2:58 pm

(ရောမ၊ ဇန်နဝါရီ ၃)
အီတလီနိုင်ငံ ဘိုလော့ဂနာမြို့ရှိ ၁၆ ရာစုနှစ်က သွန်းလုပ်ခဲ့သည့် နက်ပကျွန်း နတ်မင်းကြီး ရုပ်တုပုံကို ကာမရမ္မက်ကို ထကြွစေသည် ဟူသည့် အကြောင်းပြချက် ဖြင့် facebook က ပိတ်ပင်တားမြစ်ကြောင်း သိရသည်။
အီတလီ စာရေးဆရာမ အယ်လီဆာ ဘာဘာရီသည် သူရေးသားသော ”ဘိုလော့ ဂနာမြို့ရှိ ထူးခြား ပစ္စည်းများနှင့် ဇာတ်လမ်း များ” ဟူသည့် ဆောင်းပါးကို သူ၏ facebook စာမျက်နှာတွင် ရေးသားရာဝယ် ထိုနက်ပကျွန်း နတ်မင်းကြီး ရုပ်တုပုံကို ရွေး ချယ်၍ တင်ရာ ဝယ် ထိုသို့ တားမြစ်ပိတ်ပင် ခံရကြောင်း သိရသည်။
facebook မှ စာရေးဆရာမ ဆီသို့ အကြောင်းပြန်ကြားရာ ဝယ် ”ယခုအသုံး ပြုသော ပုံသည် facebook ၏ လမ်းညွှန် ချက်များနှင့် မညီညွတ် သဖြင့် ခွင့်မပြုနိုင် ပါ။ ယခုပုံသည် ကာမရမ္မက်ကို ထကြွ စေသည့် သဘောဆောင်နေပြီး၊ ခန္ဓာကိုယ် တစ်ခုလုံး၏ အသေးစိတ် ကိုလည်း ဖော်ပြနေ သည့်အပြင် မမြင်အပ်သော ခန္ဓာအစိတ် အပိုင်းများ ကိုပါ ဖော်ပြနေခြင်းကြောင့် ဖြစ်သည်” ဟူ၍ ရေးသား ပါရှိသည်။
”ကျွန်မ ကတော့ ကိုယ့်စာမျက်နှာကို လူစိတ်ဝင်စားအောင် လုပ်ချင်တာပေါ့ နော်။ ဒီပုံကို တင်လို့ မရဘူး ဖြစ်နေတော့ ခက်တယ်။ နက်ပကျွန်း ရုပ်တုဟာ သူတို့ ပြောသလိုများ တကယ်ကြီး ဖြစ်နေလို့ လား။ ဒီလိုဆို အနုပညာ အလုပ်တွေ ဘယ်လို လုပ်လို့ရတော့မလဲ” ဟု စာရေး ဆရာမ အယ်လီဆာဘာဘာရီက ပြောပါ သည်။
PN002
Ref: Facebook blocks photo of Neptune statue for being ‘explicitly sexual’