ဆက်သွယ်ရေးဥပဒေအား အသစ်ပြန်လည် ပြင်ဆင်နိုင်ရန် လွှတ်တော်သို့ သူရ ဦးရွှေမန်းကော်မရှင် တင်ပြထား

ဆက်သွယ်ရေးဥပဒေအား အသစ်ပြန်လည် ပြင်ဆင်နိုင်ရန် လွှတ်တော်သို့ သူရ ဦးရွှေမန်းကော်မရှင် တင်ပြထား
December 28, 2016 Asian Fame

4:16 pm
ဆက်သွယ်ရေးဥပဒေအား အသစ်ပြန်လည် ပြင်ဆင်နိုင်ရန် လွှတ်တော်သို့ သူရ ဦးရွှေမန်းကော်မရှင် တင်ပြထား

ushweman(နေပြည်တော် ၊ ဒီဇင်ဘာ ၂၈)

ဆက်သွယ်ရေး ဥပဒေအား အသစ်ပြန်လည် ပြင်ဆင်နိုင်ရန် အတွက် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ ထားပြီးဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များလေ့လာသုံးသပ်ဆန်းစစ်ရေးကော်မရှင် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောသည်။

“ဒီဥပဒေ ကို ပြင်ဆင်ဖို့ အတွက် ဥပဒေကြမ်းပါ ပူးတွဲ တင်ပြထားပါတယ် ၊ ဥပဒေပြုမပြု ဆိုတာကတော့ လွှတ်တော် အပိုင်းပဲဖြစ်ပါ တယ်”ဟု သူရ ဦးရွှေမန်းက ထပ်ပြောသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်ရှိ လွှတ်တော်ဝင်း အတွင်းရှိ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များလေ့လာ သုံးသပ် ဆန်း စစ်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီတို့ တွေ့ဆုံ အပြီး သတင်းစာ ရှင်းလင်းပွဲမှာ သူရဦးရွှေမန်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုဆက်သွယ်ရေး ဥပဒေပုဒ်မအား ပြင်ဆင်ရန် စဉ်းစားထားမှု့သည် Eleven Media Group ကိစ္စမတိုင်မီ ချစ်သမီးအား ပုဒ်မ၆၆ဃဖြင့် တရားစွဲ ကတည်းက ပြင်ဆင်ရန် စဉ်းစားနေခြင်းဖြစ်ကြောင်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာ သုံးသပ် ဆန်းစစ်ရေးကော် မရှင် ဥက္ကဌ သူရဦးရွှေမန်းက ထပ်မံဆိုသည်။

ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော် အတွင်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မအား ပြင်ဆင်နိုင်ရေးအတွက် လက်ရှိ အချိန်တွင် လွှတ်တော်သို့ တရားဝင် အဆိုဖြစ်စေ မေးခွန်းဖြစ်စေ ဥပဒေကြမ်းဖြစ်စေ တင်သွင်းခြင်း မရှိသေးဘူး ဟု ပြည်သူ့ လွှတ်တော်နောက်ဆုံးနေ့  သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားဖူးသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များလေ့လာသုံးသပ် ဆန်းစစ်ရေးကော်မရှင် အဖွဲ့ဝင် ဦးတင်မောင်ဦးက “ဒါကတော့ လွှတ်တော် အတွင် တရားဝင်ဆွေးနွေးဖို့ ပြောတာလို့ ယူဆပါတယ် ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ လည်း ဒီဆက်သွယ်ရေး ဥပဒေ ပုဒ်မ ပြင်ဆင်ဖို့ အတွက် စိတ်ဝင်စားပါတယ်”ဟု ဆိုသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ဃအား ပြည်သူ့ သဘောထား အတိုင်း ပြင်ဆင်မည်ဟု ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များလေ့လာ သုံးသပ်ရေး ဆန်းစစ်ရေး ကော်မရှင် ဒုတိယဥက္ကဌ ၁က လွှတ်တော် အတွင်း တွင် ပြောကြားထားဖူးသည်။

ယနေ့အချိန်ထိ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ဃဖြင့် အမှု့ဖွင့်ထားမှုမှာ ၄၂မှု ရှိပြီး တရား ရင်ဆိုင်ကာ အချုပ်ကျနေသူ ၁၄ဦးရှိကြောင်း ဆက်သွယ်ရေး ဥပဒေပုဒ်မ အမြန်ဆုံးပြင်ဆင်ရေး ဦးဆောင် လှုပ်ရှားမှုကော်မတီမှ သိရသည်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*