သဘောထားတင်းမာသူများနှင့် သူကြွယ်များဖြင့် ဝန်းရံထားမည့် ဒေါ်နယ်ထရမ့်၏ ကက်ဘိနက်

သဘောထားတင်းမာသူများနှင့် သူကြွယ်များဖြင့် ဝန်းရံထားမည့် ဒေါ်နယ်ထရမ့်၏ ကက်ဘိနက်
December 28, 2016 Asian Fame

3:12 pm
သဘောထားတင်းမာသူများနှင့် သူကြွယ်များဖြင့် ဝန်းရံထားမည့် ဒေါ်နယ်ထရမ့်၏ ကက်ဘိနက်

myat-min

ယခုကာလသည် ရွေးချယ်ခံ အမေရိကန်သမ္မတတစ်ဦးအနေဖြင့် တရားဝင်အာဏာလွှဲပြောင်းမှုမပြုမီကာလအတွင်း၌ အာဏာလွှဲပြောင်းမှု အဆင်ပြေချောမွေ့ စေရန်အလို့ငှာ အသွင်ကူးပြောင်းရေးအဖွဲ့ (Transition Team) ကို ဖွဲ့စည်းဆောင်ရွက် နေရချိန်ဖြစ်ပါသည်။ ယင်းအဖွဲ့ကိုဦးဆောင်နေသူမှာ ဒုသမ္မတလောင်းအဖြစ်ရွေးချယ် ခြင်းခံထားရသူ မစ္စတာ Mike Pence ဖြစ်ပါသည်။ ၎င်းသည် အသက် ၅၇ နှစ် ရှိပြီဖြစ်ပြီး ယခင်က အင်ဒီယားနား မြို့ တော်ဝန်ဖြစ်ခဲ့ကာ ယခုအခါထရမ့်အစိုးရ အတွင်း ရာထူးနေရာခန့်ထားရေးကိစ္စများ နှင့်ပတ်သက်၍ အဓိက အရေးပါသည့် နေရာ၌ ရှိနေပေသည်။ သူသည် ရှေးရိုး စွဲသမားများအကြား လူကြိုက်များသူတစ်ဦး ဖြစ်ပြီး သမ္မတဟောင်း ဂျွန်အက်ဖ်က နေဒီနှင့် မာတင်လူသာကင်းတို့ကို လေးစား အားကျသူတစ်ဦးလည်းဖြစ်သည်။ ထို့ အပြင် ကိုယ်ဝန်ဖျက်ချမှုကို အပြင်းအထန်ဆန့်ကျင်သူတစ်ဦးအဖြစ် လူသိများလှပြီး အင်ဒီယားနားပြည်နယ်၌ ဥပဒေအဖြစ် ပြဋ္ဌာန်းပေးနိုင်ခဲ့ပါသည်။ ရီပတ်ဗလစ်ကန် ပါတီအတွင်းတွင် တတိယအဆင့်အမြင့် ဆုံးရာထူးဖြစ်သည့် အောက်လွှတ်တော် Republican Conference ၏ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။

သဘောထားတင်းမာသော မစ္စတာ Tom Price သည် ကျန်းမာရေးနှင့် လူမှုရေးဝန်ကြီးဌာနဝန်ကြီးအဖြစ်လျာထား ခြင်းခံရသူဖြစ်ပြီး ဂျော်ဂျီယာပြည်နယ် လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၎င်းသည် အရိုးအထူးကု ဆရာဝန်တစ်ဦးဖြစ်ကာ သမ္မတအိုဘားမား၏ ကျန်းမာရေးစောင့်ရှောက်မှု အစီအမံများကို တောက်လျောက် ဝေဖန်လာခဲ့သူဖြစ်သည်။ (၆)ကြိမ်ဆက်တိုက်လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသူ အသက် ၆၂ နှစ်အရွယ် မစ္စတာ Tom Price သည် သမ္မတအိုဘားမား၏ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ် Obamacare ကို ဖျက်သိမ်းရေးဆောင်ရွက်ရာတွင် အဓိက ဇာတ်ကောင် ဖြစ်လာပေလိမ့်မည်။

Elaine Chao သည် မစ္စတာထရမ့်၏ကက်ဘိနက်တွင် အရေးပါသော သယ်ယူ ပို့ဆောင်ရေးဝန်ကြီးအဖြစ် လျာထားခံထားရသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် ထိုင်ဝမ်တွင်မွေးဖွားခဲ့သူဖြစ်ပြီး ပထမဆုံး အာရှနွယ်ဖွား အစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်လာမည့်သူဖြစ်ပေသည်။ သမ္မတ ဘုရှ်လက်ထက် ၂ဝဝ၁ မှ ၂ဝဝ၉ အထိ Labour Department ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ အထက်လွှတ်တော်၏ လူများစု ခေါင်းဆောင် Mitch Mcconnell ၏ဇနီးဖြစ်ပြီး သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၏ လက်ထောက်အတွင်းရေးမှူးတာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။

Jeff Sessions သည် ရှေ့နေချုပ်အဖြစ် ရွေးချယ်ခြင်းခံထားရသူဖြစ်ပြီး ဥပဒေကျောင်းသားများသာမက သူနှင့်ဆုံဖူးသူတိုင်း၏ လေးစားခြင်းကိုခံရသူဖြစ်ကြောင်း မစ္စတာထရမ့်ကချီးမွမ်းပြောဆိုခဲ့ပါသည်။ မစ္စတာထရမ့်၏ မူဝါဒနှင့်အညီ အမေရိကန်နိုင်ငံ စည်းလုံးညီညွတ်စေရေး နှင့် ဥပဒေအောက်တွင် တရားမျှတမှုရှိစေရေးကို အစွမ်းကုန် ဆောင်ရွက်မည်ဟု ပြောကြားခဲ့ပါသည်။ ၎င်းသည် ၂ဝဝ၃ ခုနှစ် အီရတ်ကျူးကျော်စစ်ကို ထောက်ခံခဲ့သူဖြစ်ပြီး လူမျိုးရေး အစွဲကြီးသူတစ်ဦးအ ဖြစ် သူ၏လုပ်ငန်းသက်တမ်းတစ်လျှောက် စွပ်စွဲခံထားရသူလည်း ဖြစ်ပါသည်။

Mike Pompeo သည် CIA ထောက်လှမ်းရေး ညွှန်ကြားရေးမှူးအဖြစ်လျာထားခံထားရသူဖြစ်ပြီး သဘောထား တင်းမာသော ရီပတ်ဗလစ်ကန် လွှတ်တော်အမတ်တစ်ဦးဖြစ်ပါသည်။ အသက် ၅၂ နှစ် အ ရွယ် မစ္စတာ Pompeo သည် ပြည်နယ် အကြိုရွေးကောက်ပွဲများတွင် မစ္စတာထရမ့် ၏ ပြိုင်ဘက်ဖြစ်သူ ဖလော်ရီဒါအမတ် Marco Rubio ကို ထောက်ခံခဲ့သူတစ်ဦး ဖြစ်ပါသည်။ သမ္မတအိုဘားမား၏ အီရန် နျူကလီးယားစေ့စပ် ညှိနှိုင်းမှုကို ပြင်းထန် စွာဝေဖန်ခဲ့သူဖြစ်ပြီး ဂွာတာနာမိုအကျဉ်း စခန်းပိတ်သိမ်းရေးကို ဆန့်ကျင်ခဲ့သူဖြစ်ပါသည်။

General Micheal Flynn သည် သဘောထားတင်းမာသူဖြစ်ပြီး အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ခန့်အပ်ရန် လျာထားခြင်းခံရသူဖြစ်သည်။ ၎င်းသည် အသက် ၅၇ နှစ်ရှိပြီဖြစ်ပြီး ကြယ်သုံးပွင့်အဆင့် ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ အမေရိကန်တပ်မတော် ထောက်လှမ်းရေးအေဂျင်စီ၏ ညွှန် ကြားရေးမှူးအဖြစ် ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော်လည်း အစွန်းရောက် အစ္စလာမ် (Radical Islam) နှင့် ပတ်သက်၍ ၎င်း၏ သဘော ထားအမြင်များကြောင့် တာဝန်မှ ရပ်စဲခြင်းခံခဲ့ရသူဖြစ်သည်။ ထို့အပြင် ”အစွန်းရောက် အစ္စလာမ်များနှင့် ၎င်း၏မဟာ မိတ်များအပေါ်ဆင်နွှဲနေသော ကမ္ဘာလုံး ဆိုင်ရာစစ်ပွဲကို ကျွန်ုပ်တို့မည်ကဲ့သို့ အနိုင်ယူမည်နည်း”(The Field of Fight- How we can win the global war against Radical Islam and Its allies) ဟူသော စာအုပ်ကို ထုတ်ဝေခဲ့သူလည်းဖြစ်သည်။ ၎င်းသည် ဒီမိုကရက်တစ်ပါတီအား ဘဝတစ်လျှောက်လုံး ထောက်ခံခဲ့သူဖြစ်သော်လည်း ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်အား အကျဉ်းချထားသင့်သည်ဟု ပြောဆိုခဲ့သူဖြစ်သည်။ ၎င်းသည် IS စစ်သွေြး<ွကများကိုတိုက်ခိုက်ရာ၌ ရုရှား နိုင်ငံနှင့် ပိုမိုပူးပေါင်းလိုသူဖြစ်ပြီး ၎င်းအား ရုရှားနိုင်ငံပိုင် RT သတင်းဌာန၏ သတင်းကြေညာမှုတွင် မကြာခဏမြင်တွေ့နေရမှုအတွက် ဝေဖန်ခံခဲ့ရသူလည်းဖြစ်သည်။

Reince Priebus သည် အိမ်ဖြူတော် အကြီးအကဲအဖြစ် ခန့်အပ်ခံရမည့်သူဖြစ်သည်။ အသက် ၄၄ နှစ်သာ ရှိသေးသော မစ္စတာ Priebus သည် အစိုးရအမှုထမ်း အဖြစ် ဆောင်ရွက်ဖူးခြင်းမရှိသည့်အပြင် အိမ်ဖြူတော်မူဝါဒဆိုင်ရာများကို ဆောင်ရွက်ခဲ့ဖူးခြင်းလည်း မရှိသေးပါ။ သို့သော် ၎င်းသည် ဥပဒေပြုရေးဆိုင်ရာကဏ္ဍများတွင် ဦးစီးဦးဆောင်ပြုနေသော အောက်လွှတ်တော်ဥက္ကဋ္ဌ Paul Ryan နှင့် အလွန်ရင်းနှီးသူတစ်ဦး ဖြစ်ပေသည်။Nikki Haley သည် ကုလသမဂ္ဂဆိုင် ရာ အမေရိကန်သံအမတ်ကြီးအဖြစ်လျာထားခံထားရသူဖြစ်သည်။ မစ္စတာထရမ့်ကို မထောက်ခံမီ ပါတီတွင်းရွေးကောက်ပွဲများ၌ ဖလော်ရီဒါအမတ် Marco Rubio နှင့် တက္ကဆက်ပြည်နယ်အမတ် Ted Cruz တို့ကို ထောက်ခံခဲ့သူဖြစ်သည်။ အိန္ဒိယ-အ မေရိကန်နွယ်ဖွား အသက် ၄၄ နှစ်အရွယ် သူမသည် လူမျိုးရေးပဋိပက္ခများအစဉ်ဖြစ် နေသော တောင်ကာရိုလိုင်းနားပြည်နယ်၏ ပထမဆုံးအမျိုးသမီးအုပ်ချုပ်ရေးမှူး ဖြစ်ခဲ့ပါသည်။ ကမ္ဘာ့ဇာတ်ခုံတွင် အမေရိကန်တို့ကို ကိုယ်စားပြုမည့် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာလိမ့်မည်ဟု မစ္စတာထရမ့်က ချီးကျူးပြောဆိုခဲ့ပါသည်။

Besty Devos သည် အသက် ၅၈ နှစ် ရှိပြီဖြစ်ပြီး ပညာရေးဝန်ကြီးအဖြစ် လျာထားခြင်းခံရသော အမျိုးသမီးတစ်ဦး ဖြစ်ပါသည်။ ပြီးခဲ့သည့် မတ်လအတွင်းပြုလုပ်ခဲ့ သော အင်တာဗျူးတစ်ခုတွင် သူမက မစ္စတာထရမ့်သည် ရီပတ်ဗလစ်ကန်ပါတီကို ကိုယ်စားမပြုသောသူစိမ်းတစ်ဦးသာဖြစ်သည်ဟု ဝေဖန်ခဲ့သော်လည်း ယခုအခါ တွင် အဆိုပါရာထူးအား လက်ခံကြောင်း ကြေညာခဲ့ပါသည်။ သူမသည် ရီပတ်ဗလစ် ကန်ပါတီအား ထောက်ပံ့လှူဒါန်းမှုများကို ပြုလုပ် နေသော ဘီလျံနာသြူ<ွကယ်တစ်ဦး ဖြစ်ရုံမက မစ်ချီဂန်ပြည်နယ် ရီပတ်ဗလစ်ကန် ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့ပါ သည်။ ထို့အပြင် ရီပတ်ဗလစ်ကန်ပါတီမှ ထောက်ခံအားပေးသော ကိုယ်ပိုင်အထက်တန်းကျောင်း (Charter Schools) များ၏ အဓိကအကျိုးဆောင် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါသည်။

Mitt Romney သည် မက်ဆာချူး ဆက်ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် သမ္မတ ရွေးကောက်ပွဲ၌ အိုဘားမားအား ရှုံးနိမ့်ခဲ့သူ၊ ဘီလျံနာတစ် ဦးအနေဖြင့် သမ္မတဖြစ်ရန်မကိုက်ညီပါဟု ထရမ့်နှင့် ပတ်သက်၍ မှတ်ချက်ပေးခဲ့ဖူးသူတစ်ဦးဖြစ်သည်။ ယခုအခါတွင် ရွေးချယ် ခံသမ္မတဒေါ်နယ်ထရမ့်၏ထိပ်တန်း ကက် ဘိနက်အဖွဲ့ဝင်တစ်ဦးဖြစ်လာရန် အလားအလာကောင်းနေပါသည်။ ဒုသမ္မတလောင်း မစ္စတာ Pence က မစ္စတာ Romney သည် အမေရိကန်ထိပ်တန်း နိုင်ငံရေးသမားများထဲတွင် အေးဆေးတည်ငြိမ်စွာလုပ်ကိုင် ဆောင်ရွက်တတ်သူတစ်ဦးဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါသည်။

General James Mattis သည် ကာကွယ်ရေးဝန်ကြီးအဖြစ် လျာထားခြင်းခံထားရသူဖြစ်ပြီး အငြိမ်းစားမရိန်းတပ်ဗိုလ် ချုပ်ကြီးတစ်ဦးဖြစ်ပါသည်။ အသက် ၆၆ နှစ်ရှိပြီဖြစ်ပြီး သူ့အား ခွေးရူး (Mad Dog) ဟု နာမည်ပြောင်အဖြစ် ခေါ်ဝေါ်ကြပါသည်။ မစ္စတာထရမ့်က ၎င်းအား တကယ့် ဗိုလ်ချုပ်ကြီးဟု ချီးမွမ်းခဲ့ပါသည်။ မရိန်းတပ်ဖွဲ့တွင် ၄၄ နှစ်ကြာ တာဝန်ထမ်း ဆောင်ခဲ့ပြီး အီရတ်နှင့် အာဖဂန်နစ္စတန် နိုင်ငံတို့တွင် တိုက်ပွဲကြီးများဆင်နွှဲခဲ့သူဖြစ်သည်။ သောင်းကျန်းမှုနှိမ်နင်းရေး ကျွမ်းကျင်သူ ဗိုလ်ချုပ်ကြီး Mattis သည် ၂ဝဝ၄ ခုနှစ်၊ ဖလူဂျာ တိုက်ပွဲတွင် အဓိကဇာတ်ကောင် ဖြစ်ခဲ့ပါသည်။ ၂ဝ၁ဝ မှ ၂ဝ၁၃ အထိ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်၏ အကြီးအကဲဖြစ်ခဲ့ပြီး ၎င်း၏ အုပ်ချုပ်မှုအောက်တွင် အာဖရိကမှ အာရှအလယ် ပိုင်းအထိပါဝင်ပြီး အီရတ်နှင့် အာဖဂန်စစ် ဆင်ရေးအားလုံးကို ဆောင်ရွက်ခဲ့ရပါသည်။ ၂ဝ၁၃ ခုနှစ်တွင်မှ အငြိမ်းစားယူခဲ့ သော ဗိုလ်ချုပ်ကြီးအား ကာကွယ်ရေးဝန် ကြီးအဖြစ် ခန့်အပ်ခဲ့မည်ဆိုပါက စစ်သည် တစ်ဦးအနေဖြင့် စစ်ဘက်မှအငြိမ်းစားယူပြီး ၇ နှစ်ကြာမှသာ ကာကွယ်ရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခွင့်ရရမည်ဟူသော ဥပဒေကို စွန့်လွှတ်ရတော့မည့်အနေအ ထား ရှိနေပါသည်။

Steven Mnuchin သည် ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လျာထားခြင်းခံရသူဖြစ်သည်။ သူသည် ဘဏ်လုပ်ငန်းကို ပိုင်ဆိုင်သော သြူ<ွကယ်တစ်ဦးလည်း ဖြစ်ပါသည်။ ဘဏ်လုပ်ငန်းဖြင့် အပေါင်ဆုံးသော အိမ်ရာများစွာကို သိမ်းယူခြင်းဖြင့် ချမ်းသာလာ သောသူဟုလည်း လူသိများလှပါသည်။

Rex Tillerson သည် Exxon Mobile ရေနံကုမ္ပဏီကြီး၏ အမှုဆောင်အရာရှိချုပ်ဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် စိတ်ဝင်စားခြင်းခံထားရသူဖြစ်သည်။ အသက် ၆၄ နှစ်ရှိပြီဖြစ်သော မစ္စတာ Tillerson သည် အစိုးရအရာထမ်း အတွေ့အကြုံမရှိသော်လည်း နိုင်ငံပေါင်း ၅ဝ ကျော်နှင့် ရင်းနှီးလုပ်ကိုင်နေသော Exxon Mobile ရေနံကုမ္ပဏီကြီးကို စီမံ အုပ်ချုပ်နေသူဖြစ်ပြီး ရုရှားသမ္မတ ပူတင် နှင့်လည်း အလွန်အကျွမ်းဝင်သူတစ်ဦးဖြစ် ပါသည်။ ၎င်းအား နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ရန်စဉ်းစားမှုအပေါ် ဒီမိုကရက်များနှင့် ရီပတ်ဗလစ်ကန် ပါတီတွင်းမှပင် ဝေဖန်မှုများရှိနေသော်လည်း မစ္စတာ ထရမ့်က ၎င်းသည် ကုမ္ပဏီတစ်ခု၏ အမှု ဆောင်အရာရှိချုပ်ဖြစ်ရုံမကဘဲ တစ်ကမ္ဘာလုံးနှင့်ရင်းနှီးဝင်ဆံ့သူ၊ ရင်ပေါင်တန်းနိုင်သူ ကစားသမားကောင်းတစ်ဦး ဖြစ်လာလိမ့်မည်ဟု မှတ်ချက်ပေးခဲ့ပါသည်။ သို့ဖြစ်ပါ၍ မကြာတော့မည့်ကာလတွင် သမ္မတဖြစ်လာတော့မည့် မစ္စတာ ဒေါ်နယ်လ်ထရမ့်နှင့် သူ၏ ထူးခြားသော ကက်ဘိနက်အဖွဲ့ဝင်များကြောင့် ကမ္ဘာ့ နိုင်ငံရေးဇာတ်ခုံကို ပြောင်းလဲမှုတစ်စုံ တစ်ရာဖြစ်ပေါ်လာစေမည်မှာ မလွဲဧကန် ဖြစ်သည်ဟု ယူဆမိပါကြောင်း တင်ပြလိုက်ရပါသည်။

မြတ်မင်း (စက်မှု)

Trump election: The people around the president-elect
http://www.bbc.com/news/world-us-canada-37999969

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*