နိုင်ငံခြားသားများ လုံခြုံရေးအရ သွားခွင့် ပိတ်လိုက်သော နယ်မြေစာရင်း ထုတ်ပြန်

နိုင်ငံခြားသားများ လုံခြုံရေးအရ သွားခွင့် ပိတ်လိုက်သော နယ်မြေစာရင်း ထုတ်ပြန်
December 30, 2016 Asian Fame

1:55 pm
နိုင်ငံခြားသားများ လုံခြုံရေးအရ သွားခွင့် ပိတ်လိုက်သော နယ်မြေစာရင်း ထုတ်ပြန်

မေဇင်ဝင်း
ရန်ကုန်၊ ဒီဇင်ဘာ ၂၇

မြန်မာသို့ လာရောက်လည် ပတ်သော နိုင်ငံခြားသားများလုံခြုံ ရေးအရ သွားခွင့် ပိတ်လိုက်သော နယ်မြေစာရင်းကို ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)တို့မှ လုံခြုံရေးအရထပ်မံကန့်သတ် လိုက်သည့် နယ်မြေများစာရင်း တွင် တိုက်ပွဲများဖြစ်ပွားနေသော ကချင်ပြည်နယ်အတွင်းမှ မြို့နယ် များ၊ ရှမ်းပြည်နယ်အတွင်းမှ မြို့ နယ်များ၊ ရခိုင်ပြည်နယ်မှ ဒုက္ခ သည်စခန်း များ ပါဝင်သည်။

ယခင်က မြို့ပေါ်သို့ သွား ရောက်လည် ပတ်ခွင့်ပြုပြီး မြို့ပြင် သို့သွားလျှင်ခွင့်ပြုချက်ဖြင့်သာ သွားရသည့် နေရာများကိုလည်း လက်ရှိတွင် သွားရောက်ခွင့် ပိတ် လိုက်ပြီဖြစ်ကြောင်း ကြေညာချက် အရ သိရသည်။

လုံခြုံရေးအရ သွားရောက် ခွင့်တားမြစ်လိုက်သော မြို့များမှာ ကချင်ပြည်နယ်တွင် ပူတာအို၊ မ ချမ်းဘော၊ မန်စီ၊ မိုးမောက်၊ ဝိုင်း မော်၊ ဆွမ်ပရာဘွမ်၊ ဖားကန့်၊ ချီ ဖွေ၊နောင်မွန်း၊ ဆော့လော်စသည့် မြို့နယ်များ၊ ကယားပြည်နယ်တွင် ဒီမော့ဆို၊ ဖရူဆို၊ ရှားတော၊ ဖား ဆောင်း၊   ဘောလခဲ၊ မယ်စဲ့မြို့နယ်၊ ကရင်ပြည်နယ်တွင် ကော့ကရိတ်၊ ကျုံဒိုး၊ လှိုင်းဘွဲ့၊ သံတောင်ကြီး၊ ဘုရားသုံးဆူ၊ ဖာပွန်စသည့်မြို့ နယ်များ ပါဝင်သည်။

ထိုထုတ်ပြန်ချက်နှင့် ပတ်သက် ၍ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ”ဒါက ပြည်ထဲရေးတို့ ကာကွယ်   ရေးဦးစီးချုပ်ရုံး(ကြည်း)တို့က သတ် မှတ်တာပါ။ အဓိကကငြိမ်းချမ်းရေး ပဲ၊ ငြိမ်းချမ်းရေးရရင်တစ်နိုင်ငံလုံး သွားလို့ရတယ်။ တစ်စုံ တစ်ခု ဖြစ် သွားရင် နိုင်ငံပုံရိပ်ပဲကျမှာ။ အခြေ အနေအချိန်အခါအရ နောက်ပိုင်း ဖြေလျှော့ချင်လည်း ဖြေလျှော့နိုင် တာပေါ့။ ဒါက ငြိမ်း ချမ်းရေး ဖြစ် စဉ်ပေါ်မူတည်မှာပါ”ဟု ပြောသည်။

ရှမ်းပြည်နယ်တွင် ရပ်စောက်၊ လွိုင်လင်၊ ပင်လုံ၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ ကျေးသီး၊ လောက် ကိုင်၊ မိုင်းလား စသည့်မြို့ နယ်များ၊
ပဲခူးတိုင်းတွင် ရွှေကျင်မြို့နယ်၊ တနင်္သာရီတိုင်းတွင် ဘုတ်ပြင်းမြို့ နယ်၊ ကျွန်းစုမြို့နယ်၊ မွန်ပြည်နယ် တွင် ရေး၊သထုံနှင့် ဘီးလင်း၊ ကျိုက် မရောနှင့် သံဖြူဇရပ်မြို့နယ်များ ပါဝင်သည်။

ပြည်တွင်းပြည်ပ ခရီးသွားများ သည် ပုံမှန်သွားနေကျခရီးစဉ်များ ထက် လူသူအရောက်အပေါက် နည်းသော ခရီးစဉ်ဒေသများကို ပို မို စိတ်ဝင်စားကာ သွားရောက်နေ ကြသည့် အခြေအနေတွင် ထိုသို့ တားမြစ်လိုက်ခြင်းကြောင့် အခက် တွေ့စေကြောင်း All Asia Exclu-sive  ခရီးသွားလုပ်ငန်းမှ MD  ဦးဖြိုးဝေရာဇာက ပြောသည်။

”အရင် တပ်မတော်အစိုးရ လက်ထက်တုံးကတော့  လုံခြုံရေး အရတားမြစ်ထားတဲ့ နေရာတွေကို ကကကြည်းကို ခွင့်ပြုချက်တင်ရင် သွားလို့ရတယ်။ အခုကျတော့ ခွင့် ပြုချက်နဲ့သွားရမယ့် နေရာတွေ အတွက်လည်း သွားခွင့်မတင်ပါနဲ့ ဆိုတော့ လွန်ခဲ့တဲ့ နှစ် ၂ဝ လောက် ကို ပြန်ရောက်သလို ဖြစ်သွား တယ်”ဟု ၄င်းကပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*