လေ့လာရေး အဖွဲ့များ ပြင်ဦးလွင် ကန်တော်ကြီး ဥယျာဉ် ဝင်ကြေး ကင်းလွတ်ခွင့်ပြုမည်

လေ့လာရေး အဖွဲ့များ ပြင်ဦးလွင် ကန်တော်ကြီး ဥယျာဉ် ဝင်ကြေး ကင်းလွတ်ခွင့်ပြုမည်
December 30, 2016 Asian Fame

12:09 pm
လေ့လာရေး အဖွဲ့များ ပြင်ဦးလွင် ကန်တော်ကြီး ဥယျာဉ် ဝင်ကြေး ကင်းလွတ်ခွင့်ပြုမည်

mdy(မန္တလေး၊ ဒီဇင်ဘာ ၂၇)

ပြင်ဦးလွင် အမျိုးသား ကန်တော် ကြီး ဥယျာဉ်သို့ ဝင်ရောက်လေ့လာ လိုသည့် လေ့လာရေး အဖွဲ့များ အနေဖြင့် ဝင်ကြေး ကင်း လွတ်ခွင့် လျှောက်ထားတောင်းခံနိုင်ကြောင်း သိရသည်။

”ဥယျာဉ်ဝင်ကြေး သတ်မှတ် ထားပေမယ့်လည်း လေ့လာရေး အဖွဲ့တွေ အတွက် သက်ဆိုင်ရာ ဂိတ် တွေမှာ ညွှန်ကြားပေး ထား တာ တွေရှိပါတယ်။ တချို့က မသိသေး လို့ပါ။ လေ့လာရေး အဖွဲ့တွေ လာရင် ဝင်ကြေး ကင်းလွတ်ပေးဖို့ တရားဝင် ရုံးစာတွေလည်း ထုတ် ထားပါတယ်” ဟု ဥယျာဉ် စီမံခန့်ခွဲ ခွင့်ရရှိထားသည့် ထူးကုမ္ပဏီ Zoos & Gardens Business Unit မှ Executive Director ဦးဝေမျိုး အောင်က ပြောသည်။

ကင်းလွတ်ခွင့် လျှောက်ထား နိုင်သည့် အဖွဲ့အစည်းများ အနေဖြင့် အမှန်တကယ် လေ့လာလိုကြောင်း သက်ဆိုင်ရာ အထောက်အထား တင်ပြရမည် ဖြစ်ပြီး ပရဟိတ အဖွဲ့ အစည်းများ၊ အခြေခံပညာ/ တက္က သိုလ်/ ကောလိပ်ကျောင်းသား ကျောင်းသူများ၊ စစ်တက္ကသိုလ် ဗိုလ်လောင်းများ၊ သံဃာ့အဖွဲ့ အစည်းများအား ဝင်ကြေးကင်းလွတ် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

”တချို့ကျတော့လည်း လူ အများကြီးနဲ့ အုပ်စုလိုက်လာကြ တာရှိတယ်။ သူတို့ အတွက်လည်း ဝင်ကြေး လျှော့ချ ပေးထားပါတယ်။ သက်ဆိုင်ရာ ထောက်ခံချက်တွေနဲ့ လာရင် ကျွန်တော်တို့ ဘက်က အဆင်ပြေအောင် လုပ်ပေးပါတယ်။ ဝင်ကြေး ကင်းလွတ် ခွင့်ပြုသင့်တယ်  ဆိုရင်လည်း ကျွန်တော်တို့က ခွင့်ပြု ပေးတာပါပဲ” ဟု ၄င်းက ဆိုသည်။

ထို့ပြင် အုပ်စုလိုက် အလည် အပတ် အပန်းဖြေ လာသူများအား လူဦးရေ အပေါ် မူတည်ပြီး သတ်မှတ် ရာခိုင်နှုန်း အတိုင်း လျှော့ချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်က အစိုးရ ရုက္ခဗေဒ ဥယျာဉ်ဟု အမည်ရှိခဲ့သည့် ဧက နှစ်ရာကျော်ရှိသော ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ် ကို ၂ဝဝ၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက် တွင် ထူးကုမ္ပဏီက တစ်လလျှင်တစ် ဧက ငှားရမ်းခနှုန်း ကျပ်တစ်သိန်း ဖြင့် လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ပြီး လူကြီး တစ်ဦး လျှင် ငွေကျပ်တစ် ထောင်၊ ကလေး တစ်ဦးလျှင်ငွေ ကျပ်ငါးရာဖြင့် ဝင်ကြေးသတ်မှတ် ကောက်ခံလျက် ရှိသည်။ ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ် ကို ၁၉၂၄ ခုနှစ်က စတင်တည် ထောင်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၄ ခုနှစ် အထိ ဝင်ကြေး အခမဲ့ဖြင့် ဝင်ရောက် ခွင့်ပြုခဲ့ကြောင်းသိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*