၂ဝ၁၆ ခုနှစ် ကာလအတွင်း အထူးခြားဆုံး ဖြစ်ရပ်များ

၂ဝ၁၆ ခုနှစ် ကာလအတွင်း အထူးခြားဆုံး ဖြစ်ရပ်များ
December 28, 2016 Asian Fame

12:39 pm
၂ဝ၁၆ ခုနှစ် ကာလအတွင်း အထူးခြားဆုံး ဖြစ်ရပ်များ

2016-events၂ဝ၁၆ ခုနှစ်သည် ယခင့်ယခင်နှစ်များနှင့် မတူ။

မြန်မာနိုင်ငံ အတွက် လွန်စွာထူး ခြားသော နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ နိုင်ငံ အတွက် အကြီးမားဆုံး အပြောင်းအလဲ တစ် ရပ်ကိုလည်း ၂ဝ၁၆ ခုနှစ်တွင် တွေ့မြင်ခဲ့ရသည်။ ယင်းကား  ၂ဝ၁၅ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ မှ မွေးထုတ်ပေး လိုက်သော အရပ်သား အစိုးရသစ်ပင်ဖြစ်တော့သည်။

ထို့ကြောင့် ၂ဝ၁၆ခုနှစ်ကို မြန်မာနိုင်ငံ၏ အပြောင်း အလဲသမိုင်းအဖြစ် မှတ်တမ်းတင်မှရတော့မည်ဖြစ်သည်။

အရပ်သား အစိုးရသစ် လက်ထက် ပထမဆုံးစတင် တာဝန်ယူရသော ယင်းခုနှစ်တွင် ချောက်ချားစရာ သတင်းများ၊ စိတ် မကောင်း ဖြစ် ဖွယ် ရာ ဖြစ်ရပ်ဆိုးများ၊ ကြေကွဲဝမ်းနည်းဖွယ်ရာ ဆုံးရှုံးမှုများလည်း ဖြစ်ပေါ် ခဲ့သေးသည်။

ယင်းက နှစ်ပေါင်းများစွာအကြာ တစ်ကျော့ပြန် လည် လှုပ်ခတ်ခဲ့သော ပုဂံငလျင်ဖြစ်သည်။

ထိုမျှမကသေး သိသိသာသာ များပြားလာသော ရာဇဝတ်မှုများ (အထူးသဖြင့် သက်ငယ်မုဒိမ်းမှုများ)၊ ဒုတိယ အကြိမ် ရေဘေးနစ်မြုပ်မှု၊ တစ်ကျော့ပြန် တိုက်ပွဲ၊ ထပ်မံအကြမ်းဖက် ခံလိုက်ရသည့် ရခိုင်အရေး၊ မလေး ရှားဝန်ကြီးချုပ် ပါဝင်ဆန္ဒပြသည့် ဘင်္ဂါလီ အရေးစသည့် အဖြစ်အပျက် များပါ ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် အရေးပါပြီး မဖြစ်မနေ သိနေကြရမည့် တိုင်းပြည် အတွက် အရေးပါသော အဖြစ်အပျက်များ ကို ပေါ်ပြူလာနယူးစ် မှ ရွေးချယ်စုစည်း၍ ဖော်ပြလိုက် ရပါသည်။

ပြည်သူများ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသည့်  လွှတ်တော် အစည်းအဝေးများ

လွှတ်တော်များ ပြန်လည် စတင် ကျင်းပသည့်နေ့ များ (၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့နှင့် ၃ ရက် နေ့) ကို ပြည်သူ အားလုံးလိုလို သတိပြု စောင့်ကြည့် နေခဲ့ကြသည်။ NLD မှကိုယ်စားလှယ်အများစု ပါဝင် သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအ ဝေး ပထမဆုံးနေ့ကို ဖေဖော်ဝါရီလ ၁ ရက်နေ့က ကျင်းပခဲ့သည်။

အမျိုးသား လွှတ်တော် အစည်းအဝေး ကိုမူ ဖေ ဖော်ဝါရီလ ၃ ရက်နေ့က ကျင်းပခဲ့သည်။ ထိုအစည်း အဝေးများတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် အ မျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စား လှယ် ဦးဝင်းမြင့်နှင့် ဒုဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကရင် တိုင်းရင်း သား ဦးမန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ရခိုင်အမျိုး သားပါတီမှ ဦးအေးသာအောင် တို့ကို ရွေးချယ်တင် မြှောက်ခဲ့သည်။

ပြည်သူများ၏ အောင်ပွဲ၊  ဒေါ်အောင်ဆန်းစုကြည်၏ အောင်ပွဲ ( သို့မဟုတ် ) ၉ ဦးမြောက် သမ္မတ ဦးထင်ကျော် ( မတ်လ  ၁၅ )

ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်၏ (၉) ဦးမြောက် သမ္မတ အဖြစ် ဦးထင်ကျော်ကို မတ်လ ၁၅ ရက်နေ့က ကျင်းပခဲ့ သည့် ပြည်ထောင်စု လွှတ်တော် နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနား တွင် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။   ပြည် ထောင်စုလွှတ်တော်တွင်  လွှတ်တော် ကိုယ်စားလှယ် ၆၅၇ ဦးရှိသည့် အနက် ၄ ဦးခွင့်ယူထားသောကြောင့် တက်ရောက်ခွင့် ရှိသူ ၆၅၃ ရှိခဲ့ပြီး  ၆၅၂ ဦးမှ မဲပေး ရွေးချယ်ခဲ့ရာ ထောက်ခံမဲ ၃၆ဝ ဖြင့် ဦးထင်ကျော်က သမ္မတဖြစ်လာ ခဲ့ပြီး   ထောက် ခံမဲ ၇၉ မဲဖြင့် ဒုသမ္မတ ၂၊ ဦးမြင့်ဆွေက ထောက်ခံမဲ ၂၁၃ မဲဖြင့် ဒုသမ္မတ ၁ ဖြစ်လာခဲ့သည်။ ထိုသို့ သမ္မတ အဖြစ်  ရွေးချယ် တင်မြှောက်ခံရခြင်းနှင့် ပတ်သက်၍ ”ပြည်သူတွေက ပေးတာ။ ပြည်သူတွေရဲ့ စေတနာ မေတ္တာနဲ့ဖြစ်တာပါ။ ပြည်သူတွေရဲ့ အောင်ပွဲ ပါ အစ်မ ဒေါ်အောင်ဆန်း စုကြည် ရဲ့အောင်ပွဲ ပါ” ဟု ပြည်ထောင်စု လွှတ်တော်မှ ပြန်လည် ထွက်ခွာရာတွင် ၄င်းစီးနင်း လာသည့် ကား ပေါ်မှနေ၍ ဦးထင်ကျော် က မီဒီယာများကို ပြောကြား ခဲ့သည်။

နှစ်ဖက်ထောက်ခံသူများ အကြား ဝေဖန်မှု မြင့်တက်ခဲ့သည့် မဘသဂယက်
( ဇူလိုင်  ၁၂ )

”မဘသအဖွဲ့ မလိုအပ်တော့ဘူး”ဟု ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ပြောဆိုချက်နှင့် ပတ် သက်၍ ပြည်သူများ အကြား နှစ်ဖက်ဝေ ဖန် မှု မြင့် တက်ခဲ့သည်။
သို့သော်လည်း မဘသဂယက်သည် ဇူလိုင်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သော နိုင်ငံတော်မဟာ သံဃမဟာနာယကအဖွဲ့၏ ထုတ်ပြန်စာဖြင့် အဆုံး သတ်ခဲ့သည်။

6k3a8731သဘာဝဘေး အန္တရာယ်လ  ( သြဂုတ်လ )

သြဂုတ်လ တစ်လလုံး၏ သတင်းစာ စာမျက်နှာ များထက်ဝယ် နေရာ ယူထားခဲ့ သည့် အကြောင်းအရာ နှစ်ခုစလုံးက စိတ်မချမ်းမြေ့ ဖွယ်ရာ သတင်းများဖြစ် သည်။

ယင်းအနက် တစ်ခုမှာ ရေကြီးနစ်မြုပ်ခဲ့မှုဖြစ်သည်။ ယမန်နှစ် ၂ဝ၁၅ ခုနှစ် သြဂုတ် လ အတွင်းကလည်း ဖြစ်ခဲ့သလို ယခုနှစ်တွင် လည်း ထပ်မံဖြစ်ပွား ခဲ့ခြင်းဖြစ် ပြီး မတူညီ သည်က ၂ဝ၁၅ ခုနှစ် ကလောက် အကူအညီ အထောက်အပံ့များ အလျင် အမြန် မရ ရှိခဲ့ခြင်းဖြစ် သည်။

6k3a2281 နောက်ထပ် သတင်းက ငလျင် သတင်း ဖြစ်သည်။ ၁၉၇၅ ခုနှစ်အပြီး  နှစ်ပေါင်း ၄၁ နှစ် အကြာမှ ပုဂံ တွင် ပြန်လည် လှုပ်ခတ် ခဲ့ခြင်းဖြစ်သည်။ ချောက်မြို့၏ အနောက် ဘက် ၁၂ မိုင်ခန့် အကွာကို ဗဟိုပြု၍ အင် အား ၈ ဒသမ ၈ အဆင့်ရှိ အင် အားပြင်း ငလျင်တစ်ခု သြဂုတ် ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်က လှုပ်ခတ်ခဲ့ သည်။ ငလျင်ဒဏ်ကို မြန်မာနိုင်ငံ အနှံ့အပြားတွင် ခံစားခဲ့ကြရသည်။ ယင်း ငလျင်ကြောင့် မန္တလေးတိုင်း ဒေသကြီးတွင် သာသနိက အဆောက်အအုံ ၂၆၄ ခု ပျက်စီးခဲ့ပြီး မကွေးတိုင်း ဒေသကြီးတွင် ၂ဝ၆ ခုပျက်စီး ခဲ့သည့်အပြင် လူ ၃ ဦးပါ သေဆုံးခဲ့သည်။

dsc_5819

၂၁ ရာစု ပင်လုံ ညီလာခံ ( သြဂုတ် ၃၁ – စက်တင်ဘာ ၃ )

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ ၁၉၄၇ ခုနှစ်က ပင်လုံ အစည်းအဝေး ကျင်းပ ခဲ့ပြီးနောက် နှစ် ၇ဝ ခန့် အကြာတွင် ဗိုလ်ချုပ်အောင်ဆန်း ၏သမီးဖြစ်သူ ငြိမ်း ချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံ ညီလာခံ ကို အောင်မြင် စွာ ကျင်းပခဲ့သည်။ သြဂုတ် လ ၃၁ ရက်နေ့မှ စက်တင်ဘာ ၃ ရက်နေ့ အထိ လေးရက်ကြာ ကျင်းပခဲ့သော ညီလာခံသို့ အစိုးရ၊ လွှတ် တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၊ နိုင်ငံရေး ပါတီများနှင့် ပါဝင် သင့် ပါဝင်ထိုက်သူ များ အစုအဖွဲ့များ တက်ရောက် ခဲ့ကြသည်။ သို့သော် လည်း ညီလာခံ အစည်းအဝေး အစီအစဉ် များသည်  ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် ဟုဆို၍ ‘ဝ’ ကိုယ်စားလှယ်အဖွဲ့မှာ ညီလာခံ မှ ထွက်ခွာသွားခဲ့ သည်။

dsc08283အင်းဝ အပ်ချုပ်ဆိုင်အမှု ( စက်တင်ဘာ  ၁၉ )

စက်တင်ဘာလ အတွင်း ဖြစ်ခဲ့ သော ထူးခြားသော အဖြစ်အပျက် များအနက် တစ်နိုင်ငံလုံး အနှံ့သာမက ကမ္ဘာ့မီဒီယာ စာမျက်နှာများ ထက်သို့ပါ ပျံ့နှံ့ခဲ့သော ကိစ္စမှာ အများ သိပြီးဖြစ်သည့် အင်းဝ အပ်ချုပ်ဆိုင်အ မှု ဖြစ်သည်။ ယင်းအမှုမှာ ယခုတိုင် အနောက်ပိုင်း ခရိုင် တရား ရုံး၌ ရုံးထုတ် စစ်ဆေးနေဆဲဖြစ်သည်။ ထို ကိစ္စ နှင့်ပတ်သက်၍ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်း အပါအဝင် အဖွဲ့ဝင်အချို့ ကော် မရှင်မှ ဖယ်ရှားခံခဲ့ရသည်။

အောင်စိုးမိုးကျော် ရေယာဉ် နစ်မြုပ်မှု  ( အောက်တိုဘာ  ၁၄ )

ချင်းတွင်းမြစ် အတွင်း အောက်တိုဘာ ၁၅ ရက် နေ့ နံနက်ပိုင်းက နစ်မြုပ်ခဲ့သော အောင်စိုးမိုးကျော် ရေယာဉ် နစ်မြုပ်မှု မှာ အောက်တို ဘာလ အတွင်း ဖြစ် ပျက်ခဲ့သည့် အဖြစ်အပျက်များ အနက် ပြည်သူ လူထု စိတ်အထိခိုက် ရဆုံး ဖြစ်ရပ် တစ်ခု ဖြစ်ခဲ့သည်။ ရေယာဉ် နစ်မြုပ်မှု တွင် ဆရာ၊ ဆရာမ ၃ဝ ဦး ခန့် ပါဝင်ခဲ့သည် က ပြည်သူတို့ အကြား တွင် ပိုမို စိတ်ထိခိုက်စရာ တစ်ခု ဖြစ်ခဲ့သည်။

မောင်တော အကြမ်းဖက်ခံရမှု ( အောက်တိုဘာ  ၉ )

ရခိုင်ပြည်နယ်၊ မောင်တော နယ်စပ် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ် အပါအဝင် နယ်ခြား စောင့် ရဲတပ်ဖွဲ့သုံးခုကို အကြမ်း ဖက် စီးနင်းသူများက အောက်တိုဘာ ၉ ရက်နေ့ နံနက် အစောကြီးတွင် ဝင် ရောက်တိုက်ခိုက်ခဲ့ရာ ယင်းနေ့တွင်ပင် ရဲတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး တစ်ဦး ပျောက်ဆုံးခဲ့သည်။ မောင်တော အကြမ်းဖက်မှု ကိစ္စရပ်များနှင့် ပတ်သက်၍လည်း အ လွန်စိုးရိမ်မိကြောင်း ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်က ထုတ်ပြန်ကြေညာ ခဲ့သည်။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်ထားဖူးသော ရခိုင် ပြည်နယ်တွင် ယင်းကိစ္စရပ် ဖြစ်ပေါ်ခဲ့ခြင်းနှင့် ပတ် သက်၍ နိုင်ငံတကာမီဒီယာ အချို့နှင့် ပြည်တွင်းမီဒီယာ တစ်ခု ၏ ရေး သားဖော်ပြ မှုများမှာလည်း ဖြစ်စဉ်အမှန် နှင့် ကင်းကွာနေသည်ဟုဆိုကာ အစိုးရပိုင်း တာဝန်ရှိ သူတချို့နှင့် ပြည်သူလူထု အကြား ပြင်းထန်စွာ ဝေဖန် ခဲ့ကြသည်။

ဒု-ဝန်ကြီးတစ်ဦးကို တာဝန်မှ ရပ်စဲ

၂ဝ၁၆ ခုနှစ် အတွင်း ပြည်သူ အများ စိတ်ဝင်စားခဲ့ သည့် အခြားသော ဖြစ်ရပ်များ လည်း ရှိနေပါသေးသည်။ ယင်းတို့အနက် တစ်ခုမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းဝင်းကို တာဝန်မှ ရပ်စဲလိုက်သည့် သတင်း ဖြစ် သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက် ထက်တွင် ပြည်ထောင်စု အဆင့် တာဝန်ရှိသူတစ်ဦးကို ပထမဆုံးအကြိမ် အဖြစ် ထုတ်ပယ် လိုက်ခြင်း ဖြစ် သည်။ စက်တင်ဘာလ အတွင်း ဆည်များတွင် ငါးမွေး ရန်ကိစ္စ၊ မိုးစပါး စိုက်ပျိုးပါက ဆည်ရေပေးရန် ကိစ္စ များနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူနှင့် သဘော ထားခြင်း မတိုက်ဆိုင်၍ စကား အချေအတင်များခဲ့သေးကြောင်း တာဝန်မှ ရပ်စဲခံရအ ပြီး မီဒီယာများနှင့် တွေ့ဆုံစဉ် ဒေါက်တာ ထွန်းဝင်း က ပြောကြားခဲ့သည်။

ပုဒ်မ ၆၆

အခြားသော ၂ဝ၁၆ ခုနှစ် အတွင်း သိသာထင်ရှား လာသည့်ကိစ္စမှာ ပြီးခဲ့သည့် အစိုးရ လက်ထက်က တည်းက ထင်ရှားခဲ့ပြီး ဖြစ်သည့် ဆက် သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူ ခံရမှုများပင် ဖြစ်သည်။ ၂ဝ၁၆ ခုနှစ်တွင် ပြီးခဲ့သည့် ၂ဝ၁၅ နှောင်းပိုင်း အတွင်း က ဆက်သွယ်ရေး ဥပဒေ ပုဒ်မဖြင့် ဖမ်း ဆီး တရားစွဲဆိုခြင်းခံရသောသူများအားလုံး နီးပါး အပြီးသတ် အပြစ်ဒဏ် အသီးသီးချမှတ်ခံခဲ့ရ သည်။ ယခင်က အစိုးရပိုင်းနှင့် တပ်မတော် မှ တာ ဝန်ရှိသူများကို ပုတ်ခတ် စော်ကားလျှင်သာ ဖမ်းဆီးအ ရေးယူခဲ့ရာမှ ၂ဝ၁၆ ခုနှစ် အတွင်းတွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ကို အသုံးပြု၍ တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုထားသော အမှုပေါင်း ၄၅မှု ရှိခဲ့ကာ ယင်း အထဲတွင် ပြည်သူ အချင်းချင်း တရားစွဲဆိုသော အမှု များလည်း ပါဝင်လာခဲ့သည်။

img_7258ကိုဖီအာနန်ကို ကော်မရှင် ဥက္ကဋ္ဌခန့်

၂ဝ၁၆ ခုနှစ်တွင် ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးဟောင်း  ငြိမ်းချမ်းရေး နို ဘယ် ဆုရှင် မစ္စတာ ကိုဖီအာနန် သည် မြန်မာနိုင်ငံသို့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ရောက်ရှိ လာခဲ့ပြီး ရခိုင်ပြည်နယ် သို့ သွားရောက် လေ့လာခဲ့သည့် သတင်း ကလည်း လူအများ စိတ်ဝင်စားခဲ့သည့် သတင်း တစ် ပုဒ်ဖြစ်ခဲ့သည်။ ယင်းအကြံပေး ကော်မရှင် အနေဖြင့် တစ်နှစ်အတွင်း အစီရင်ခံစာ တစ်စောင်ကို အစိုးရထံ သို့ တင်သွင်း သွားရမည်ဖြစ်သည်။ ထိုသို့ မစ္စတာ ကိုဖီ အာနန်အား ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခြင်းနှင့် ပတ်သက် ပြီး မြန်မာပြည်တွင်း ရှိ အမျိုးသားရေး တက် ကြွ လှုပ်ရှားကြသည့် အရပ်ဘက် အဖွဲ့အစည်းများက ကန့်ကွက် ဆန္ဒပြမှု များလည်း ပြုလုပ်ခဲ့ကြသည်။

တစ်ကျော့ပြန် တိုက်ပွဲ

၂၁ ရာစု ပထမပင်လုံ ညီလာခံ အပြီးနောက် တစ် ကျော့ပြန် ဖြစ်ပွားလျက် ရှိသော ရှမ်းပြည်နယ် မြောက် ပိုင်းနှင့် ကချင်ပြည်နယ် တို့မှ တပ်မတော်နှင့် ပြည်တွင်း လက်နက်ကိုင် တပ်ဖွဲ့များ၏ တိုက်ပွဲ သတင်းများ ကလည်း ၂ဝ၁၆ ခုနှစ် ၏ နှောင်းပိုင်း စာမျက်နှာများ ထက်နေရာ ယူခဲ့ကြသည်။ ထို့အတူ စစ်ပွဲများရပ်တံ့ရေး နှင့် ပင်လုံညီလာခံကို ထောက်ခံသော ဆန္ဒထုတ်ဖော် မှုများစွာလည်း ရန်ကုန် အပါ အဝင် မြို့ကြီးအတော် တော် များများ၌ ပြုလုပ် ခဲ့ကြသကဲ့သို့ တပ်မတော်ကို ထောက်ခံသော ဆန္ဒ ထုတ်ဖော်ပွဲ များလည်း ပြု လုပ်ခဲ့ ကြသည်ကို တွေ့ရသည်။

ဦးဝင်းထိန်၏ စကားများ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှု ဆောင်ကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန် ၏ပြောစကား များကိုလည်း ၂ဝ၁၆ ခုနှစ် အတွင်း ပြည် သူများအပေါ် လှုပ်ခတ်သွားစေသည့် အကြောင်း အရာများ အတွင်း ထည့်သွင်းရမည်ဖြစ်သည်။
မွန်ဝန်ကြီးချုပ်နှင့် တနင်္သာရီတိုင်း လွှတ်တော်အကြီးအကဲများ စစ်ဆေးခံရ

တိုင်တန်းမှု များအရ မွန်ဝန်ကြီးချုပ်နှင့် တနင်္သာရီတိုင်း လွှတ်တော် အကြီးအကဲနှစ်ဦး တို့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဖွဲ့ စည်းပေး သော ကော်မတီ အဖွဲ့၏ စစ်ဆေးမှုကို ခံနေရသည့် သတင်းသည် လည်း ပြည်သူ များကြား လူပြောများခဲ့သည့် သ တင်း ဖြစ်သည်။

မလေးရှား ဝန်ကြီးချုပ်

၂ဝ၁၆ ခုနှစ်၏ နောက်ဆုံး ရက်သတ္တပတ်များ အတွင်း နောက်ထပ် ပြည်သူများ စိတ်ဝင်တစား ဖြစ်ခဲ့သည့် သတင်းမှာ မလေးရှား နိုင်ငံ ဝန်ကြီး ချုပ်၏ မြန်မာနိုင်ငံ အပေါ် ပြောစကား များနှင့် မြန်မာနိုင်ငံတွင် ဘင်္ဂါလီ များကို ညှဉ်းပမ်း နှိပ်စက်နေသည်ဟုဆို၍ မလေး ရှားနိုင်ငံ တွင် ဘာသာ ရေး အဖွဲ့အစည်း များနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများက ဆန္ဒပြခဲ့ သည့် သတင်းဖြစ်သည်။ အဆိုပါ ဆန္ဒပြ ပွဲ တွင် မြန်မာနိုင်ငံ အလံကို မီးရှို့ခြင်းနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ရုပ်ပုံကို ဖိနပ်များဖြင့် နင်းနေသည့် ဓာတ်ပုံများက မြန်မာနိုင်ငံသား များ အပေါ် ဒေါသထွက်စေခဲ့သည်။

ယခုအချိန်သည် ပြောင်းလဲချိန်တန်ပြီ ဟူသော ကြွေးကြော်ချက်ဖြင့် တက်လာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ၏ အုပ်ချုပ်မှု သက် တမ်း ၉လတာကာလ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ၉ လတာ ကာလအတွင်း ကောင်းသော အဖြစ်များရှိခဲ့သကဲ့သို့ ဆိုးသော အပျက်များလည်း ရှိပေ သည်။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် ၂၁ ရာစု ပင်လုံညီ လာခံကို အောင်မြင်စွာ ကျင်းပနိုင် ခဲ့သော် လည်း တစ်ကျော့ပြန် တိုက်ပွဲများ ကြောင့် အဆုံးအရှုံး များလည်း ရှိနေခဲ့သည်။ အမေရိ ကန် ပြည်ထောင်စု မှ မြန်မာနိုင်ငံ အတွက် ပိတ်ဆို့ထားသည့် တပ်မတော် အစိုးရ လက်ထက်က  Sanction များကို ယခု အစိုးရ လက်ထက် ဖွင့်ပေးလိုက်သည်။ သို့သော် တိုင်းပြည်၏ စီးပွားရေး ကျဆင်းနေကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ထားသည်။ များပြား လှသော မှုခင်းဖြစ်ရပ် များကြောင့် အစိုးရ၏ တရားဥပဒေ စိုးမိုးမှုရေး အပေါ် စွမ်းဆောင်နိုင်မှုကို  ပြည်သူများ မေးခွန်းထုတ် လျက် ရှိကြသည်။ မည်သို့ပင် ဆိုစေကာမူ ၂ဝ၁၆ ကား စာမျက်နှာ ပြည့်ခဲ့ပြီဖြစ်သည်။ နိုင်ငံအတွက် သမိုင်းဝင် အပြောင်းအလဲကြီး တစ်ရပ်ကို ယူဆောင်လာခဲ့သော ၂ဝ၁၆ သည် ဆုံးခန်း တိုင်ခဲ့ပြီဖြစ်သည်။ ကျန်ရှိ နေသေးသော စိန်ခေါ်မှုများဖြင့် ပြည်သူများနှင့် အစိုးရ အနေဖြင့်  ၂ဝ၁၇ ခုနှစ်ကို မည်သို့ သမိုင်း သစ် ရေးထိုးကြမည်လဲဆိုသည်မှာ…။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*