12:20 pm
(ရန်ကုန်၊ ဒီဇင်ဘာ ၂၆)
တန်းစီစနစ်အပြင် Channel B ရုံတင်ပြသမှုများ ပါရှိလာသည့် အတွက် ၂ဝ၁၆ ခုနှစ် အကယ်ဒမီ စာရင်းဝင် ဇာတ်ကား ၃ဝ ကျော် အထိရှိလာကြောင်း သိရသည်။
”၂ဝ၁၆ခုနှစ် အတွက် အကယ် ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားက မနှစ်ကထက် ပိုပြီးတော့ များလာ တယ်။ နယ်ဘက် မှာတော့ နိုဝင် ဘာလကုန်မှာ အကယ်ဒမီစာရင်း ဝင် ဇာတ်ကားစာရင်းကို ပိတ်လိုက် ပြီ။ ရန်ကုန်မှာတော့ ဒီဇင်ဘာလ အထိ ရုံတင်ပြသတဲ့ ဇာတ်ကားတွေ က အကယ်ဒမီ စာရင်းဝင်အဖြစ်နဲ့ ပါဝင်မယ်”ဟု မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူ လေး ကပြော သည်။
ယခင်နှစ်များက တစ်နှစ် အတွင်း အကယ်ဒမီ စာရင်းဝင် ရုပ်ရှင် ဇာတ်ကားမှာ ၁၇ ကား၊ ၁၈ ကားခန့်သာရှိပြီး ယခုနှစ်တွင် အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ် ကားမှာ စံချိန်တင် သွားကြောင်းသိ ရသည်။ လက်ရှိ အကယ်ဒမီစာရင်း ဝင်ထားသော ရုပ်ရှင် ဇာတ်ကား ၂၈ ကားကို အကယ်ဒမီ အကဲဖြတ် စိစစ်ရေး အဖွဲ့ဝင်များက စိစစ်အကဲ ဖြတ်နေပြီ ဖြစ်ကြောင်း သိရသည်။
၂ဝ၁၆ ခုနှစ်အတွက် အကယ် ဒမီစိစစ် အကဲဖြတ်ရေး အဖွဲ့ကို ဒါ ရိုက်တာ ၇ ဦး၊ သရုပ်ဆောင်၊ ဓာတ်ပုံ၊ အသံ၊ ဇာတ်ညွှန်း၊ တေးဂီ တ၊ တည်းဖြတ်ပညာရှင် ၅ ဦးစီနှင့် စာရေးဆရာ ၅ ဦး၊ စုစုပေါင်း ၄၂ဦး ဖြင့် ဖွဲ့စည်း ထားကြောင်းသိရသည်။
ယင်းအကဲဖြတ် အဖွဲ့တွင် ပါ ဝင်ကြသော ဒါရိုက်တာများသည် ရုပ်ရှင် ထူးချွန်ဆု ၁၁ ဆုလုံးကို ရွေးချယ် ပေးရမည်ဖြစ်ပြီး သရုပ် ဆောင် များနှင့် စာရေးဆရာများ သည် ဒါရိုက်တာဆု၊ ဇာတ်ကားဆု နှင့် သရုပ်ဆောင်ဆု ၄ ဆု တို့ကို ရွေးချယ်ပေးရမည်ဖြစ်သည်။
ဓာတ်ပုံပညာရှင်၊ အသံပညာ ရှင်၊ ဇာတ်ညွှန်း ပညာရှင်၊ တေးဂီ တပညာရှင်နှင့် တည်းဖြတ်ပညာ ရှင်များသည် သရုပ်ဆောင်ဆု ၄ ဆု၊ ဇာတ်ကားဆု၊ မိမိတို့ ပညာရပ် ဆိုင်ရာဆု များကို ရွေးချယ်ပေးရ မည်ဖြစ်ကြောင်း သိရသည်။
”အကယ်ဒမီ စာရင်းမှာ မေထုန် ရာသီဖွား ဇာတ်ကားပါတယ်။ ကိုညို ကိုတော့ရစေချင်တယ်။ ထိုက်ထိုက် တန်တန် ဆုံးဖြတ်မယ်လို့ ယုံကြည် ပါတယ်” ဟု သရုပ်ဆောင် ဥက္ကာ မင်းမောင်ကပြောသည်။
မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများ ရွေးချယ်ရာတွင် စိစစ် အကဲဖြတ်အ ဖွဲ့တွင်ပါဝင်သော ပညာရှင်များက ကြည့်ရှု စစ်ဆေးပြီး အဖွဲ့ဝင် ၅ဝ ရာခိုင်နှုန်းကျော် ဆန္ဒပြု ရွေးချယ်ပေး သူကိုသာ ဆုပေးအပ်မည် ဖြစ်ပြီး သတ်မှတ်ထားသော စံချိန်စံညွှန်း များနှင့် ကိုက်ညီမှု မရှိသော ထူး ချွန်ဆုများကို ပေးအပ် ချီးမြှင့်မည် မဟုတ်ကြောင်း သိရသည်။
၂ဝ၁၆ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ၂ဝ၁၇ ခုနှစ် မတ်လ ၁၈ ရက်နေ့ (သို့မဟုတ်) ၁၉ ရက်နေ့တွင် ကျင်းပ သွားမည် ဖြစ်ပြီး ကျင်းပမည့်နေရာကို အတိအကျ မပြောနိုင်သေးကြောင်း ဦးအေး ကြူလေးက ပြောသည်။
ထူးထူး