သူတို့အမြင်

သူတို့အမြင်
December 30, 2016 Asian Fame

2:06 pm
သူတို့အမြင်

5

၂ဝ၁၇ နှစ်သစ်ကား ရက်ပိုင်းအတွင်း ရောက်လာပေတော့မည်။ အစိုးရအနေဖြင့်လည်း ၂ဝ၁၆ မှ မပြီးပြတ်ခဲ့သော ပြဿနာအဝဝတို့ကို ၂ဝ၁၇ သို့ ဆက်လက်ထမ်းပိုး သယ်ဆောင်သွားရပေဦးမည်။ ထို့အတူပင်လျှင် အသစ်အသစ်သောလုပ်ငန်းဆောင်တာတို့ကိုလည်း ဆက်လက်ဆောင်ရွက်ရဦးမည်။ ထို့ကြောင့် နိုင်ငံ၏အရေးကြီးသောကဏ္ဍအသီးသီးတို့တွင် အစိုးရအနေဖြင့် ၂ဝ၁၆ ဝယ်ဆောင်ရွက် ခဲ့ပြီးသည်တို့နှင့်အတူ ၂ဝ၁၇ တွင် ဆက်လက်ဆောင်ရွက် ပေးစေလိုသည်များ၊ ပြည်သူတို့မျှော်လင့်စောင့်စားနေကြသည် များနှင့် ပတ်သက်၍ ယင်းကဏ္ဍများတွင် အတွေ့အကြုံရှိသူတို့၏အမြင်များအား စုစည်းတင်ဆက်လိုက်ပါကြောင်း။

ဦးကျော်ဦး
ရေနံအင်ဂျင်နီယာ

လာမယ့်၂ဝ၁၇ကျရင် အစိုးရ သစ်က လက်ရှိလုပ်နေတဲ့လုပ်ရပ်အချို့ ကို မလုပ်ဆောင်သင့်တော့ဘူးလို့ ကျွန်တော်အကြံပြုလိုပါတယ်။
အဲဒါကတော့ ဖွင့်ပွဲများနဲ့ အစိုးရအဖွဲ့ဝင်တွေ အလုပ်မရှုပ် စေချင်တာပါပဲ။ ပြည်သူ့အစိုးရ တက်လာရင် တချို့အပိုင်းတွေ တော်ေ တ်ာပြောင်းလဲလာမယ် ထင်ခဲ့မိပါတယ်။ အရင်ကလို အချိန် တွေအများကြီးပေးပြီး အလုပ် မဟုတ်တဲ့ ဘာဖွင့်ပဲ ညာဖွင့်ပွဲတွေ မှာ ဖဲကြိုးဖြတ်တာ ပူးပေါင်းလွှတ် တာ မတွေ့ရတော့ဘဲ ပြည်သူတွေ အတွက် အကျိုးရှိမယ့်အလုပ်တွေနဲ့ အချိန်ကုန်ခံမယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် တချို့တက်လာတဲ့ ပြည် သူ့အစိုးရအဖွဲ့ဝင်တွေက အရင် အစိုးရဟောင်းလုပ်သွားသလို မရောင်ရာဆီလူးတာတွေကို ဆက်
လက်ကျင့်သုံးနေတာကို တွေ့နေရ တယ်။ ဒါကိုပဲ အစိုးရအလုပ်ထင် နေသလားမသိပါဘူး။ ကျွန်တော့် အနေနဲ့ကတော့ အဲဒါတွေကိုလျှော့ ဖို့အချိန်တန်ပြီလို့ ထင်ပါတယ်။

ဘာတွေ အကျိုးရှိပါသလဲ။  အကျိုးရှိတဲ့အချိန်တွေ မဖြုန်းသင့် ဘူး။ ဒီမိုကရေစီအတွက် လွတ်လပ် ခွင့်အတွက် ဘဝတွေပေးခဲ့သူတွေ ကို သတိရသင့်ပါတယ်။   ပြည်သူ့အစိုးရသစ် ပြောင်း လဲချိန်တန်ပါပြီလို့ပဲ တောင်းဆိုချင် ပါတယ်။

ဒေါက်တာစိုင်းခိုင်မျိုးထွန်း
ဒုတိယဥက္ကဋ္ဌ (၁)

မြန်မာနိုင်ငံဆရာ၊ ဆရာမများအဖွဲ့ ချုပ်၊ ကထိက နိုင်ငံတကာဆက်ဆံ ရေးဌာန၊ ရန်ကုန်တက္ကသိုလ်  ပြဋ္ဌာန်းထားတဲ့ အမျိုးသား ပညာရေး ဥပဒေထဲမှာပါတဲ့အချက် တွေကိုဝန်ကြီးဌာနက ပြည့်ပြည့် ဝဝ အကောင်အထည်ဖော်ပေးရ မယ်။ နောက်ပြီး လိုအပ်တာတွေကို လည်း   ဖြည့်သွင်း၊ ပြင်ဆင်သင့်တာ တွေကိုလည်းပြင်ဆင်ပေးရမယ်။

အဓိကကတော့ ဗဟိုချုပ်ကိုင် မှုလျှော့ဖို့ပါပဲ။ ခုဆိုပညာရေးဝန်ကြီး ဌာနက ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ဌာနတွေမှာဆိုရင် အဆင့်မြင့် ပညာရေးဦးစီးဌာနဆိုတာရယ်၊ နောက်ပြီး တက္ကသိုလ်၊ ကောလိပ် ၁၆ဝ ကျော်အတွက် သီးသန့်အဖွဲ့ ဆိုတာရယ် ဒီနှစ်ခုကိုတွေ့မိတယ်။ ဒီတော့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပေး မယ်ဆိုရင် ဒါတွေကမလိုတော့ဘူး လေ။ ကျွန်တော်ကတော့ တက္ကသိုလ် ကောလိပ်တွေ ကို မြန်ြ မန်လွတ် လပ်ခွင့်ပေးသင့်တယ်။ မဟုတ်ရင် တအားကြာသွားမယ်။ နောက် တစ်ခုက အဆင့်မြင့်ပညာရေး ဥပဒေ၊ ဒါကိုလည်း မြန်မြန်ပြ ဋ္ဌာန်း စေချင်တယ်။

ခုဟာက အီလယ်လယ်ကြီး ဖြစ်နေတယ်။ နောက်အခြေခံပညာ ကဏ္ဍ၊ မြို့နယ် အဆင့်ပညာရေး အုပ်ချုပ်ရေးအဖွဲ့ အချို့က သင် ကြားရေးဆရာ၊ ဆရာမအချို့တို့ ကို ဖိနှိပ်တာတွေ လုပ်နေတယ်လို့ သတင်းရထားတယ်။ ဒါတွေကို စိ စစ်သင့်တယ်။ နောက်အပြောင်း အရွှေ့၊ ရာထူးတိုးတိကျတဲ့ အများ လက်ခံနိုင်တဲ့ မူတစ်ခု ချပေးပါလို့ တောင်းဆိုချင်ပါတယ်။ မဟုတ်လို့ ကတော့ ဒီနှစ်ထဲမှာလိုပဲကန့်ကွက် သံတွေ နောင်နှစ်အထိ ဆက်ပါ လာဦးမှာပဲလို့ ပြောချင်ပါတယ်။

ဦးရောဘတ်စန်းအောင်
တရားလွှတ်တော်ရှေ့နေ

တရားစီရင်ရေး နယ်ပယ်က သက်တမ်းရင့်နေပြီ ဖြစ်တဲ့ လူကြီး လူဟောင်းတွေကို လာမယ့်နှစ်မှာ လဲလှယ်သင့်ပြီလို့ မြင်ပါ တယ်။ တရားရေးဝန်ကြီး ခန့်အပ်ပြီး ပြည် ထောင်စုအစိုးရအဖွဲ့ အောက်မှာ ထားလို့ ပျက်ယွင်းနေတယ်လို့ ဝေ ဖန်ခံနေရတဲ့ တရားစီရင်ရေး ယန္တ ရားကို ပြုပြင်သင့်ပြီလို့လည်း အကြံပြုလိုပါတယ်။ နောက်ပြီး ပုဒ်မ ၆၆ (ဃ) ထဲက အသရေဖျက်မှု ဒါကိုလည်း ပယ်ဖျက်စေချင်ပါ တယ်။   နောက်ပြီး တရားသူကြီးတွေ မတော်မတရားလုပ်တယ်လို့ဆိုတဲ့ တိုင်တန်းစာအပေါ်ကိုလည်း အစိုး ရက ဖိဖိစီးစီး လျင်လျင်မြန်မြန် စုံစမ်းအရေးယူစေလိုပါတယ်။ အဓိက လုပ်ရမှာက မြို့နယ်အဆင့်နဲ့ ခရိုင် အဆင့်က တရားသူကြီးတွေရဲ့ လစာပါပဲ။ သူတို့ရဲ့လစာဟာ အရမ်း နည်းပါတယ်။ နောက်သူတို့ရဲ့ နေထိုင်ရေး၊ နောက်သူတို့ရဲ့မိသား စုဝင်တွေရဲ့ကျန်းမာရေးဒါကိုလည်း စောင့်ရှောက်ေ ပးစေချင် တယ်။

တရားရုံးတွေရဲ့ အသွင်အပြင် ကိုလည်း မြှင့်တင်ပေးစေချင်တယ်။ပျက်ယွင်းနေတဲ့၊ လိုအပ်ချက်ရှိနေ တဲ့၊ မပြည့်စုံနေတဲ့ ယန္တရားကနေ ရလဒ်ကောင်းကို မျှော်လင့်လို့တော့ မရဘူးလို့ပဲ ပြောချင်ပါတယ်။

ဒေါက်တာ စိုးထွန်း
စီးပွားရေးလုပ်ငန်းရှင်၊ ကုန်သည် စက်မှု/လက်မှုအသင်းချုပ် ဗဟို အလုပ်အမှုဆောင်

ခု ၂ဝ၁၆ မှာတော့ စီးပွား ရေးအရ ပြောင်းလဲမှုကသိပ်ပြီး ကြီးကြီးကျယ်ကျယ် မရှိခဲ့ဘူး။ မူ ဝါဒပိုင်း အပါအဝင်ပေါ့။

 ကားမူဝါဒက လွဲရင်လို့ ဆိုလို့ လဲရပါတယ်။ ဒါ့ကြောင့် လာမယ့် နှစ်မှာ စီးပွားရေးကို လက်ရှိ အနေ အထားကနေ တိုးတက်အောင် အစိုးရက ပြောင်းလဲပေးရပါမယ်။တစ်ဆက်တည်း ဘဏ်လုပ်ငန်းကို လည်းပြုပြင်ပေးစေချင်တယ်။ ဘယ် လုပ်ငန်းရှင်မဆို နောက်ဆုံး မဖြစ် မနေလိုအပ်တာက အရင်းအနှီး ပါပဲ။ ဒီအရင်းအနှီးကိုလည်း အစိုး ရ ဘယ်လိုဘယ်ပုံ လုပ်ပေးနိုင် မလဲ။ နည်းလမ်းရှာပြီးဆောင် ရွက် ပေးစေချင်ပါတယ်။ ဒါကိုတော့ ဦးစားပေးလုပ်ပေးပါ။ နောက်စီးပွား ရေးလုပ်ရာမှာကြန့်ကြာနေတဲ့ကိစ္စ တွေ၊ ဒါကိုလည်း စစ်ဆေးပေး ပါ။

သွင်းကုန် ပို့ကုန်လုပ်ငန်းရှင် တွေအနေနဲ့ ပြည်ပကိုငွေပို့ရတာ ခက်ပါတယ်။ နောက်ပြည်ပကနေ ဒီမှာ လာဖွင့်ထားတဲ့ဘဏ်၁၃ဘဏ် အဲဒီမှာ ပြည်တွင်းလုပ်ငန်းရှင်တွေ ဘဏ်အကောင့် ဖွင့်ခွင့်ပေးပါ။ ဆောက်လုပ်ရေးနဲ့ ပတ်သက်လို့ လည်းတိကျတဲ့မူဝါဒချပေးပါ။

လယ်ယာကဏ္ဍကိုလည်း ပံ့ပိုး မှုတွေပေးပါ။ လုပ်ငန်းရှင်တွေ ပူး ပေါင်းခွင့်ကိုဆိုလိုတာပါ။ နောက် ဆုံးအချက်အနေနဲ့ကတော့ လယ် ယာကဏ္ဍဆီ ပြည်ပရင်းနှီးမြှုပ်နှံ သူတွေဝင်လာအောင် ဆွဲဆောင်ပေး ပါလို့ ပြောချင်ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*