အချစ်ရေး ကတော့ အသက် ငယ်ပါသေးတယ် ဆိုတဲ့ ပုန်းညက်ဖြူ

အချစ်ရေး ကတော့ အသက် ငယ်ပါသေးတယ် ဆိုတဲ့ ပုန်းညက်ဖြူ
December 30, 2016 Asian Fame

2:26 pm
အချစ်ရေး ကတော့ အသက် ငယ်ပါသေးတယ် ဆိုတဲ့ ပုန်းညက်ဖြူ

pone-nyat-phyuအသက် ငယ်ငယ်နှင့် ဆိုင်း ဝိုင်းတစ်ခုကို ဦးဆောင် လုပ်ကိုင် နေသည့် ပုန်းညက်ဖြူသည် အတီး သာမက အဆိုရော သရုပ်ဆောင် ဘက်တွင် ပါ လှုပ်ရှားနေသူ တစ်ဦး လည်းဖြစ်သည်။ သုံးနှစ်သမီး အရွယ်ကတည်း ကပင် ဖခင်ဖြစ်သူ ဆိုင်းဆရာ မန္တလေး အောင်မျိုးထံ မှ အဆို၊ အက၊ အတီး စသည့် မြန် မာ အနုပညာ များကို စတင်လေ့ လာသင်ယူခဲ့သည်။ ၂ဝဝ၇ ခုနှစ်၊ နေပြည်တော်တွင် ကျင်းပသည့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် တစ် ကိုယ်တော် ဆိုင်းဝိုင်းဖြင့် ပထမဆု ကို ရရှိခဲ့ပြီး ဖခင်က သမီးအတွက် ”ပုန်းညက်ဖြူ” ဆိုင်းဝိုင်းကို စတင် တည် ထောင်ပေးခဲ့သည်။ လက်ရှိ တွင် တစ်ကိုယ်တော် သီချင်းခွေ ၂ ခွေ ထုတ်ဝေခဲ့ပြီး ဖြစ်သည့် ပုန်း ညက်ဖြူ၏ လတ်တလော အနုပညာ လှုပ်ရှားမှုများကို မေးမြန်းဖော်ပြ လိုက်ပါသည်။

ညီမ လတ်တလော ဆိုင်းဝိုင်းပဲ တောက်လျှောက် ထွက်နေရလား၊ ပွဲငှားတွေ အခြေအနေ ဘယ်လိုရှိလဲ။

အခု ဆိုင်းပွဲတွေ တောက် လျှောက်ကို ထွက်နေ ရတယ်။ အရင်နှစ်ထက် များတယ်။ မောင် လေးနဲ့အတူ တီးတယ်။ ပွဲတွေနဲ့ အချိန်ပြည့်နေတော့ ညီမပညာ ရေးဘက် ကိုတော့ အားနည်းသွားပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ညီမ ဒီ အလုပ်က လူ ၂၅ ယောက် ရှိတယ်။ပြီးတော့ ညီမ မိသားစုလေးလည်း ရှိတယ်။ ရပ်ထားလို့ မဖြစ်ဘူး။ အခု မောင်နှမ နှစ်ယောက် အတူတူလုပ် ကြတယ်။ လက်ခံ ထားတဲ့ ပွဲတွေလည်း အများကြီးရှိတဲ့ အခါကျတော့ ပတ်ချာလည်အောင် အစီအစဉ် လည်း ဆွဲရသေးတယ်။ ညီမ ဒီ အလုပ်ကို ပဲဇောက်ချလုပ်ဖြစ်မယ်။

ဒီနှစ်မှာ ဘယ်ဒေသတွေ ပွဲငှား အများဆုံးဖြစ်နေလဲ။

ဒီနှစ် ကတော့ မန္တလေးဘက် က ပိုများတယ်။ အောက်ပိုင်းမှာ လာငှားတာ နည်းတယ်။ နည်းနည်း များများ ညီမကတော့ လာငှားရင် အဆင်ပြေအောင် ပြောပြီးတီးတယ်။ ကိုယ့်အနုပညာ ဖြစ်သလို ကိုယ့်ဝမ်း စာလည်း ဖြစ်နေတယ်လေ။ ပွဲ မတီးရတဲ့ ရာသီတွေ ဆိုရင်တော့ အခြားအနုပညာ အလုပ် ကလေးတွေ လုပ်မယ်။ အခု တန်ခူးလအထိ လက်ခံထားတယ်။

ဆိုင်းဝိုင်း တောက်လျှောက် ထွက် နေတယ် ဆိုတော့ အဆိုဘက်ကို လှည့်ဖို့အချိန်ရှိရဲ့လား။ ညီမရဲ့ တစ် ကိုယ်တော်ခွေအသစ် ဘယ်တော့ လောက်ထွက်ဖြစ်မလဲ သိပါရစေ။

ဖေဖေ မရှိတော့ ဒီအလုပ်ကို ကိုယ်ပဲ ဦးဆောင်ပြီး လုပ်နေရ တော့ တစ်ကိုယ်တော်ခွေ ဘက် မလှည့်နိုင်သေးတာ။ ၂ ခွေထွက် ပြီးတဲ့နောက် အခုချိန်ထိ မလုပ် အားသေးဘူး။ အခု တတိယခွေကို တော့ နောက်နှစ်ထဲမှာ ထွက်နိုင် အောင် ညီမ ကြိုးစားနေပါတယ်။ တချို့ သီချင်းတွေ  ။ ကျန်တာတွေ ကတော့ ဆိုင်းဝိုင်း တွေပြီးမှပဲ လုပ်တော့မယ်။ အခွေ လုပ်တာ အမြတ်ရလို့တော့ မဟုတ် ဘူး။ အားပေး တဲ့ ပရိသတ်တွေ အတွက် အမှတ်တရ ဖြစ်အောင် ကိုယ် မရောက်သေးတဲ့ နေရာတွေ မှာ သူတို့ နားထောင်လို့ ရအောင် ဆိုပြီး လုပ်တာ ပါ။ ကိုယ့်အခွေ တွေမှာ ကိုယ်ပဲ ပြန်သရုပ်ဆောင် တယ်။ ဝါသနာလည်း ပါတယ်။ ပြီး တော့ မင်းသမီးကြေး မကုန်တော့ ဘူးလေ။ အဲဒါကြောင့် အသံသွင်း တာ၊ ရိုက်ကူးတာတွေက အစ သေ သေချာချာ လုပ်နိုင်မှလုပ်ဖြစ်မယ်။

ညီမက ဗီဒီယိုလည်း ရိုက်တော့ သရုပ်ဆောင်ဘက်ကိုရော ဆက် လုပ်ဖြစ်ဦးမလား။

ဗီဒီယို ဇာတ်ကား ရိုက်ထား တာ ၂ ကားရှိတယ်။ အဲဒီနောက် ပိုင်းမရိုက်ဖြစ်ဘူး။ ခဏနားထား တယ်။ ဆိုင်းဝိုင်းတွေတောက် လျှောက်ကို လက်ခံ ထားတယ် ဆို တော့ သရုပ်ဆောင်ဘက်တော့ မလုပ်နိုင်သေးဘူး။ သရုပ်ဆောင် က ကိုယ် တစ်ယောက်တည်းပဲ အဆင်ပြေ တာလေ။ ကိုယ့်ဆီမှာ လည်း အတူတူ အဖွဲ့သားတွေ ရှိ သေးတယ်။ ဆိုင်းဝိုင်းတွေ ပါးပြီဆို ရင်တော့လာ ကမ်းလှမ်းရင် ရိုက် ဖြစ် မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အချိန် ပြည့်ပြည့်ဝဝ မပေးနိုင်ရင် မလုပ်ချင်ဘူး။ သေသေချာချာ လုပ်ချင်တယ်။ တစ်ခုပြီးပြတ် မှ နောက်တစ်ခု လုပ်ချင်တဲ့ဆန္ဒကြောင့် ခုတလောတော့ ဗီဒီယို လုံးဝမရိုက် ဖြစ်ဘူး။ လုပ်တာကတော့ ဆက်လုပ် ဖြစ်မှာပါ။ ရိုက်ထားတဲ့ ကားတွေ လည်း ဆင်ဆာကျပြီ။ ထွက်တော့ မယ်ဆိုတော့ ခွေထွက်လာရင် သီချင်းခွေလိုပဲ ဆိုင်းဝိုင်းပွဲမှာ ဖြန့် မယ်။ ညီမစိတ်ကူး ထားတယ်ပေါ့။

ညီမရဲ့ မောင်လေးကို ဆိုင်းဝိုင်း ထောင်ပေးဖို့ ပြောဖူးတယ်နော်။ အဲဒါကရော ဘယ်တော့လောက် လုပ်ဖြစ်မလဲ။

၂ဝ၁၇ ထဲမှာတော့ မောင်လေး ကို ဆိုင်းဝိုင်းထောင် ပေးဖို့ စီစဉ် ထားတာတော့ရှိတယ်။ ၁၂ နှစ်ပဲ ရှိသေးတယ် ဆိုတော့ သူက တအား ငယ်သေးတယ်။ သူတစ်ယောက် တည်း မလုပ်နိုင်မှာလည်း စိုးရိမ် ရတယ်။ ညီမက မိန်းကလေးဆို တော့ ဒီလို အနုပညာမှာ ကြာရှည်ခံ မအောင်မြင်ပါဘူး။ အဲဒါကြောင့် အခု မောင်လေးတွက် ညီမကြိုးစား နေတယ်။ အမေ့ကိုလည်း မပင် ပန်းစေချင်တော့ဘူး။ အခုဆို သူပဲ တောက်လျှောက် လိုက်နေရတယ်။ အဖေချစ်တဲ့ ဒီမိသားစုကို ပြည့်ပြည့် စုံစုံနဲ့ ထားချင်တဲ့ သူ့ဆန္ဒတွေကို ညီမ ကြိုးစားပြီးတော့ လုပ်မယ်။

ပုန်းညက်ဖြူကို ချစ်တဲ့ ပရိသတ် တွေသိချင်တဲ့ အချစ်ရေး ကရော အခြေအနေ ဘယ်လိုလဲ။

ညီမမှာရှိတဲ့ ချစ်သူ ဆိုလို့ ပရိ သတ်နဲ့ မိသားစုတွေပဲ ရှိပါတယ်။ မေမေနဲ့ မောင်လေးကို လုပ်ကျွေး နေတဲ့ သမီး တစ်ယောက်ပါ။ အချစ် ရေး ကတော့ အသက်ငယ်ပါသေး တယ်။ ညီမကို ချစ်ခင် အားပေးတဲ့ ညီမချစ် ပရိသတ်တွေ အားလုံး နှစ် သစ်မှာ အလုပ်အကိုင် အဆင်ပြေ ပါစေ၊ ငြိမ်းချမ်းကြပါစေလို့ ဆု တောင်းပေးပါတယ်။

ထူးထူး တွေ့ဆုံမေးမြန်းသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*