ယူအက်စ်- တရုတ် မဟာဗျူဟာမြောက် ဆက်ဆံရေး -၄- (ပြန်လည် ချင့်ချိန် ပြင်ဆင်မှု နောက်ပါး၌ )

ယူအက်စ်- တရုတ် မဟာဗျူဟာမြောက် ဆက်ဆံရေး -၄- (ပြန်လည် ချင့်ချိန် ပြင်ဆင်မှု နောက်ပါး၌ )
January 3, 2017 Asian Fame

4:32 pm
ယူအက်စ်- တရုတ် မဟာဗျူဟာမြောက် ဆက်ဆံရေး -၄- (ပြန်လည် ချင့်ချိန် ပြင်ဆင်မှု နောက်ပါး၌ )

mintinအာရှ-ပစိဖိတ်-အမေရိကဒေသကြီး (ပစိဖိတ် သမုဒ္ဒရာနှင့် နှစ်ဖက်ခြိမ်းလုံး) တွင် တရုတ် အတွက်ရော၊ ယူအက်စ်အ တွက်ပါ အထူး သတိ ကြီးကြီးထား၍ ဦး ဆောင်မှုနှင့် တာဝန် ယူပေးကြရမည့် ဒေသခွဲ ၄ ခုရှိသည်။ စီးပွားရေးအဓိက အနေအထားကနေ ယခု ဆယ်စုနှစ်မတိုင် ခင်ကစ၍ စစ်ရေးပါတွဲပါလာသော ‘ပါဝါ အမာ’ ကိစ္စကြီးဖြစ်လာနေသည်။ (၁) ကို ရီးယားကျွန်းဆွယ်၊ (၂) ထိုင်ဝမ်၊ (၃) အ ရှေ့တရုတ်ပင်လယ်၊ (၄) တောင်တရုတ်ပင် လယ်ဖြစ်ကြောင်း ပြီးခဲ့သည့် အပတ် ဆောင်းပါး၌ အဆုံးသတ်တွင် ဖော်ပြထား ခဲ့ဖြစ် ပါ၏။ ထိုအကြောင်းခြင်းရာများ ဖြေရှင်း၊ ချိန်ညှိပြင်ဆင်ရေး၌ နိုင်ငံရေးယဉ် ကျေးမှု (Political Culture) တစ် ရပ်မြင့် မြင့်မားမား လိုအပ်ချိန် ဟုလည်း သုံးသပ် ဖြစ်ခဲ့သည်။ PC သည် ဒီမိုကရေစီအရာ တစ်ခုဖြစ်သော်လည်း ဤကိစ္စ၊ ဤနေရာ၌ တော့ ပိုကောင်းသော ညှိနှိုင်း ရယူနိုင်မှုဟု ယူကြရပါမည်။ မြောက်ကိုရီးယားတွင် PC လုံးဝ မရှိ၊ ယတိပြတ်ပြောနိုင်၏။ တရုတ်တွင်တော့ ပြည်တွင်းနိုင်ငံ ရေး PC မရှိဟု တစ်ထစ်ချ မပြောရုံတမယ်သာရှိငြား နိုင်ငံတကာ အရေး၊ ဒေသတွင်း အာဏာဖြန့် ကြက် ထူထောင်ရေး ထက် သိက္ခာရှိ သြဇာ တည်ဆောက်ရေး တို့၌ IPC ခေါ် စီးပွားရေးယှဉ်တွဲ သည့် နိုင်ငံတကာ ဆက်ဆံ ရေးဗျူဟာသစ် တစ်ရပ် အ သွင်ဆောင် ‘ကမ္ဘာ လွှမ်း ခြုံရေး နိုင်ငံရေးဆိုင်ရာ ယဉ်ကျေး သိမ်မွေ့မှု’ ရှိ နေပါသည်။ လိမ္မာပါးနပ် မှုဖြင့် ယှဉ်တွဲ၏။

ယခု ဆယ်စုနှစ်ပိုင်း အနေအထား များအရ (ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီ အစည်းအဝေး များထဲမှာမှ လွဲ၍) ရုရှား အနေဖြင့် မြောက် ကိုရီးယား အရေးအား အလေးသိပ်မမူတော့သည့်ပုံ ရှိနေခဲ့သည်။ ထို့ကြောင့် ဤကိစ္စသည် တရုတ်တာဝန်ဟု ဤဒေသကြီး အတွင်း၌ သာမက ကမ္ဘာ့ကွန်မြူ နတီ၊ အထူးသဖြင့် ဏ-၅ ထဲမှ ယူအက်စ်၊ ပြင်သစ်၊ အင်္ဂလန်ကဲ့ သို့ ဒီမိုကရေစီ ထိပ်တန်းဗီတိုအာဏာ ၃ နိုင်ငံ အပြင် အလှည့်ကျ လုံခြုံရေးကောင် စီဝင် နိုင်ငံများကပါ ယူဆရုံတင်မဟုတ်၊ အရိပ်ပြလာကြ၏။ ထုတ်ပြော လာကြ၏။ လတ်တလောနှစ် များ၌ ပိုပြောလာနေခဲ့ကြ ၏။ တရုတ်အတွက် စီးပွားရေး တွက်ခြေ ကိုက်ပြီး လက်တွဲဖြုတ် မရသော တောင်အ မေရိကနှင့် အာဖရိ ကနိုင်ငံတွေ လည်း ထို အထဲပါနေသည်။ ဂျပန်ကတော့ ကာယကံ ရှင်တစ်ဦးမို့ ထားပါဦး၊ တိုက်ရိုက် သက် ဆိုင်သောကြောင့် ခဏဖယ် ထားလိုက် လျှင်တောင်မှ ဘရာဇီး၊ တောင်အာဖရိက၊ အိန္ဒိယတို့လို အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာ နိုင်ခြေလည်း ရှိပြီး တရုတ် ဦးဆောင်နေ သည့် BRICS အဖွဲ့ဝင်တွေကိုယ်တိုင်ထုတ် ပြောလာကြ၊ ဖိအားပေး လာကြခြင်းကို တော့ ရှီကျင်းဖျင် သေချာစဉ်းစား သုံးသပ် ခဲ့ပါသည်။

 လေ့လာချက်များအရ ၂ဝ၁၆အတွင်း မြောက်ကိုရီးယား အနေဖြင့် နျူထိပ်ဖူး ထုတ်မည်၊ ထုတ်ပြီ၊ စမ်းသပ်သည် စသ ဖြင့်တွေ ပြောခဲ့၊ လုပ်ခဲ့ပြီး အချိန်မရွေး ထဖောက် ခွဲပစ်နိုင်သည့် စနက်တံ ရှိသော် လည်း အခြားတစ်ဖက်က ကြည့်လျှင် ခပ်ပျော့ပျော့ပျောင်းပျောင်း ဖြစ် လာမှုအ ချို့က (ယခင်က လုံးဝမရှိခဲ့ဖူး၍) အပေါင်း လက္ခဏာဆောင်သည်။ ခြောက် ပါတီ ဆွေးနွေးပွဲတွေ ရပ်နေခဲ့ရသော်လည်း တရုတ် အနေဖြင့် မြောက် ကိုရီးယားကို ပို၍ နားချလာနိုင်သကဲ့သို့ ရှိလာနေခဲ့ သည်။ ဤကျွန်းဆွယ်မှာ တရုတ်ရော၊ ယူ အက်စ်ပါ ဘုံအကျိုး စီးပွားတွေ ကိုယ်စီ ကိုယ်င ရှိနေကြ၍လည်း နှစ်ဖက်စလုံးက နားလည်ပြီး သားဖြစ်သည်နှင့် အညီ ရှေ့ တိုးကြိုးပမ်း လာ ကြသော်ငြား တကယ့်စိန် ခေါ်မှုက တောင်နှင့် မြောက်နှစ်ခြမ်းခေါင်း ဆောင်ပိုင်းတို့၏ တင်းမာမှု အကျပ်အတည်းတွေဖြစ်နေပြန်ပါ၏။ ၂ဝဝ၆၊ ၂ဝဝ၉ နှင့် ၂ဝ၁၃ မှာ နျူစမ်းသပ်မှု တစ်ကြိမ်စီနှင့် ၂ဝ၁၆ ထဲမှာ နှစ်ကြိမ် ပြုလုပ်ထားခဲ့သော မြောက်ကိုရီးယားကို ကုလ သမဂ္ဂက ပိတ်ဆို့ အရေးယူ ဒဏ်ခတ်ထားခဲ့တာ ၂ဝဝ၆ ကတည်း ကဖြစ်၏။ ပေကျင်းနှင့် ဝါရှင်တန် တို့ ထိပ်တိုက်တွေ့မည် မဟုတ်ငြား မြောက် ကိုရီးယားကိစ္စအပေါ် ပေကျင်း၏ တုံ့ပြန် လာချက်များက အပြု သဘောဆောင်လာ နေပါ၏။ ကြည့်ရမည့် အရေးကြီး အချက်က တောင်နှင့်မြောက် တိုက်ရိုက်စစ်ပွဲဖြစ်၊ မဖြစ် ဘဲဟုမြင်ရသည်။ တရုတ် အတွင်းသို့ မြောက်ပိုင်း ဒုက္ခသည်တွေ စိမ့်ဝင် လာနေမှု ကလည်း ဝန်ထုပ်တစ်ရပ် ဖြစ်လာနေခဲ့ပြီ။

ဤလို အခင်းအကျင်းမျိုးမှာ ပြီးခဲ့သည့် ရက်သတ္တပတ် နောက်ဆုံးနေ့တွေက သတင်း ဖြစ်ရပ် တချို့ကြောင့် ကောင်းဆိုး ထပ်မံ ရောထွေး သွားစေပြန်သည်။ မြောက်ကိုရီး ယားနှင့် တိုက်ရိုက် ပတ်သက်သော ယူ အက်စ်ဘက်က တစ်ခု၊ တရုတ်ဘက်က တစ်ပုဒ်။ သွယ်ဝိုက် ပတ်သက်နေသော ယူ အက်စ်ဘက်မှ ကိစ္စတစ်ရပ်။ တရုတ်ဘက် က နဂိုရှီကျင်းဖျင်- အိုဘားမား စီမံထား သော ပူးပေါင်းမှုမြှင့် တင်ရေး ခေါင်းစဉ် အောက်ကပဲ သွားနေခြင်းဖြစ်ပါ၏။ မြောက် ကိုရီးယား အပေါ် ကုလသမဂ္ဂက နှစ်စဉ် ပို့ကုန်ဝင်ငွေ လေးပုံ တစ်ပုံ ဖြတ်တောက် ရန် အရေးယူပိတ်ဆို့မှု အသစ်တစ်ရပ် ထပ်မံချ မှတ်လိုက်တာ တစ်လလောက်ပဲ ရှိသေး၏။ ၄င်း၏ ပို့ကုန် စုစုပေါင်း၏ ၆ဝ ရာခိုင်နှုန်း ရှိနေသော ကျောက်မီးသွေးတင်ပို့မှုကို အဓိကထား ဖြတ်တောက် ပိတ်ဆို့ရေးတွင် ကြေးနီ၊ နီကယ်၊ ငွေနှင့် သွပ်တို့ကိုလည်း ပိတ်ဆို့မှုစာရင်းထဲ ကုလသမဂ္ဂက ထပ်မံ ထည့်သွင်းထား၏။ ဒါကိုလိုက်နာကြဖို့ သတိပြုကြဖို့ တရုတ်အစိုးရက စနေနေ့ မှာ ထုတ်ပြောခဲ့သည်။ တရုတ်ကုမ္ပဏီ အများ အပြားက မြောက်ကိုရီးယားနှင့် ဆက်ဆံ ကုန်သွယ်နေကြပြီး ကျောက်မီးသွေး ကဏ္ဍ မှာ တော်တော်များသည်။ ကျန်တာ တွေလည်း ဝယ်သည်။ ဆိုရှယ်လစ် ရုပ်တု ကြီးတွေကိုလည်း  ဝယ်ပြီး ယူအက်စ်နှင့် ဥရောပသို့ တစ်ဆင့် ပြန်ရောင်း သည်။ ရယ်စရာလား၊ ပြုံးရမည်လားမသိ။ ယခု တရုတ်အစိုးရက တရားဝင် လိုက်နာဖို့ ပြောကြား လိုက်ခြင်း ဖြစ် သည်။

ခက်တာက ထုံးစံအတိုင်း သမ္မတ ဖြစ် မလာခင်ကတည်းက မွှေနေသော ဒေါ် နယ်ထရမ့် ဖြစ်၏။ အမေရိကန် နျူစွမ်းရည် ကို အဆင့် ထပ်မံ မြှင့်တင် တိုးချဲ့မည်ဟု ယင်းတစ်နေ့တည်းမှာ ထုတ်ဖော်ပြော ကြား(တွစ်တာမှာရေးသား) လိုက်တာ ဖြစ် ၏။ မြောက်ကိုရီးယား ဘယ်သို့ သဘော ထားမည်လဲ ဆိုတာက ဤနေရာမှာ တိုက် ရိုက် သက်ဆိုင်သည်ဟုဆိုနိုင်ငြား ဤဒေသ ကြီးအပြင် ကမ္ဘာ တစ်ဝန်း နျူ ပိုင်ဆိုင်သော၊ မပိုင်ဆိုင်သော နိုင်ငံများ ဘယ်လိုဖြစ်ကုန် သည်လဲ။ ကိစ္စတော့ မရှိသေး။ ဒါက လွှတ် တော် (ကွန်ဂရက်) အတည်ပြု မှ ဖြစ်မည့် ကိစ္စ။ ထရမ့်တစ်ယောက်တည်း သဘော နှင့်မရ။

တရုတ်နှင့် ပတ်သက်၍လည်း ထရမ့် က ပြင်းပြင်းထန်ထန် ထိုးနှက်သော စကား များပြောနေဆဲ။ အဓိက ကတော့ စီးပွား ရေးဖြစ်သည်။ တရုတ်နှင့် ပတ်သက်သော မူဝါဒ၊ အာရှနှင့် ပတ်သက်သော မူဝါဒရယ် လို့ ထရမ့်မှာ တိတိပပ မရှိ၊ သို့မဟုတ် မ ပြောသေးသော်လည်း စီးပွားရေးနှင့် ပတ်သက်လျှင် ယူကအ်စ် သမ္မတထံမှာ ကွန်ဂ ရက်ကို ကျော် လုပ်ပိုင်ခွင့် တချို့ရှိနေသည်။ စိုးရိမ်စရာ သက်ရောက်မှုတွေ အတွက် အသီးသီး ပြင်ဆင်နေကြချိန်ဖြစ်၏။ သို့ငြား ခရစ်စမတ်နေ့ သတင်းတွေအရ တရုတ် ဘက်က အမေရိကန်နှင့် စီးပွားရေး ဆက် မြှင့်တင် မည်ဟု ကြေညာလိုက်ကြောင်း သိ ရပြန်ရာ စဉ်းစားရကျပ်ကုန်ကြပြန်သည်။ တကယ်တမ်းက ဆိုခဲ့ပါအတိုင်း ရီကျင်း ဖျင်- အိုဘားမား ပူးတွဲခင်းကျင်းထားသော လမ်းအတိုင်း တရုတ်ဆက်လျှောက်နေ ခြင်းဟု ယေဘုယျ ပြောနိုင်ပါသည်။

 တောင်ကိုရီးယား ခေါင်းဆောင်မှုပိုင်း မှာတော့ ရှုပ်ထွေးနေသော ကာလတစ်ရပ် ဖြတ်သန်းနေ ဆဲဖြစ်ပြီး အာရှ-ပစိဖိတ် ဦး ဆောင် သူဖြစ်လာ ဖို့များနေသော ဂျပန်က တော့ ခပ်မဆိတ်ဘဲ စောင့်ကြည့်နေပါသည်။

ထိုင်ဝမ်နှင့် ဖြစ်နိုင်ခြေများ

မော်စီတုန်းခေတ် ယဉ်ကျေးမှု တော် လှန်ရေးကြောင့် ဒီမိုကရက်တစ် တရုတ် တွေ ထိုင်ဝမ်ကျွန်း နိုင်ငံ ထူထောင်ခဲ့သည် ဟု မြင်သူ၊ ယူဆ သူများပြားလှပါသည်။ သမိုင်း ကတော့ ရှည်လျား ရှုပ်ထွေးလှ၏။ ထားပါ တော့။ စင်ကာပူ၊ ဟောင်ကောင် တရုတ် (အိုဗာဆီး တရုတ်) တွေလည်း ဒီမိုကရက် တစ် မဟုတ်လျှင်နေမည်၊ ထိုဟာကြီးကို  မနှစ်ခြိုက်၍ စီးပွားပဲရှာကြပါ၏။

၁၉၇ဝ ပြည့်လွန်နှစ်တွေ ကတည်းက တရုတ်အနေဖြင့် ထိုင်ဝမ်ကို တရားဝင်အ ဆက်ဖြတ်ထားခဲ့၏။ ဖော်မိုဆာကိစ္စ ကမ္ဘာ ကျော်ခဲ့ဖူး ပါသည်။ ယူအက်စ် အနေဖြင့် စစ်အေးခတ်အဆုံးသတ်လုချိန်၌ စစ်မျက် နှာမဖွင့်ချင်သည်ရော၊ လုံခြုံရေးကိစ္စ ကိုင်တွယ် ဖြေရှင်း ထိန်းသိမ်းနိုင် ရန်ပါ ရည်ရွယ် ၍ ဂျင်မီကာတာလက်ထက် ၁၉၇၉ တွင် တရုတ် တစ်နိုင်ငံတည်း မူဝါဒကို လက်ခံ သည့် ဥပဒေ ပြဋ္ဌာန်း ခဲ့သည်။ သို့ငြား တရုတ်က ထိုင်ဝမ်ကို စစ်ရေး အရကြေညာ ထားပါက စစ်ရေးဖြင့် ကာကွယ်ပေးမည်၊ တရုတ်ကို တုံ့ပြန်၍ ထိုင်ဝမ် ဘက်မှ ကာ ကွယ်ပေးမည်ဟုလည်း အဓိပ္ပာယ်သက် ရောက်သော ဥပဒေဖြစ်သည်။

ဒါကို အိုဘားမားက ကောင်းစွာ သဘောပေါက်ပြီး ၂ဝဝ၈ ကမ္ဘာ့စီးပွား အကျ နောက်ပိုင်း စီးပွားရေး၌ တရုတ်နှင့် ပိုမြှင့် တင်ပြီး ကမ္ဘာ လွှမ်းခြုံ အနေအထားတွေမှာ  တာဝန်ပိုခံယူဖို့ နေရာပေးလာခဲ့သည်။ စစ်ရေး၊ နိုင်ငံရေး အယူအဆကို စီးပွားရေး ဆက်ဆံ မှုဖြင့် ရှောင်လွှဲခြင်း ဟု ယူဆကြ သည်။ ခပ်သေးသေး ပြဿနာတွေ အမြဲ လိုလို ရှိနေသော ဆယ်စုနှစ်နောက်ဆုံးကာ လတွေမှာ တရုတ်- ထိုင်ဝမ် ဆက်ဆံရေးက တော့ အေးလိုက်၊ ပူလိုက် တစ်လှည့်စီဟု ဆိုရပေမည်။ စစ်ရေးပိုင်းမှာ ထိပ်တိုက်တိုး မှုရှောင်ရှားရေး အတွက် ယူအက်စ်၊ တရုတ်၊ ထိုင်ဝမ် သုံးပွင့်ဆိုင် ကြိုးပမ်းခဲ့ကြသည်ဟု ပြီးခဲ့သော ၁ဝ နှစ်ကို ခြုံငုံတွေ့မြင်သုံးသပ် နိုင်သော်လည်း ဒုံးကျည် ရွှေ့ပြောင်းနေရာ ချထားမှု၊ Hot Line မှာ အန္တရာယ် များပြား လှသည့် အတွက် ဇုန်သတ်မှတ်ရေး ကြိတ် ဆွေးနွေးမှု၊ နှစ်ဖက် (တရုတ်- ထိုင်ဝမ်) ပြည်သူတွေကြား အမြင်ပိုမစောင်းရေးနှင့် တည်ငြိမ်ရေး ရှေးရှုမှုတို့ အတွက် ၂ ပွင့် ဆိုင် ကိုယ်စီရော၊ သုံးပွင့် ဆိုင်တွေ ပါ ကြိတ် ဆွေးနွေးကြ၊ တရားဝင် ဆွေးနွေးကြတာ တွေ အတော် များများရှိခဲ့၊ ရှိဆဲဖြစ်ပါသည်။ ဘယ်သူမျှ မနိုင်နိုင်သော စစ်ရေး၌ အရှုံး Zero-Sum သာထွက်မည်ကို သိထား၊ နား လည်ထားကြသည်။ ထိုင်ဝမ် အမျိုးသား ရေး ဝါဒီတွေ လွှတ်တော်မှာ အားကောင်း သော်လည်း ခေတ်အဆက် ဒီမိုကရက်တစ် တွေက ထိန်းညှိပေး နိုင်ခဲ့သည်ဟု ပြော၍ ရသည်။

ထိုင်ဝမ် သမ္မတသစ် အဖြစ် မာယင် ယွီး (ပထမဆုံး ထိုင်ဝမ်အမျိုးသမီး သမ္မတ) ဖြစ်လာမည့် နောက်ပိုင်း မှာတော့ တရုတ် ပြည်မကြီး၏ တရုတ် တစ်နိုင်ငံတည်း မူဝါဒ၊ ထိုင်ဝမ်ကို တရုတ် ၏ပြည်နယ်ခွဲ တစ်ခုသ ဖွယ်ရှုမြင်ထားမှု၊ စီးပွားရေး၌ တရုတ် တောင်ပိုင်း စက်မှုဇုန် များနှင့် ပြိုင်ဆိုင်မှု ပြင်းထန်ချက်များ (နဂိုကတည်းက ရှိနေ နှင့် ပြီးသားကိစ္စများသာ) တို့အ ပေါ် ပြင်းပြင်းထန်ထန် တင်း တင်းမာမာ ကန့်ကွက်ချက် တွေ ထိုင်ဝမ်အုပ်ချုပ်ရေးပိုင်း မှာ ယခင်အချိန် များကထက် ပို မြင့်တက်လာသလို ကွန်ဆာဗေး တစ် (အထိုင်မပျက်လို သူများ)  အုပ်စုပင် ငြိမ်သက်နေ သည်လား၊ ရေငုံပြနေ သည်လား ဝေခွဲမ ရမှုတချို့ ချွန်မြ ထွက်လာနေခဲ့ သည်။ယူအက်စ်- ထိုင်ဝမ် လုံခြုံရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုရှိလာသည်။ ပုဂ္ဂ လိကလမ်းကြောင်း တွေက သီးသန့်စီးပွား ရေးကိစ္စတွေလည်း ပို များ လာသည်။ ရှီကျင်း ဖျင်က အိုဘားမားကို (ယူအက်စ် ရွေးကောက် ပွဲမတိုင်ခင် ခြောက်လခန့် က) ကြိတ်သတိပေးခဲ့သည် ဟု သတင်းတွေ ရှိခဲ့ပြီး နှစ်ဖက်စလုံး က အတည် မပြုခဲ့ပြန်။ နောက်ပိုင်း ထိုင်ဝမ်သမ္မတသစ် တက်ပြီး တော့ ယူအက်စ်၏ ထိုင်ဝမ်မဟာဗျူဟာက နည်းနည်း ပိုဝေဝေဝါးဝါး ဖြစ်လာနေခဲ့၏။

တရုတ်၏ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA-People’s Liberation Army)  နှင့် ယူအက်စ်၏ ကာကွယ်ရေး ဝန် ကြီးဌာန (DOD) တို့ ပူးတွဲသုံးသပ်ရန် ခေါင်းချင်း တိုက်ရိုက်ဆိုင် ဒူးတိုက် နဖူး တိုက်ဆွေးနွေးပြီး ထုတ်ပြန်ချက်အချို့ ထွက်လာငြား ထိန်ချန် ထားတာ များသည်ဟု နိုင်ငံတကာက မြင်သည်။ အထူးသဖြင့် အာဆီယံထဲမှ ဖိလစ်ပိုင်နှင့် ဗီယက်နမ်၊ အင်ဒိုနီးရှား တို့လည်း ပါဝင်နေ သည်။ ပါ ရှန်း ပင်လယ်ကွေ့မှ (တကယ်တမ်းက အာဖရိကရှေ့ခြမ်းမှ စတင်) တောင်တရုတ် ပင်လယ်ထိ ကုန်သွယ်ရေကြောင်း ပုလဲ သွယ် မဟာဗျူဟာ သီအိုရီကို ပြန်တူးဆွ သုံးသပ်လာကြသည်။ ယူအက်စ်မှာ အ မျိုးသား လုံခြုံရေးကောင်စီ (NSC) ဆွေး နွေးပွဲ အာဂျင်ဒါထဲ အထိ ပြန်ထည့်လာ၏။ တရုတ်လည်း ပိုဂရုစိုက်နေ၏။ ထိုအချိန် မှာ သမ္မတဖြစ်ဖို့ သေချာ သွားပြီးသော ဒေါ်နယ်ထရမ့်က ထိုင်ဝမ် သမ္မတဆီ ဖုန်း ဆက်လိုက်ခြင်းဖြစ်သည်။ ထိုင်ဝမ်ကိစ္စက ပိုရှုပ်ထွေး နက်နဲသော နောက်ခံတွေ အ တိုင်းဖြစ်နိုင်ခြေလား ရာမှာ တွက်ချက် ခန့် မှန်းရ ပိုခက်လာပြီး သတိကြီးကြီးဖြင့် ချဉ်း ကပ် ချိန်ညှိရတော့မည့်ကာလ ပြန်ရောက် လာနေပုံ ရှိပါသည်။

မင်းတင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*