငံရေး ပါတီများမှ လွှတ် တော် ကိုယ်စားလှယ်လောင်း ၃၁ ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ကော်မရှင်က ကြေညာထားသည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*