အမှိုက် ခွဲခြား စွန့်ပစ်နည်း ပညာပေး အစီအစဉ်များ မန်းတွင် အရှိန်မြှင့်မည်

အမှိုက် ခွဲခြား စွန့်ပစ်နည်း ပညာပေး အစီအစဉ်များ မန်းတွင် အရှိန်မြှင့်မည်
December 30, 2016 Asian Fame

12:06 pm
အမှိုက် ခွဲခြား စွန့်ပစ်နည်း ပညာပေး အစီအစဉ်များ မန်းတွင် အရှိန်မြှင့်မည်

(မန္တလေး၊ ဒီဇင်ဘာ ၂၇)

ပြည်သူလူထု စနစ်တကျ အမှိုက် စွန့်ပစ်တတ်စေရန် ရည်ရွယ်သည့် အမှိုက် ခွဲခြားစွန့်ပစ် နည်းစနစ် ပညာပေး အစီအစဉ်ကို လာ မည့် နှစ်တွင် အရှိန်အဟုန်မြှင့် ဆောင် ရွက် သွားမည်ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော် မတီ သန့်ရှင်းရေး ဌာနမှ သိရသည်။

”ဒီပညာပေး အစီအစဉ်လုပ် လာတာ ကျောင်းပေါင်း ၁၄ဝ ရှိနေ ပါပြီ။ အမှိုက်စွန့်ပစ်တဲ့ အခါမှာ အမှိုက်နဲ့ အစားအသောက်ကို ခွဲ လိုက်၊ ရော မပစ်နဲ့။ အမှိုက်ကစား ကြွင်းစားကျန် နဲ့ရောလို့ ညစ်ပတ် တာပါ။ မရောဘူး ဆိုရင် အမှိုက်က တော်ရုံနဲ့ မပုပ်သိုးဘူး။ ဒါကြောင့် မို့လို့စားကြွင်း စားကျန်ကို လုံးဝခွဲ ထားပါ။ အမှိုက်ကို သတ်သတ်ပစ်၊ စားကြွင်းစားကျန်ကို သတ်သတ် ပစ်ပေါ့။ အဲဒီပညာပေး အစီအစဉ် ကို ရပ်ကွက်တွေထဲ အထိ လုပ်သွား မယ်၊ နောက်ပိုင်း ကျရင် တက္ကသိုလ် တွေအထိ သွားရောက် ပညာပေး သွားမယ်” ဟု အဆိုပါဌာနမှ ဌာန ခွဲမှူး ဦးသန်းထွဋ်က ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။

အမှိုက် စွန့်ပစ်သည့်အခါတွင် စားကြွင်း စားကျန်နှင့် အခြားအမှိုက် များကို ခွဲခြား စွန့်ပစ်ခြင်းအားဖြင့် ဆိုးရွားသည့် အနံ့အသက်ဒဏ်မှ ကာကွယ်နိုင်မည် ဖြစ်သလို စားကြွင်း စားကျန်များ ကိုလည်း မြေဆွေး အဖြစ် အသုံးချနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို မန္တလေး မြို့တော် စည်ပင်သာယာ နယ်နိမိတ် ၆ မြို့နယ် အတွင်းရှိ ကိုယ်ပိုင် အထက်တန်းကျောင်းများ အပါအဝင် အခြေခံပညာ ကျောင်းပေါင်း သုံးရာကျော်အနက် ကိုယ်ပိုင် အထက် တန်းကျောင်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းပေါင်း ၁၄ဝ တွင် ဆောင်ရွက်ပြီး ဆောင်ရွက်နေ ဆဲဖြစ်ကြောင်းလည်း သိရသည်။

”ဖွံ့ဖြိုး တိုးတက်မှု နဲ့အတူ အမှိုက်တွေလည်း အများကြီးထွက် လာတယ်။ မန္တလေးမြို့မှာ ၁၉၉ဝ ပြည့်လွန် နှစ်တွေက ဆိုရင် လူတစ် ဦးချင်း ပျမ်းမျှ အမှိုက် ထွက်ရှိမှုက ဝ ဒသမ ၃၅ ကီလိုဂရမ်လောက် ပဲ ရှိတယ်။ နောက်ပိုင်းကျတော့ ဇိမ်ခံ ပစ္စည်း သုံးလာတာ များလာ တယ်။ မုန့်ထုပ်တာ ကအစ အရင်တုန်းက ဖက်နဲ့ထုပ်တယ်။ အခုကျတော့ ကြွပ်ကြွပ်အိတ် နဲ့ ထုပ်လာတယ်ဆို တော့ ဒီနေ့ မန္တလေးမြို့မှာ လူတစ်ဦး ရဲ့ပျမ်းမျှ အမှိုက်ထွက်ရှိမှုက ဝ ဒသမ ၇ ကီလိုဂရမ် အထိ ရှိလာတယ်။ အဲဒီထဲကမှ အမှိုက်တွေကို စား ကြွင်းစားကျန် နဲ့ တခြား အမှိုက် ဆိုပြီး ခွဲခြား စွန့်ပစ်လိုက်မယ် ဆိုရင် သန့်ရှင်းမှုလည်း ရှိလာမယ်။ စားကြွင်းစားကျန်ကနေ မြေဆွေး ထုတ်လာနိုင်မယ်”ဟု အဆိုပါ ဌာနမှ ဌာနမှူးဦးလှမျိုးက ဖြည့်စွက်ပြော သည်။

မန္တလေးမြို့၏ တစ်ရက်ပျမ်းမျှ အမှိုက်ထွက်ရှိမှုသည် တန်ရှစ်ရာမှ တစ်ထောင်ကြားရှိကြောင်း သိရ သည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*