တရုတ် လေယာဉ်တင် သင်္ဘောနှင့် စစ်သင်္ဘောများ တောင်တရုတ် ပင်လယ်တွင် စစ်ရေး လေ့ကျင့်ကြမည်

တရုတ် လေယာဉ်တင် သင်္ဘောနှင့် စစ်သင်္ဘောများ တောင်တရုတ် ပင်လယ်တွင် စစ်ရေး လေ့ကျင့်ကြမည်
January 4, 2017 Asian Fame

2:58 pm
တရုတ် လေယာဉ်တင် သင်္ဘောနှင့် စစ်သင်္ဘောများ တောင်တရုတ် ပင်လယ်တွင် စစ်ရေး လေ့ကျင့်ကြမည်

ship(ပေကျင်း၊ ဇန်နဝါရီ ၃)

တရုတ် လေယာဉ်တင် သင်္ဘောများ၊ စစ်သင်္ဘောများနှင့် တိုက်လေယာဉ် များ ပါဝင်သည့် စစ်ရေးလေ့ကျင့်မှုကို တောင် တရုတ်ပင်လယ် တွင်ပြုလုပ်မည်ဟု တရုတ် တို့ အတည်ပြုပြောကြားသည်။

ယင်းစစ်ရေး လေ့ကျင့်မှုဝယ် J-15  ဂျက်တိုက် လေယာဉ် များသည် လေယာဉ် တင် သင်္ဘောမှ ဆင်းတက် ပျံသန်း၍လေ့ ကျင့် မည်ဖြစ်ကြောင်း တရုတ် ကာကွယ်ရေး ဝန်ကြီး ဌာနမှ ယမန်နေ့ ကပြောကြားသည်။

ယင်းလေယာဉ်တင် သင်္ဘောမှာ Liaoning ဟု အမည်ပေးထားသော တရုတ်နိုင်ငံ၏ ပထမဆုံး လေယာဉ် တင်သင်္ဘောဖြစ် ကာ တောင် တရုတ် ပင်လယ်ဆီသို့ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းကပင်လျှင် ထွက်ခွာခဲ့ပြီ ဖြစ်သည်။

ယင်းလေယာဉ်တင် သင်္ဘောနှင့်အတူ အခြားစစ် သင်္ဘောငါးစင်းတို့သည် ထိုင်ဝမ် ကျွန်းတောင်ဘက်မှ ယမန်နေ့ ညနေပိုင်း က ဖြတ် သန်းသွားကြောင်း ထိုင်ဝမ်ကာကွယ် ရေးဝန်ကြီး ဌာနမှ အတည်ပြုပြောကြား သည်။

ယင်းစစ်သင်္ဘော အုပ်စုသည် တောင် တရုတ်ပင်လယ်ပြင်တွင် ပြုလုပ်မည့် ပင်လယ်ပြင် စစ်ဆင်ရေး လေ့ကျင့်ခြင်းဝယ် ပါဝင် လေ့ကျင့် ကြမည် ဖြစ်သော်လည်း ယင်းတို့ကြောင့်ပင် ပေကျင်းနှင့်တိုင်ပေ အကြား တင်းမာမှု ပိုမိုလာနိုင်သည်ဟု လေ့လာသူတို့က သုံးသပ်ကြ သည်။

PN002
Ref: China Confirms Its Carrier Held Drills in South China Sea

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*