ကြယ်လေးပွင့် ဟိုတယ်အဆင့်ရှိ Spring Line Project ကို လှိုင်မြစ်ဘေး အောင်ဇေယျ တံတား အရှေ့ဘက်တွင် ဆောင်ရွက်နေ

ကြယ်လေးပွင့် ဟိုတယ်အဆင့်ရှိ Spring Line Project ကို လှိုင်မြစ်ဘေး အောင်ဇေယျ တံတား အရှေ့ဘက်တွင် ဆောင်ရွက်နေ
December 30, 2016 Asian Fame

11:52 am
ကြယ်လေးပွင့် ဟိုတယ်အဆင့်ရှိ Spring Line Project ကို လှိုင်မြစ်ဘေး အောင်ဇေယျ တံတား အရှေ့ဘက်တွင် ဆောင်ရွက်နေ

15626495_10202560746896653_7073210383785413681_o-copy

MKT
ရန်ကုန်၊ ဒီဇင်ဘာ၂၆

ကြယ်လေးပွင့်ဟိုတယ်အဆင့် ရှိ Spring Line Project  ကို လှိုင် မြစ်ဘေး အောင်ဇေယျတံတား အရှေ့ဘက်တွင် ဆောင် ရွက်ေ န ကြောင်း သိရသည်။

အဆိုပါပရောဂျက်တွင် စူပါမား ကက်၊ စားသောက်ဆိုင်၊ အအေး ဆိုင်၊  သီချင်းခွေဆိုင်များ၊ စာအုပ် ဆိုင်များ၊ ဘဏ်များ၊ ဘားများ၊ ပါဝင်ပြီး ကားပါကင်လည်းလုံလောက် စွာပါဝင်ကြောင်း သိရသည်။

ထို့ပြင် ၂၄ နာရီအသုံးပြုနိုင် သော ရေကူးကန်၊ ကော်ဖီဘား၊ စားသောက်ဆိုင်၊ ဂျင်၊ အစည်း အဝေးခန်းမ၊ မိတ္တူဆိုင်၊ ဆေးခန်း စသည့် ဝန်ဆောင်မှုများလည်း ပါဝင်ကြောင်း၊Spring Line Project  ကို မကြာမီ ၁၇လအတွင်း အခန်းအပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Spring Line Project    တွင် ၁၇ ထပ်မှ ၂၄ ထပ်ထိ အဆောက် အအုံ ၅ လုံးပါဝင်ပြီး စင်ကာပူ KTP ကုမ္ပဏီမှ ဒီဇိုင်းဆွဲထား   ကြောင်း၊Spring Line Project   တွင် တိုက်ခန်း ၃ဝ၇ ခန်း ပါရှိ ကြောင်း သိရသည်။

တိုက်ခန်း ၃ ခန်း (သို့) ၄ ခန်းတွင် ဓာတ်လှေခါးတစ်ခုပါရှိပြီး အဆင်ပြေစွာအသုံးပြုနိုင်မည်ဖြစ်သည်။

Spring Line Project    သည် ခေတ်မီလှပသောဒီဇိုင်း မိမိနှစ်သက် ရာ တိုက်ခန်းအနေအထားဒီဇိုင်း ရွေးချယ်နိုင်မှု၊ စီးပွားရေးအချက် အချာကျသည့်နေရာတွင် တည်ရှိမှု၊ စသည့်အားသာချက်များကြောင့် အိမ်ငှားခ၊ ငှားနှုန်းများ ကောင်းမွန် လိမ့်မည်ဖြစ်သည်။

ပိုမိုတိကျသော သတင်း အချက်အလက်ကို စိတ်ဝင်စား သိရှိလိုပါက ဝ၉၇၉၃ဝ၆၆၆၆၆ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိ ရသည်။

ကိုယ်တိုင်လာရောက်ကြည့်ရှု ၍ Booking တင်ပါက VIP ကတ် ရရှိနိုင်၍  Discount  ပိုမို ရရှိနိုင် ကြောင်း သိရသည်။

Spring Line Project မှာ အောင်ဇေယျတံတား၏ အရှေ့ဘက် လှိုင်မြစ်ဘေးတွင် တည်ရှိသဖြင့် ထူးခြားသော မြစ်တစ်စင်းရှုခင်း ရှိပြီး ရန်ကုန်မြို့၏အထင်ကရနေရာ တစ်ခုဖြစ်လာတော့မည်ဖြစ်သည်။

Spring Line Project   မှာ လမ်းမကြီးဘေးတွင် တည်ရှိပြီး သွားလာရေးအတွက် အဆင်ပြေ မည်ဖြစ်သည်။ ထို့ပြင် လူဦးရေ  ငါးသိန်း ခန့် ဆက်နွှယ်နေသည့် လှိုင်သာယာ၊ ရွှေလင်ဗန်း၊ ရွှေပြည် သာ စသည့်စက်မှုဇုန်တို့ကို နာရီ ဝက်အတွင်း ခရီးစဉ်ဖြင့် ရောက် ရှိနိုင်မည်ဖြ စ်သည်။

အဆိုပါစက်မှုဇုန်တစ်ဝိုက်တွင် လိုအပ်ချက်အားလုံးပြီးပြည့်စုံသော လုပ်ငန်းသုံး ရုံးသုံးတိုက်ခန်း မရှိ သေးပေ။ Spring Line Project  သည် လိုအပ်ချက်အထောက်အပံ့ အားလုံး အပြည့်အစုံရှိသဖြင့် လူ အများ၏ လိုအပ်ချက်များ ဖြည့် ဆည်းပေးနိုင်တော့မည်ဖြစ်သည်။

လုပ်ငန်းရှင်များ၏ စုစည်းမှု ကြောင့် စီးပွားရေးစင်တာတစ်ခု လည်း ဖြစ်လာတော့မည်ဖြစ် သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*