ပန်ဆန်းသို့ ငြိမ်းချမ်းရေး ကော်မရှင် သွားရောက်၍ ‘ဝ’အဖွဲ့ နှင့် အလွတ်သဘော တွေ့ဆုံမည်

ပန်ဆန်းသို့ ငြိမ်းချမ်းရေး ကော်မရှင် သွားရောက်၍ ‘ဝ’အဖွဲ့ နှင့် အလွတ်သဘော တွေ့ဆုံမည်
December 30, 2016 Asian Fame

1:47 pm
ပန်ဆန်းသို့ ငြိမ်းချမ်းရေး ကော်မရှင် သွားရောက်၍ ‘ဝ’အဖွဲ့ နှင့် အလွတ်သဘော တွေ့ဆုံမည်

wa-armyphoto-panglong-org-copy

ရဲလွင်
ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့သည် UWSA  ‘ဝ’ ဌာနချုပ်ပန်ဆန်းသို့သွားရောက် ၍ ‘ဝ’ အဖွဲ့နှင့် အလွတ်သဘော တွေ့ဆုံ မှုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုတွင် လက်ရှိတိုက်ပွဲ ဖြစ်ပွားနေသော မြောက်ပိုင်းမဟာမိတ် အဖွဲ့လေးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရေးကိစ္စ ပါဝင်ခြင်း ရှိ/မရှိကိုမူ မသိရှိရသေးပေ။ခရီးစဉ်တွင်လိုက်ပါမည့် ငြိမ်းချမ်းရေး ကော်မရှင်မှဦးခင်ဇော်ဦးက ”ကျွန်တော်တို့ ပန်ဆန်းကိုသွားမှာပါ။ သူတို့နဲ့လည်းမတွေ့ တာ ကြာပြီမို့ပါ” ဟု ပေါ်ပြူလာနယူးစ်၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

ယင်းခရီးစဉ်တွင် လက်ရှိတိုက်ပွဲ ဖြစ်ပွားနေသော မြောက်ပိုင်းမဟာမိတ်   လေးဖွဲ့နှင့်တွေ့ဆုံရေးကိစ္စ ပါဝင်ခြင်း ရှိ/ မရှိ မေးမြန်းရာ တွင် ကော်မရှင်ဘက်မှ အစီအစဉ်မရှိကြောင်း ဦးခင်ဇော်ဦးက  ပြန်လည်ဖြေကြားခဲ့သည်။

ခရီးစဉ်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ တွင် စတင်မည်ဖြစ်ပြီး ကော်မရှင်ခေါင်း ဆောင် ဒေါက်တာတင်မျိုးဝင်း ပါဝင်ခြင်း မရှိကြောင်း၊ လက်ရှိ အတည်ပြုနိုင်သော သတင်းများအရ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်သည့် ဦးခင်ဇော်ဦး၊ ဦးသိန်းဇော်၊ ဦးနိုင်ငံလင်း၊ ဦးအောင်စိုးတို့ သွားရောက် မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းမြောက်ဒေသတွင် အစိုးရတပ်မ တော်နှင့် တိုက်ပွဲဖြစ်ပွားသော မြောက်ပိုင်း လေးဖွဲ့ဖြစ်သည့် KIA ၊  TNLA ၊ AA ၊ MNDAA  တို့သည် တရုတ် ၊ UWSA ‘ဝ’  အဖွဲ့တို့ အသိသက်သေအဖြစ်ပါဝင်သော တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံးစတင်ရန် ဒီဇင်ဘာလ ၂၂ ရက်နေ့ကပင် ကြေညာ ချက်ထုတ်ပြန် တောင်းဆိုထားသည်။

ငြိမ်းချမ်းရေး ကော်မရှင်၏ ယခု တစ်ကြိမ် ပန်ဆန်းခရီးစဉ်အတွင်း မည် သည့် အကြောင်းအရာတို့နှင့်ပတ်သက်၍ သွားရောက်မည်ဆို သည်ကို တာဝန်ရှိ သူ အချို့ကို ဆက်သွယ်မေးမြန်း ရာတွင်လည်း ပြန်လည် ဖြေကြားနိုင်ခြင်း မရှိခဲ့ပေ။

မြောက်ပိုင်းမဟာမိတ်အဖွဲ့က မည် သည့်တွေ့ဆုံဆွေးနွေးပွဲတွင်မဆို မိမိတို့ အဖွဲ့အားလုံး အတူတကွတစ်ပြိုင်နက်တည်း တွေ့ဆုံရန် သဘောထားရှိသည့်အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား သက်သေ အဖြစ်ပါဝင်ပြီး ‘ဝ’ သွေးစည်းညီညွတ်ရေး ပါတီ၏ပါဝင်မှုဖြင့်   တွေ့ဆုံသွားမည်ဟု ဆိုထားသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက် ပိုင်းမဟာမိတ်အဖွဲ့တို့ ဒီဇင်ဘာလဆန်းက တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံရန်စီစဉ် ခဲ့သော် လည်း တွေ့ဆုံမှုပုံစံနှင့်ပတ်သက်၍ အဆင်မပြေဖြစ်ပေါ်ကာ တွေ့ဆုံပွဲဖြစ် မြောက်ခဲ့ခြင်း မရှိပေ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*