မကြာမီ ထွက်ရှိမည့် လူကုန်ကူးမှု တိုက်ဖျက်ရေး ၅ နှစ် အစီရင်ခံစာတွင် ရေလုပ်သားများ အတွက်ပါ ထည့်သွင်းရေးဆွဲထား

မကြာမီ ထွက်ရှိမည့် လူကုန်ကူးမှု တိုက်ဖျက်ရေး ၅ နှစ် အစီရင်ခံစာတွင် ရေလုပ်သားများ အတွက်ပါ ထည့်သွင်းရေးဆွဲထား
December 30, 2016 Asian Fame

4:10 pm
မကြာမီ ထွက်ရှိမည့် လူကုန်ကူးမှု တိုက်ဖျက်ရေး ၅ နှစ် အစီရင်ခံစာတွင် ရေလုပ်သားများ အတွက်ပါ ထည့်သွင်းရေးဆွဲထား

(ရန်ကုန်၊ ဒီဇင်ဘာ ၂၆)

မကြာမီထွက်ရှိမည့် လူကုန် ကူးမှုတိုက်ဖျက်ရေး ဒုတိယ ၅ နှစ် အစီရင်ခံစာတွင် ရေလုပ်ငန်းအ တွင်း လုပ်ကိုင်နေသော လုပ်သား များ လူကုန်ကူးခံရမှု ကာကွယ်ရေး ကဏ္ဍသစ်ကို ထည့်သွင်း ရေးဆွဲ ထားကြောင်း သိရသည်။

အဆိုပါ အစီရင်ခံစာမှာ ၂ဝ၁၇ မှ ၂ဝ၂၁ ခုနှစ်အတွက် ဖြစ်ပြီး ယခင် ၅ နှစ်အတွင်း ရေး ဆွဲ ဆောင်ရွက်ခဲ့သော ကဏ္ဍများ အပြင် ရေ လုပ်ငန်း လုပ်သားများ လူကုန်ကူးမှု ကာကွယ်ရေး အတွက် ကဏ္ဍသစ် တစ်ရပ် အနေဖြင့် ထည့် သွင်း ရေးဆွဲ ထားခြင်း ဖြစ်ကြောင်း မြန် မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပေါ်ပြူလာနယူးစ် သို့ ပြောသည်။

”ပထမ တစ်ပိုင်း ကတော့ ကြို တင်ကာကွယ်ရေး၊ ဒုတိယက အမှု တွေ ဖြစ်ခဲ့ပြီးရင် တရားခံတွေကို တရားစွဲရေး၊ ပြီးတော့ လူကုန်ကူးခံ ရတဲ့သူတွေ ကို စောင့်ရှောက်ရေး အ ပိုင်း။ ဒါတွေကတော့ အခြေခံအ ချက်တွေပေါ့နော်။ ပြီးတော့ မူဝါဒ ပိုင်းအရ ပူးပေါင်း ဆောင် ရွက်ရေး ကဏ္ဍ လည်း ပါဝင်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ အစီရင်ခံစာ တွင်  ကလေးသူငယ် လူကုန်ကူးခံရမှု ဆိုင်ရာ ကာကွယ်ရေး ကဏ္ဍကို ယခင်နှစ်များ နှင့်မတူ အသေးစိတ် ကျကျ ထည့်သွင်း ရေးဆွဲထား ကြောင်း သိရသည်။

လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာတွင် ရေလုပ်သားများအ တွက် ကဏ္ဍသစ် အဖြစ်ထည့်သွင်း ရေးဆွဲ ထားသောကြောင့် ယင်း လုပ်သား များ လူကုန်ကူး ခံရမှု လျော့နည်းသွားရန် မျှော်လင့်ထား ကြောင်း မြန်မာနိုင်ငံ လူကုန်တား ရဲတပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။ ထိုအစီရင်ခံစာကို လာမည့်ရက် ပိုင်းအတွင်း ထွက်နိုင်အောင် စီစဉ် ဆောင်ရွက် နေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေ ဖြင့် မလေးရှားနိုင်ငံနှင့် လူကုန်ကူး မှုဆိုင်ရာ MoU ရေးထိုးရန်လည်း ဆောင်ရွက်နေပြီး ထိုင်းနိုင်ငံနှင့် ထိုးထားပြီးသော MoU  ကို ပြန် လည် သုံးသပ် နေကြောင်း သိရ သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*